သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာစခန္း အႀကီးဆံုးစာသင္ေက်ာင္း ဘဂၤလာအာဏာပိုင္ေတြ ပိတ္


Yasmin, a Rohingya girl who was expelled from Leda High School for being a Rohingya, helps her younger sister to study in Leda camp in Teknaf, Bangladesh, March 5, 2019. REUTERS/Mohammad Ponir Hossain

႐ိုဟင္ဂ်ာ ဒုကၡသည္ေတြရဲ႕ အႀကီးဆံုး ပုဂၢလိက စာသင္ေက်ာင္းကို ပိတ္လိုက္ေၾကာင္း ဘဂၤလားေဒရွ္႕ အာဏာပိုင္တို႔က တနလာၤေန႔မွာ ေျပာပါတယ္။ ဒါဟာဆိုရင္ အေရွ႕ေတာင္ အာရွ ႏိုင္ငံတြင္းက ဒုကၡသည္ စခန္းတြင္းမွာ ေနထိုင္ေနၾကရတဲ႔ ေထာင္နဲ႔ခ်ီတဲ႔ ကေလးေတြ အတြက္ ပညာသင္ၾကားခြင့္မွာ ေနာက္ထပ္ ထိခိုက္ သက္ေရာက္မႈ ျဖစ္ပါတယ္။ AFP သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံတြင္း ၂၀၁၇ ခုႏွစ္ က စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈ ကေန ထြက္ေျပးလာတဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ ၈၅၀,၀၀၀ ေလာက္ကို ဘဂၤလားေဒရွ္႕က လက္ခံထားရၿပီး ဒါဟာဆိုရင္ လူမ်ဳိးတုန္း သတ္ျဖတ္မႈ အျဖစ္လည္း အေမရိကန္ ျပည္ေထာင္စုက ဒီသီတင္းပတ္ အတြင္းမွာဘဲ သတ္မွတ္ခဲ႔တာပါ။ ၿပီးခဲ႔တဲ႔ ဒီဇင္ဘာလက ေနာက္ပိုင္း ဘဂၤလားေဒရွ္႕ အာဏာပိုင္တို႔က ႐ိုဟင္ဂ်ာတို႔ ဖြင့္ထားတဲ႔ ေက်ာင္းေတြကို ပိတ္ေနတာမွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္းမွာေတာ့ Kayaphuri ေက်ာင္းကို ပိတ္လိုက္ပါတယ္။ ခြင့္ျပဳခ်က္ မရွိဘဲ ေက်ာင္းဖြင့္တာကေတာ့ လက္ခံႏိုင္ဖြယ္ မရွိဘူးလို႔ အမည္မေဖာ္တဲ႔ ဘဂၤလားေဒရွ္႕ အႀကီးတန္း တာ၀န္ရွိသူ တဦးက AFP ကို ေျပာပါတယ္။ ႏွစ္နဲ႔ခ်ီ ဖြင့္လာတဲ႔ ေက်ာင္းကို ႐ုတ္တရက္ႀကီး ပိတ္လိုက္တာလို႔ Kayaphuri ‌ေက်ာင္းက ေက်ာင္းအုပ္ Mohammad Showife က ေျပာပါတယ္။

"စခန္း လံုျခံဳေရး လက္နက္ကိုင္ ရဲ က ႐ုတ္တရက္ ေရာက္လာၿပီး စခန္း အုပ္ခ်ဳပ္ေရး ထံက စာေရးသား ခြင့္ျပဳခ်က္ ရွိလားလို႔ ေမးပါတယ္။ ႏႈတ္နဲ႔ ခြင့္ျပဳခ်က္ ရထားပါတယ္လို႔ သူတို႔ကို ေျပာျပပါတယ္။ ေသဆံုးသြားၿပီ ျဖစ္တဲ႔ ေခါင္းေဆာင္ Mohib Ullah က ခြင့္ျပဳခ်က္ ရေအာင္ လုပ္ခဲ႔တာ ျဖစ္ၿပီး လြန္ခဲ႔တဲ႔ ႏွစ္ေတြကလည္းက ဒီေက်ာင္းကို စခဲ႔တာပါ။ ဒီသီတင္းပတ္ထဲ ေက်ာင္းကို ၀င္ၿပီး စီးနင္းတာ မတိုင္ခင္ထိ အားလံုး ေခ်ာေခ်ာေမြ႕ေမြ႕ ရွိခဲ႔ပါတယ္။"

႐ိုဟင္ဂ်ာ လူမႈ အသိုင္းအဝိုင္း ေခါင္းေဆာင္ Mohib Ullah ၿပီးခဲ႔တဲ႔ စက္တင္ဘာလ အတြင္း လုပ္ၾကံခံခဲ႔ရတာ ျဖစ္ၿပီး ဒုကၡသည္ စခန္းတြင္းက အတိုက္အခံေတြကို သတ္ျဖတ္ေနတယ္လု႔ိ ေျပာဆိုခံရတဲ႔ ႐ိုဟင္ဂ်ာ စစ္ေသြးႂကြ အဖြဲ႔ တခုရဲ႕ လက္ခ်က္လို႔ စြပ္စြဲထားပါတယ္။ ေက်ာင္းကို ပိတ္ၿပီး ပစၥည္းေတြပါ ယူသြားေၾကာင္းလည္း ေက်ာင္းအုပ္ Mohammad Showife က ေျပာပါတယ္။

"ေက်ာင္းသားေတြ အတြက္ ေမးခြန္းစာရြက္ေတြ ထုတ္ေပးဖို႔ laptop တလံုးနဲ႔ Printer တလံုးရွိခဲ႔ပါတယ္။ ညေနပိုင္းမွာ သူတို႔က အဲဒါေတြကို သိမ္းသြားပါတယ္။ ေနာက္ေန႔ေရာက္ေတာ့ သူတို႔ ျပန္ေရာက္လာၿပီး ေက်ာက္သင္ပုန္း၊ ခံုရွည္ေတြ၊ ကုလားထိုင္ေတြ အားလံုးကို သိမ္းသြားပါတယ္။ တခ်ိဳ႕ ပစၥည္းေတြကိုေတာ့ ကားနဲ႔ သယ္သြားပါတယ္။"

ေက်ာင္းဆရာေတြနဲ႔ စီးပြားေရး ေျပလည္တဲ႔ ဒုကၡသည္ မိသားစုေတြရဲ႕ ေထာက္ပံ႔မႈနဲ႔ ဖြင့္တဲ႔ ဒီပုဂၢလိက ေက်ာင္းမွာ အတန္းႀကီး ေက်ာင္းသား ၆၀၀ ေလာက္ကို ျမန္မာဘာသာနဲ႔ သင္႐ိုးၫႊန္းတမ္းကို သင္ၾကားေပးေနတာ ျဖစ္ၿပီး တခ်ိန္မွာ ဒီ ေက်ာင္းသားေတြ ဌာေနျပန္ႏိုင္ဖို႔ မွန္းထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာဘက္က ႐ိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံသလို သူတို႔ ဌာေနျပန္ႏိုင္ေရးကလည္း မေရမရ ျဖစ္ေနဆဲပါ။ ေက်ာင္း အပိတ္ခံလိုက္ရခ်ိန္မွာ အတန္းတင္ စာေမးပြဲ ေျဖေနခ်ိန္ ျဖစ္ၿပီး အခုေတာ့ လက္နက္ကိုင္ အထူးရဲတပ္ဖြဲ႔က ေက်ာင္းက ပစၥည္းေတြ အားလံုးကို သိမ္းယူသြားၿပီလို႔ အသက္ ၁၉ ႏွစ္ အရြယ္ ေက်ာင္းသား Mohannad Mosharraf က ေျပာပါတယ္။

"ေက်ာင္း ပိတ္လိုက္ေတာ့ က်ေနာ္တို႔ အခ်ိန္ေတြ အလဟႆ ျဖစ္ပါတယ္။ ဒီမွာ ထိုင္ၿပီး ေငးေနၾကတာေပါ့။ က်ေနာ္တို႔လည္း စာမသင္ႏိုင္သလို ဆရာေတြလည္း စိတ္ဆိုးေနၾကပါတယ္။ မၾကာခင္ေတာ့ ျပန္ဖြင္႔မယ္လို႔ ထင္ပါတယ္။"

"လူတိုင္းမွာ ေမွ်ာ္မွန္းခ်က္ေတြ ရွိၾကပါတယ္။ ဒီအတြက္ ပညာေရးက သိပ္ၿပီး အေရးႀကီးပါတယ္။ က်ေနာ္ က ဆရာ၀န္ ျဖစ္ခ်င္ပါတယ္။။ ဒါေပမယ့္ စာ ေကာင္းေကာင္း မသင္ရဘဲနဲ႔ေတာ႔ ၀င္ခြင္႔ေတာင္ မေအာင္ႏိုင္ပါဘူး။"

ကုလသမဂၢ ကေလး သူငယ္ ရန္ပံုေငြ အဖြဲ႔ UNICEF က စခန္းေတြ အတြင္းမွာ ေက်ာင္းေတြ ဖြင့္ေပးေနမယ့္ အသက္ ၄ ႏွစ္ကေန ၁၄ ႏွစ္ အတြင္း ကေလးေတြ အတြက္သာ ျဖစ္တာေၾကာင့္ အသက္ႀကီးပိုင္း ေက်ာင္းသားေတြ ကေတာ့ စခန္းတြင္းက ပုဂၢလိက ေက်ာင္းေတြ ဒါမွမဟုတ္လည္း အစၥလာမ္ စာသင္ေက်ာင္းေတြကို တက္ၾကရပါတယ္။ ဘဂၤလားေဒရွ္႕ အစိုးရဘက္က ဒုကၡသည္ေတြ အတြက္ ပညာေရး ၀န္ေဆာင္မႈ မေပးပါဘူး။ ရပ္ရြာ လူႀကီး Shamsul Alam ကေတာ့ ေက်ာင္းပိတ္လိုက္ရင္ ကေလးေတြ အတြက္ စိုးရိေနပါတယ္။

"ေက်ာင္းပိတ္လိုက္တာေၾကာင့့္ ကေလးေတြ အတြက္ေတာ့ ျပႆနာပါ။ သူတို႔ ေက်ာင္းမတက္ ရရင္ မေကာင္းမႈေတြမွာ ပါ၀င္ ပတ္သက္လာႏိုင္ပါတယ္။"

ဒုကၡသည္ေတြ ဦးေဆာင္တဲ႔ ေက်ာင္းေတြ ပိတ္ပင္ တားျမစ္မႈကို ခ်ိဳးေဖာက္ရင္ေတာ့ ဒုကၡသည္ေတြရဲ႕ အသိအမွတ္ျပဳ စာရြက္စာတမ္းေတြကို သိမ္းဆည္းၿပီး ကြ်န္းကို ပို႔ပစ္မယ္လို႔ ဘဂၤလားေဒရွ္႕ဘက္က ၿခိမ္းေျခာက္ေနေၾကာင္း ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္းမွာဘဲ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔ HRW က ေျပာဆိုထားပါတယ္။ ႐ိုဟင္ဂ်ာ ကေလးငယ္ေတြ အတြက္ အဓိပၸါယ္ျပည့္၀ ေလးနက္တဲ႔ ပညာေရးကို အစိုးရက အရင္ ပိတ္ပင္ၿပီးေနာက္ ႐ိုဟင္ဂ်ာေတြ တည္ေထာင္ထားတဲ႔ ေက်ာင္းေတြကို ပိတ္လာပါတယ္။ အခုေတာ့ ေက်ာင္းဆရာေတြနဲ႔ ေက်ာင္းသားေတြကို ေထာင္နဲ႔ တူတဲ႔ ကြ်န္းကို ပို႔ဖို႔ ၿခိမ္းေျခာက္ပါတယ္လို႔ HWR က Bill Van Esveld က ေျပာပါတယ္။ ဒီေၾကညာခ်က္ဟာ အေျခအျမစ္မရွိဘူးလို႔ ဘဂၤလားေဒရွ္႕ အစိုးရ တာ၀န္ရွိသူ တဦးက ေျပာဆိုလိုက္ၿပီး Bhasan Char ကြ်န္းကို ေျပာင္းေရႊ႕မႈဟာ ဆႏၵအေလ်ာက္သာ ျဖစ္တယ္လို႔ ေျပာပါတယ္။

----------------------------

ရိုဟင်ဂျာစခန်း အကြီးဆုံးစာသင်ကျောင်း ဘင်္ဂလာအာဏာပိုင်တွေ ပိတ်

ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကြီးဆုံး ပုဂ္ဂလိက စာသင်ကျောင်းကို ပိတ်လိုက်ကြောင်း ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က တနလာၤနေ့မှာ ပြောပါတယ်။ ဒါဟာဆိုရင် အရှေ့တောင် အာရှ နိုင်ငံတွင်းက ဒုက္ခသည် စခန်းတွင်းမှာ နေထိုင်နေကြရတဲ့ ထောင်နဲ့ချီတဲ့ ကလေးတွေ အတွက် ပညာသင်ကြားခွင့်မှာ နောက်ထပ် ထိခိုက် သက်ရောက်မှု ဖြစ်ပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

မြန်မာနိုင်ငံတွင်း ၂၀၁၇ ခုနှစ် က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၈၅၀,၀၀၀ လောက်ကို ဘင်္ဂလားဒေရှ့်က လက်ခံထားရပြီး ဒါဟာဆိုရင် လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ်လည်း အမေရိကန် ပြည်ထောင်စုက ဒီသီတင်းပတ် အတွင်းမှာဘဲ သတ်မှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နောက်ပိုင်း ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က ရိုဟင်ဂျာတို့ ဖွင့်ထားတဲ့ ကျောင်းတွေကို ပိတ်နေတာမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာတော့ Kayaphuri ကျောင်းကို ပိတ်လိုက်ပါတယ်။ ခွင့်ပြုချက် မရှိဘဲ ကျောင်းဖွင့်တာကတော့ လက်ခံနိုင်ဖွယ် မရှိဘူးလို့ အမည်မဖော်တဲ့ ဘင်္ဂလားဒေရှ့် အကြီးတန်း တာဝန်ရှိသူ တဦးက AFP ကို ပြောပါတယ်။ နှစ်နဲ့ချီ ဖွင့်လာတဲ့ ကျောင်းကို ရုတ်တရက်ကြီး ပိတ်လိုက်တာလို့ Kayaphuri ‌ကျောင်းက ကျောင်းအုပ် Mohammad Showife က ပြောပါတယ်။

"စခန်း လုံခြုံရေး လက်နက်ကိုင် ရဲ က ရုတ်တရက် ရောက်လာပြီး စခန်း အုပ်ချုပ်ရေး ထံက စာရေးသား ခွင့်ပြုချက် ရှိလားလို့ မေးပါတယ်။ နှုတ်နဲ့ ခွင့်ပြုချက် ရထားပါတယ်လို့ သူတို့ကို ပြောပြပါတယ်။ သေဆုံးသွားပြီ ဖြစ်တဲ့ ခေါင်းဆောင် Mohib Ullah က ခွင့်ပြုချက် ရအောင် လုပ်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တွေကလည်းက ဒီကျောင်းကို စခဲ့တာပါ။ ဒီသီတင်းပတ်ထဲ ကျောင်းကို ဝင်ပြီး စီးနင်းတာ မတိုင်ခင်ထိ အားလုံး ချောချောမွေ့မွေ့ ရှိခဲ့ပါတယ်။"

ရိုဟင်ဂျာ လူမှု အသိုင်းအဝိုင်း ခေါင်းဆောင် Mohib Ullah ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း လုပ်ကြံခံခဲ့ရတာ ဖြစ်ပြီး ဒုက္ခသည် စခန်းတွင်းက အတိုက်အခံတွေကို သတ်ဖြတ်နေတယ်လု့ိ ပြောဆိုခံရတဲ့ ရိုဟင်ဂျာ စစ်သွေးကြွ အဖွဲ့ တခုရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။ ကျောင်းကို ပိတ်ပြီး ပစ္စည်းတွေပါ ယူသွားကြောင်းလည်း ကျောင်းအုပ် Mohammad Showife က ပြောပါတယ်။

"ကျောင်းသားတွေ အတွက် မေးခွန်းစာရွက်တွေ ထုတ်ပေးဖို့ laptop တလုံးနဲ့ Printer တလုံးရှိခဲ့ပါတယ်။ ညနေပိုင်းမှာ သူတို့က အဲဒါတွေကို သိမ်းသွားပါတယ်။ နောက်နေ့ရောက်တော့ သူတို့ ပြန်ရောက်လာပြီး ကျောက်သင်ပုန်း၊ ခုံရှည်တွေ၊ ကုလားထိုင်တွေ အားလုံးကို သိမ်းသွားပါတယ်။ တချို့ ပစ္စည်းတွေကိုတော့ ကားနဲ့ သယ်သွားပါတယ်။"

ကျောင်းဆရာတွေနဲ့ စီးပွားရေး ပြေလည်တဲ့ ဒုက္ခသည် မိသားစုတွေရဲ့ ထောက်ပံ့မှုနဲ့ ဖွင့်တဲ့ ဒီပုဂ္ဂလိက ကျောင်းမှာ အတန်းကြီး ကျောင်းသား ၆၀၀ လောက်ကို မြန်မာဘာသာနဲ့ သင်ရိုးညွှန်းတမ်းကို သင်ကြားပေးနေတာ ဖြစ်ပြီး တချိန်မှာ ဒီ ကျောင်းသားတွေ ဌာနေပြန်နိုင်ဖို့ မှန်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို သူတို့ ဌာနေပြန်နိုင်ရေးကလည်း မရေမရ ဖြစ်နေဆဲပါ။ ကျောင်း အပိတ်ခံလိုက်ရချိန်မှာ အတန်းတင် စာမေးပွဲ ဖြေနေချိန် ဖြစ်ပြီး အခုတော့ လက်နက်ကိုင် အထူးရဲတပ်ဖွဲ့က ကျောင်းက ပစ္စည်းတွေ အားလုံးကို သိမ်းယူသွားပြီလို့ အသက် ၁၉ နှစ် အရွယ် ကျောင်းသား Mohannad Mosharraf က ပြောပါတယ်။

"ကျောင်း ပိတ်လိုက်တော့ ကျနော်တို့ အချိန်တွေ အလဟဿ ဖြစ်ပါတယ်။ ဒီမှာ ထိုင်ပြီး ငေးနေကြတာပေါ့။ ကျနော်တို့လည်း စာမသင်နိုင်သလို ဆရာတွေလည်း စိတ်ဆိုးနေကြပါတယ်။ မကြာခင်တော့ ပြန်ဖွင့်မယ်လို့ ထင်ပါတယ်။"

"လူတိုင်းမှာ မျှော်မှန်းချက်တွေ ရှိကြပါတယ်။ ဒီအတွက် ပညာရေးက သိပ်ပြီး အရေးကြီးပါတယ်။ ကျနော် က ဆရာဝန် ဖြစ်ချင်ပါတယ်။။ ဒါပေမယ့် စာ ကောင်းကောင်း မသင်ရဘဲနဲ့တော့ ဝင်ခွင့်တောင် မအောင်နိုင်ပါဘူး။"

ကုလသမဂ္ဂ ကလေး သူငယ် ရန်ပုံငွေ အဖွဲ့ UNICEF က စခန်းတွေ အတွင်းမှာ ကျောင်းတွေ ဖွင့်ပေးနေမယ့် အသက် ၄ နှစ်ကနေ ၁၄ နှစ် အတွင်း ကလေးတွေ အတွက်သာ ဖြစ်တာကြောင့် အသက်ကြီးပိုင်း ကျောင်းသားတွေ ကတော့ စခန်းတွင်းက ပုဂ္ဂလိက ကျောင်းတွေ ဒါမှမဟုတ်လည်း အစ္စလာမ် စာသင်ကျောင်းတွေကို တက်ကြရပါတယ်။ ဘင်္ဂလားဒေရှ့် အစိုးရဘက်က ဒုက္ခသည်တွေ အတွက် ပညာရေး ဝန်ဆောင်မှု မပေးပါဘူး။ ရပ်ရွာ လူကြီး Shamsul Alam ကတော့ ကျောင်းပိတ်လိုက်ရင် ကလေးတွေ အတွက် စိုးရိနေပါတယ်။

"ကျောင်းပိတ်လိုက်တာကြောင့် ကလေးတွေ အတွက်တော့ ပြဿနာပါ။ သူတို့ ကျောင်းမတက် ရရင် မကောင်းမှုတွေမှာ ပါဝင် ပတ်သက်လာနိုင်ပါတယ်။"

ဒုက္ခသည်တွေ ဦးဆောင်တဲ့ ကျောင်းတွေ ပိတ်ပင် တားမြစ်မှုကို ချိုးဖောက်ရင်တော့ ဒုက္ခသည်တွေရဲ့ အသိအမှတ်ပြု စာရွက်စာတမ်းတွေကို သိမ်းဆည်းပြီး ကျွန်းကို ပို့ပစ်မယ်လို့ ဘင်္ဂလားဒေရှ့်ဘက်က ခြိမ်းခြောက်နေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ပြောဆိုထားပါတယ်။ ရိုဟင်ဂျာ ကလေးငယ်တွေ အတွက် အဓိပ္ပါယ်ပြည့်၀ လေးနက်တဲ့ ပညာရေးကို အစိုးရက အရင် ပိတ်ပင်ပြီးနောက် ရိုဟင်ဂျာတွေ တည်ထောင်ထားတဲ့ ကျောင်းတွေကို ပိတ်လာပါတယ်။ အခုတော့ ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေကို ထောင်နဲ့ တူတဲ့ ကျွန်းကို ပို့ဖို့ ခြိမ်းခြောက်ပါတယ်လို့ HWR က Bill Van Esveld က ပြောပါတယ်။ ဒီကြေညာချက်ဟာ အခြေအမြစ်မရှိဘူးလို့ ဘင်္ဂလားဒေရှ့် အစိုးရ တာဝန်ရှိသူ တဦးက ပြောဆိုလိုက်ပြီး Bhasan Char ကျွန်းကို ပြောင်းရွှေ့မှုဟာ ဆန္ဒအလျောက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG