သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အထည်စက်ရုံ လုပ်သားတွေ သောက်ရေမသန့်လို့ ဒုက္ခရောက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတစ်ရုံမှာ မသန့်ရှင်းတဲ့ရေ သောက်သုံးမိတဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေကို ဆေးရုံပို့ပေးခဲ့ရပါတယ်။

ဆွယ်တာစက်ရုံမှာ အနည်းဆုံး အလုပ်သမား ၄၀၀ လောက် ဖျားနာကြတယ်လို့ ရဲက ခန့်မှန်းပါတယ်။ အလုပ်သမား အများအပြားဟာ အော့အန်ကြပြီးတဲ့နောက်မှာ ဆေးရုံတင်ခဲ့ကြရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဘာကြောင့် ဖျားနာကြရတယ် ဆိုတာကို အခုထိ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

ဧပြီလတုန်းက ဘင်္ဂလာဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံ အများအပြား တည်ထားတာ အဆောက်အဦး ပြိုကျခဲ့တဲ့အတွက် လူပေါင်း ၁ ထောင့် ၁ ရာကျော် သေဆုံးခဲ့ရတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတွေရဲ့ အလုပ်ခွင်အန္တရာယ် ကင်းရှင်းရေး နဲ့ ပတ်သက်ပြီး ထောက်ပြစရာတွေ ဖြစ်လာခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အထည်ချုပ်လုပ်ငန်းကနေ နှစ်စဉ်ဝင်ငွေ ဒေါ်လာဘီလျံ ၂၀ ပေးနေပြီး ဒါဟာ နိုင်ငံ့ဝင်ငွေရဲ့ ရာနှုန်း ၈၀ ဖြစ်ပါတယ်။
XS
SM
MD
LG