သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင်တံတိုင်း ဖြိုချမှု ငွေရတု


အရင်ဘာလင်တံတိုင်းရှိခဲ့ရာ Brandenburg ဂိတ်မှာ အလင်းမီးပေါင်း ၈ ထောင် ထွန်းပြီး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပစဉ်။ (နိုဝင်ဘာ ၇၊ ၂၀၁၄)
အရင်ဘာလင်တံတိုင်းရှိခဲ့ရာ Brandenburg ဂိတ်မှာ အလင်းမီးပေါင်း ၈ ထောင် ထွန်းပြီး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပစဉ်။ (နိုဝင်ဘာ ၇၊ ၂၀၁၄)

နိုဝင်ဘာလ ၉ ရက် တနင်္ဂနွေနေ့ဟာ ဂျာမဏီနိုင်ငံက ဘာလင်တံတိုင်းကြီး ဖြိုချခဲ့တဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ အင်အားကြီး နိုင်ငံတွေကြား ကွဲပြားမှုတွေ ဆက်ပြီးတွေ့နေရတယ်လို့ သတိပေးရင်း လက်ရှိနိုင်ငံ့ခေါင်းဆောင်တွေကရော အရင်ခေါင်းဆောင်ဟောင်းကြီးတွေကပါ ဒီအထိမ်းအမှတ်နေ့ကို ကျင်းပဖို့ ပြင်နေကြပါတယ်။

ယူကရိန်းနိုင်ငံနဲ့ ပတ်သက်တဲ့ ရုရှားရဲ့ လုပ်ဆောင်ချက်တွေဟာ ဥရောပတိုက်တတိုက်လုံး လွတ်လပ်ပြီး ငြိမ်းချမ်းမှုရှိအောင် လုပ်စရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို သတိပေးနေသလိုပဲလို့ အမေရိကန်သမ္မတ Barack Obama က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဘာလင်တံတိုင်းကြီးဟာ ဂျာမဏီနိုင်ငံရဲ့ မြို့တော်ကို ၂ ပိုင်း ပိုင်းခဲ့တာဖြစ်ပြီး ဒါဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီး အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေကတဘက် ဆိုဗီယက်ပြည်ထောင်စုက တဘက် ဖြစ်ခဲ့တဲ့ စစ်အေးခေတ်ရဲ့ ပြယုဂ်တခုဖြစ်ပါတယ်။

အခုလက်ရှိ ကမ္ဘာမှာလည်း စစ်အေးခေတ်သစ်တမျိုးနဲ့ ရင်ဆိုင်ရမယ့် အနေအထား ဖြစ်နေတယ်လို့ အရင် ဆိုဗီယက်ခေါင်းဆောင် Mikhail Gorbachev က စနေနေ့က ပြောကြားလိုက်သလို တချို့ကတော့ အခုတောင် အဲဒီ စစ်အေးခေတ်သစ်ထဲ စဝင်နေပြီလို့ သုံးသပ်သူတွေလည်း ရှိနေတာပါ။

ဥရောပက သွေးထွက်သံယိုမှုတွေနဲ့ အရှေ့အလယ်ပိုင်းဒေသ ပြဿနာအတွက် အင်အားကြီးနိုင်ငံတွေကြား ဆွေးနွေးမှုတွေ မအောင်မမြင် ဖြစ်နေတာဟာ သိပ်ကို စိုးရိမ်စရာဖြစ်နေတယ်လို့ ဘာလင်တံတိုင်းဖြိုချခဲ့တဲ့ နှစ်ပတ်လည်နေ့အခမ်းအနားမှာ မစ္စတာ ဂေါ်ဗာချော့ဗ်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG