သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး နှောင့်နှေးမှု မြန်မာကို ဘင်္ဂလားဒေ့ရှ် အပြစ်တင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က Balukhali ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊ ၂၀၁၈)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က Balukhali ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊ ၂၀၁၈)

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ မြန်မာနိုင်ငံဘက်က ပြန်ခေါ်ဖို့ လိုလိုလားလား မရှိသလို ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပြန်ပို့ရေး အစီအစဉ်ကို ကန့်ကွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဝေဖန်လိုက်ပါတယ်။

မြန်မာဘက်က ဘယ်လိုပုံစံမျိုးနဲ့မှ ရိုဟင်ဂျာတွေကို ပြန်မခေါ်ချင်တာ ပြဿနာဖြစ်တယ်လို့ တနင်္ဂနွေညပိုင်းက လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ဝန်ကြီးချုပ် Hasina က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ ကူညီနေကြတဲ့ နိုင်ငံတကာ ထောက်ပံ့ကူညီရေးအဖွဲ့တွေကလည်း ရိုဟင်ဂျာပြဿနာကို အဆုံးမသတ်စေချင်ကြဘူးလို့ စွပ်စွဲပြောကြားပါတယ်။

Bhashan Char မှာ သူ့အဆို လှပတဲ့ နေအိမ်တွေ ဆောက်ပေးထားပေမဲ့ ဒုက္ခသည်တွေကို အဲဒီကို ပြောင်းရွှေ့မယ့်ကိစ္စအပေါ် ထောက်ပံ့ ကူညီသူတွေက ကန့်ကွက်နေကြတယ်လို့လည်း ဆိုပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ အဲဒီကျွန်းဟာ မုတ်သုန်ရာသီဆို ရေလွှမ်းတတ်တာမို့ ဒုက္ခသည်စခန်းတွေကို အဲဒီကို မပြောင်းဖို့ ကန့်ကွက်မှုတွေ ရှိပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား ဒုက္ခသည် ပြန်လည်လက်ခံရေးကို သဘောတူပြီး ၂၀၁၈ နိုဝင်ဘာလမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေဘက်က လုံခြုံရေးအာမခံချက် မရှိဘူးဆိုပြီး မြန်မာနိုင်ငံဘက်ပြန်ဖို့ ငြင်းဆန်နေကြပါတယ်။

ဒုက္ခသည် နေရပ်ပြန်ရေးအတွက် အဓိက အတားအဆီးက မြန်မာနိုင်ငံ ဖြစ်နေတယ်လို့ဆိုပြီး ဒီပြဿနာကို ဇူလိုင်လမှာ တရုတ်သမ္မတ Xi Jing-ping နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဝန်ကြီးချုပ် Sheikh Hasina က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး နှောင့်နှေးနေရတာက ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူညီချက်တွေအတိုင်း လိုက်ပါဆောင်ရွက်ခြင်း မရှိတာကြောင့် ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်ကလည်း ပြောထားဖူးပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး နှောင့်နှေးမှု မြန်မာကို ဘင်္ဂလားဒေ့ရှ် အပြစ်တင်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG