သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး သံတမန်နည်းနဲ့ဖြေရှင်းဖို့ ဆက်လုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာအစိုးရ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်နှင့် အတူတွေ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး (ယာ)။
မြန်မာအစိုးရ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်နှင့် အတူတွေ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး (ယာ)။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ရိုဟင်ဂျာအရေးကို ငြိမ်းချမ်းစွာနဲ့ ရေရှည်ဖြေရှင်းဖို့ မြန်မာနိုင်ငံနဲ့ရော နိုင်ငံတကာနဲ့ပါ သံတမန်နည်းလမ်းတွေနဲ့ ဆက်ပြီး ဆောင်ရွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ကလွှတ်တော်မှာ တနင်္ဂနွေနေ့က ပြောပါတယ်။

ရိုဟင်ဂျာအရေး ကြီးမားတဲ့ဖိအားပေးမှုတွေ ကြုံနေရချိန်မှာ သူတို့ကို နေရပ်ရင်း ပြန်ပို့ရေးစလုပ်ဖို့ ၂ နိုင်ငံကြားဆွေးနွေးရေးအတွက် မြန်မာဘက်က စတင်ပြောဆိုလာတာ ဖြစ်ပြီး ပြန်ပို့ရေးအစီစဉ်ကို မနှစ်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဘင်္ဂလာဒေ့ရှ်ဘက်က သဘောတူ လက်မှတ်ရေးထိုးခဲ့တယ် လို့လည်း ပြောပါတယ်။

Cox’s Bazar တနေရာထဲမှာတင် သြဂုတ်လ နောက်ပိုင်း ရောက်လာတဲ့ ဒုက္ခသည်က ၆ သိန်း ၈ သောင်းကျော်ရှိပြီး ဒီအထဲမှာ ကလေးသူငယ်က ၅၈% ပါနေတာမို့ ဆယ်စုနှစ်အတွင်း ဒေသတွင်း ဒုက္ခသည်ရွှေ့ပြောင်းအခြေချမှု အများဆုံး ဖြစ်နေတာပါ။

အစီအစဉ်အရ ၂ နှစ်အတွင်း အပြီးလုပ်ဆောင်ရမယ့် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ဇန်နဝါရီလထဲမှာ စတင်ရမှာ ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က အခုထိမစတင်နိုင်သေးပါဘူး။

နေရပ်ရင်း ပြန်ပို့ရေးသဘောတူညီချက် ရအောင် လုပ်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် ရခိုင်ပြည်နယ်တွင်းမှာ အခုထိ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာတွေ့ရတယ်လို့ ကုလသမဂ္ဂ UNICEF အဖွဲ့ လက်ထောက် အမှုဆောင်ဒါရိုက်တာ Justin Forsyth ကပြောပါတယ်။

တချိန်ထဲမှာပဲ တောင်ကိုရီးယားအစိုးရက ကုလသမဂ္ဂ ဒုက္ခသည်ကူညီရေးအဖွဲ့ UNHCR နဲ့ UNICEF အဖွဲ့တွေကနေ တဆင့် ဒီဒုက္ခသည် တွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၁.၄ သန်း ပေးမှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့မှာပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ အရင်ကလည်း နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများ ဆိုင်ရာ IOM အဖွဲ့နဲ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ UNFPA ကနေတဆင့် ဒေါ်လာ ၂ သန်းပေးလှုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG