သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကပ္ေဘးအကန႔္အသတ္ၾကား Bethlehem ခရစၥမတ္ပြဲေတာ္ က်င္းပ


Church of Nativity မွာ က်င္းပတဲ့ သန္းေခါင္ယံ မစၦားဆုေတာင္းပြဲ တက္ေရာက္ၾကသူမ်ား။ (ဒီဇင္ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

သခင္ေယ႐ႈ ေမြးဖြားရာ Bethlehem ၿမိဳ႕မွာ ခရီးသြားလာခြင့္ ဒုတိယႏွစ္အျဖစ္ ကန႔္သတ္ထားေပမယ့္ ခရစၥမတ္ပြဲေတာ္ကို ေဒသခံေတြက က်င္းပခဲ့ၾကပါတယ္။

မႏွစ္တုန္းကေတာ့ အင္တာနက္ကေနပဲ လုပ္ခဲ့ရေပမယ့္ ဒီႏွစ္မွာေတာ့ လူအမ်ား ပါဝင္ ဆင္ႏႊဲႏိုင္ၾကတယ္လို႔ ၿမိဳ႕ေတာ္ဝန္ Anton Salman က ေအပီသတင္းဌာနကို ေျပာပါတယ္။

ကိုဗစ္မျဖစ္ခင္ ခရစၥမတ္ေန႔ဆိုရင္ သမၼာက်မ္းစာဝင္ ၿမိဳ႕ကေလးကို ကမာၻတဝန္းက လာေရာက္ၾကတဲ့ ခရီးသည္က ပ်မ္းမွ် ၃ သန္း ရွိပါတယ္။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ လူနည္းနည္းနဲ႔ပဲ ဆင္ႏႊဲၾကရတာပါ။ လမ္းေတြေပၚမွာ ႐ိုးရာအတိုင္း တီးမႈတ္ကခုန္ၾကပါတယ္။

ေယ႐ႈဖြားျမင္ခဲ့ရာ အထိမ္းအမွတ္အျဖစ္ တည္ထားတဲ့ ခရစ္ေတာ္ ဖြားေတာ္မူျခင္း ဘုရားေက်ာင္း Church of Nativity မွာ သန္းေခါင္ယံ မစၦားဆုေတာင္းပြဲ က်င္းပခဲ့ပါတယ္။ မႏွစ္တုန္းကနဲ႔ ယွဥ္လိုက္ရင္ေတာ့ ဆုေတာင္းပြဲလာသူ အမ်ားႀကီး ပိုမ်ားတယ္လို႔ ဘုန္းေတာ္ႀကီးက ဆုေတာင္းဝတ္ျပဳၾကတဲ့ ေဒသခံေတြကို ေျပာပါတယ္။

ႏိုင္ငံျခားက လာေရာက္ ဆုေတာင္းဝတ္ျပဳလိုသူေတြကေတာ့ ခရီးသြားလာခြင့္ ပိတ္ပင္ထားတဲ့အတြက္ မတက္ေရာက္ႏိုင္ၾကပါဘူး။ ဝတ္ျပဳၾကသူေတြက ႏွာေခါင္းစည္း တပ္ထားၾကတာပါ။

ခုလို ကပ္ေဘးႀကီး မၾကာမီ ၿပီးဆုံးသြားၿပီး Bethlehem မွာ ကမၻာ့ဘုရားဖူးေတြနဲ႔ ျပည့္ေနပါေစေၾကာင္း ဆုေတာင္းခဲ့တယ္လို႔ ဘုန္းေတာ္ႀကီး Pierbattista Pizzaballa က ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကပ်ဘေးအကန့်အသတ်ကြား Bethlehem ခရစ္စမတ်ပွဲတော် ကျင်းပ

သခင်ယေရှု မွေးဖွားရာ Bethlehem မြို့မှာ ခရီးသွားလာခွင့် ဒုတိယနှစ်အဖြစ် ကန့်သတ်ထားပေမယ့် ခရစ္စမတ်ပွဲတော်ကို ဒေသခံတွေက ကျင်းပခဲ့ကြပါတယ်။

မနှစ်တုန်းကတော့ အင်တာနက်ကနေပဲ လုပ်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ လူအများ ပါဝင် ဆင်နွှဲနိုင်ကြတယ်လို့ မြို့တော်ဝန် Anton Salman က အေပီသတင်းဌာနကို ပြောပါတယ်။

ကိုဗစ်မဖြစ်ခင် ခရစ္စမတ်နေ့ဆိုရင် သမ္မာကျမ်းစာဝင် မြို့ကလေးကို ကမ္ဘာတဝန်းက လာရောက်ကြတဲ့ ခရီးသည်က ပျမ်းမျှ ၃ သန်း ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လူနည်းနည်းနဲ့ပဲ ဆင်နွှဲကြရတာပါ။ လမ်းတွေပေါ်မှာ ရိုးရာအတိုင်း တီးမှုတ်ကခုန်ကြပါတယ်။

ယေရှုဖွားမြင်ခဲ့ရာ အထိမ်းအမှတ်အဖြစ် တည်ထားတဲ့ ခရစ်တော် ဖွားတော်မူခြင်း ဘုရားကျောင်း Church of Nativity မှာ သန်းခေါင်ယံ မစ္ဆားဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ မနှစ်တုန်းကနဲ့ ယှဉ်လိုက်ရင်တော့ ဆုတောင်းပွဲလာသူ အများကြီး ပိုများတယ်လို့ ဘုန်းတော်ကြီးက ဆုတောင်းဝတ်ပြုကြတဲ့ ဒေသခံတွေကို ပြောပါတယ်။

နိုင်ငံခြားက လာရောက် ဆုတောင်းဝတ်ပြုလိုသူတွေကတော့ ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့အတွက် မတက်ရောက်နိုင်ကြပါဘူး။ ဝတ်ပြုကြသူတွေက နှာခေါင်းစည်း တပ်ထားကြတာပါ။

ခုလို ကပ်ဘေးကြီး မကြာမီ ပြီးဆုံးသွားပြီး Bethlehem မှာ ကမ္ဘာ့ဘုရားဖူးတွေနဲ့ ပြည့်နေပါစေကြောင်း ဆုတောင်းခဲ့တယ်လို့ ဘုန်းတော်ကြီး Pierbattista Pizzaballa က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

XS
SM
MD
LG