သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ဒုကၡသည္အေရးေၾကာင့္ တည္ၿငိမ္မႈထိခိုက္မွာ ဘဂၤလားေဒ့ရွ္စိုးရိမ္


ရိုဟင္ဂ်ာ ဒုကၡသည္စခန္းတြင္း မီးေလာင္ေနတဲ့ ျမင္ကြင္း (ဓာတ္ပံု - U Aye Lwin - ဇန္နဝါရီ ၁၄၊ ၂၀၂၁)

ဘဂၤလားေဒရွ္႕ ႏိုင္ငံက လူထူထပ္လွတဲ႔ စခန္းေတြမွာ႐ိုဟင္ဂ်ာ ဒုကၡသည္ ၁ သန္းေက်ာ္ၾကာရွည္ ေနထိုင္ေနၾကတာဟာ လံုျခံဳေရးနဲ႔ တည္ၿငိမ္ေရးဆိုင္ရာ အေလးအနက္ စိုးရိမ္စရာတခု ျဖစ္လာေနၿပီလို႔ ဘဂၤလားေဒရွ္႕ ၀န္ႀကီးခ်ဳပ္က တနလာၤေန႔မွာ ေျပာဆိုလိုက္ပါတယ္။ သူတို႔ ၾကံဳေတြ႕ေနရတဲ႔ ဒုကၡေတြ အျပင္ အခုလိုၾကာရွည္ ေနထိုင္ေနၾကရတာေၾကာင့္ ဘဂၤလားေဒရွ္႕ရဲ႕ စီးပြားေရး၊ သဘာ၀ ပတ္၀န္းက်င္၊ လံုျခံဳေရးနဲ႔ လူထု ႏိုင္ငံေရး တည္ၿငိမ္မႈ အေပၚမွာ ဆိုးဆိုးရြားရြား သက္ေရာက္ေစတယ္လို႔ ဘဂၤလားေဒရွ္႕ ၀န္ႀကီးခ်ဳပ္ Sheikh Hasina က အင္ဒိုပစိဖိတ္ ေဒသတြင္း ၂၄ ႏိုင္ငံက စစ္ဘက္ အရာရွိႀကီးေတြရဲ႕ ၃ ရက္ၾကာ ေဆြးေႏြးပြဲ ဖြင့္ပြဲမွာ ေျပာဆိုခဲ႔တာပါ။
အင္ဒိုပစိဖိတ္ စစ္တပ္မ်ား စီမံခန္႔ခြဲမႈ ဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲကိုေတာ့ ဘဂၤလားေဒရွ္႕ စစ္တပ္နဲ႔ အတူ အေမရိကန္ကလည္း ပူးတြဲ ဦးေဆာင္ က်င္းပတာ ျဖစ္ပါတယ္။ ေဆြးေႏြးပြဲ ပါ၀င္တဲ႔ ႏိုင္ငံေတြက စစ္တပ္ေတြကေတာ့ သဘာ၀ေဘးဒဏ္ စီမံခန္႔ခြဲမႈ၊ ႏိုင္ငံျဖတ္ေက်ာ္ ရာဇ၀တ္မႈမ်ား၊ လံုျခံဳေရး ကိစၥ၊ အမ်ိဳးသမီးမ်ား စြမ္းရည္ ျမႇင့္တင္ေရးတို႔ကို ေဆြးေႏြးၾကၿပီး ဘဂၤလားေဒရွ္႕ ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြကေန ထြက္ေျပးလာၾကတဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္မ်ာ ကိစၥကို အထူး အေလးထားၿပီး ေဆြးေႏြးပါတယ္။
အေမရိကန္၊ ကေနဒါ၊ ၾသစေၾတးလ်၊ ဂ်ပန္၊ အင္ဒိုနီးရွား၊ အိႏၵိယ၊ တ႐ုတ္နဲ႔ ဗီယက္နမ္ အပါအ၀င္ ေဆြးေႏြးပြဲ တက္ေရာက္သူေတြကေတာ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ အေျခအေနကို ကိုယ္တိုင္ ေတြ႕ျမင္ သိရွိႏိုင္ေရး ဒုကၡသည္ စခန္းေတြကို သြားေရာက္ၾကမွာ ျဖစ္ေၾကာင္း ဘဂၤလားေဒရွ္႕ စစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး S.M. Shafiuddin Ahmed က ေျပာပါတယ္။ ဒုကၡသည္ ျပႆနာရဲ႕ အတိမ္အနက္နဲ႔ ျမန္မာႏိုင္ငံကို ျပန္လည္ ပို႔ေဆာင္ႏိုင္ေရး လိုအပ္ရတဲ႔ အေၾကာင္းရင္းကို ရွင္းရွင္းလင္းလင္း သိရွိသြားေရး အတြက္ စစ္တပ္ ေခါင္းေဆာင္ေတြကို ေကာဇ္ဘဇားက ဒုကၡသည္ စခန္းေတြကို ေခၚေဆာင္ ျပသမွာ ျဖစ္တယ္လို႔လည္း ဘဂၤလားေဒရွ္႕ စစ္တပ္အႀကီးအကဲက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ဘင်္ဂလားဒေရှ့် နိုင်ငံက လူထူထပ်လှတဲ့ စခန်းတွေမှာရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်ကြာရှည် နေထိုင်နေကြတာဟာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာ အလေးအနက် စိုးရိမ်စရာတခု ဖြစ်လာနေပြီလို့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။ သူတို့ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပြင် အခုလိုကြာရှည် နေထိုင်နေကြရတာကြောင့် ဘင်္ဂလားဒေရှ့်ရဲ့ စီးပွားရေး၊ သဘာ၀ ပတ်ဝန်းကျင်၊ လုံခြုံရေးနဲ့ လူထု နိုင်ငံရေး တည်ငြိမ်မှု အပေါ်မှာ ဆိုးဆိုးရွားရွား သက်ရောက်စေတယ်လို့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina က အင်ဒိုပစိဖိတ် ဒေသတွင်း ၂၄ နိုင်ငံက စစ်ဘက် အရာရှိကြီးတွေရဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲ ဖွင့်ပွဲမှာ ပြောဆိုခဲ့တာပါ။
အင်ဒိုပစိဖိတ် စစ်တပ်များ စီမံခန့်ခွဲမှု ဆိုင်ရာ နှီးနှောဖလှယ်ပွဲကိုတော့ ဘင်္ဂလားဒေရှ့် စစ်တပ်နဲ့ အတူ အမေရိကန်ကလည်း ပူးတွဲ ဦးဆောင် ကျင်းပတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ ပါဝင်တဲ့ နိုင်ငံတွေက စစ်တပ်တွေကတော့ သဘာဝဘေးဒဏ် စီမံခန့်ခွဲမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လုံခြုံရေး ကိစ္စ၊ အမျိုးသမီးများ စွမ်းရည် မြှင့်တင်ရေးတို့ကို ဆွေးနွေးကြပြီး ဘင်္ဂလားဒေရှ့် နိုင်ငံကတော့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်မျာ ကိစ္စကို အထူး အလေးထားပြီး ဆွေးနွေးပါတယ်။
အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ဗီယက်နမ် အပါအဝင် ဆွေးနွေးပွဲ တက်ရောက်သူတွေကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အခြေအနေကို ကိုယ်တိုင် တွေ့မြင် သိရှိနိုင်ရေး ဒုက္ခသည် စခန်းတွေကို သွားရောက်ကြမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး S.M. Shafiuddin Ahmed က ပြောပါတယ်။ ဒုက္ခသည် ပြဿနာရဲ့ အတိမ်အနက်နဲ့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်နိုင်ရေး လိုအပ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိရှိသွားရေး အတွက် စစ်တပ် ခေါင်းဆောင်တွေကို ကောဇ်ဘဇားက ဒုက္ခသည် စခန်းတွေကို ခေါ်ဆောင် ပြသမှာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေရှ့် စစ်တပ်အကြီးအကဲက ပြောပါတယ်။

XS
SM
MD
LG