သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခရစၥမတ္အႀကိဳ ပုပ္ရဟန္းမင္းႀကီး ၀တ္ျပဳဆုေတာင္းပဲြက်င္းပ


Pope Francis celebrates Christmas Eve Mass, at St. Peter's Basilica, at the Vatican, Dec. 24, 2021.

ခရစၥမတ္အႀကိဳ ပုပ္ရဟန္းမင္းႀကီး ၀တ္ျပဳဆုေတာင္းပဲြက်င္းပ

{{Zawgyi/Unicode}}

ေယရႈခရစ္ေတာ္ေမြးဖြားခဲ့တဲ့ အထိမ္းအမွတ္အျဖစ္ က်င္းပတဲ့ Vatican နန္းေတာ္က ခရစ္စမတ္ပြဲေတာ္ကို Sistine Chapel ဘုရားေက်ာင္းက ဓမၼေတးသံေတြ သီၾကဴး ေနခ်ိန္မွာပဲ အသက္ ၈၅ ႏွစ္အရြယ္ ပုပ္ရဟန္မင္းႀကီး ဖရန္စစ္က စတင္ဖြင့္လွစ္ေပးလိုက္ပါတယ္။

ခရစၥမတ္အႀကိဳေန႔မွာ က်င္းပတဲ့ အခမ္းအနားအတြင္း ဆင္းရဲသူေတြအတြက္ ဦးစားေပး ကူညီေဆာင္ရြက္ၾကဖို႔ စိန႔္ပီတာရင္ျပင္မွာ ပရိတ္သတ္ ၂၀၀၀ ေလာက္ စုေ၀းတက္ေရာက္လာတဲ့ ေသာၾကာေန႔က ခရစ္စမတ္ အႀကိဳ၀တ္ျပဳဆုေတာင္းပြဲမွာ ပုပ္ရဟန္းမင္းႀကီးက မိန္႔ၾကားခဲ့တာပါ။

ဒီႏွစ္ ခရစၥမတ္အႀကိဳ ဆုေတာင္းပဲြကိုေတာ့ လူ ၂၀၀၀ ေလာက္သာ အကန္႔အသတ္နဲ႔ တက္ခြင့္ရခဲ့တယ္ ဆိုေပမဲ့ မႏွစ္ကထက္ေတာ့ ပိုမ်ားပါတယ္။ မႏွစ္က ၂၀၂၀ တုန္းကေတာ့ အီတလီမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ lockdown ခ်ကန္႔သတ္မႈေတြ ရွိတဲ့အတြက္ လူ ၂၀၀ ေလာက္ပဲ တက္ေရာက္ခြင့္ျပဳခဲ့တာပါ။

ဒီႏွစ္မွာေတာ့ မႏွစ္ကလို ညမထြက္ရ ကာဖ်ဴးမိန္႔ထုတ္ျပန္ထားတာလည္းမရွိပဲ ေသာၾကာ ညသန္းေခါင္ လူထုစုေဝးပြဲကို ေဒသစံေတာ္ခ်ိန္ညေန ၇ နာရီခြဲမွာ စတင္ပါတယ္။

အီတလီမွာ ေသာၾကာေန႔ တေန႔မွာပဲ ကိုဗစ္ကူးစက္သူ ၅ ေသာင္းေက်ာ္နဲ႔ စံခ်ိန္တင္ခဲ့ၿပီး ေသဆံုးသူက ၁၄၀ ေက်ာ္တဲ့အတြက္ အခုဆို ဒီကပ္ေရာဂါေၾကာင့္ ေသဆံုးရသူ စုစုေပါင္း တသိန္း ၄ ေသာင္းနီးပါး ရွိေနပါၿပီ။

ကိုဗစ္ကူးစက္မႈ တိုးလာေနတာေၾကာင့္ Vatican နန္းေတာ္ဝန္ထမ္းေတြအားလံုး ကိုဗစ္ကာကြယ္ေဆး မထိုးမေနရအမိန္႔ထုတ္ျပန္ထားပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

ခရစ္စမတ်အကြို ပုပ်ရဟန်းမင်းကြီး ဝတ်ပြုဆုတောင်းပွဲကျင်းပ

{{Unicode}}

ယေရှုခရစ်တော်မွေးဖွားခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ Vatican နန်းတော်က ခရစ်စမတ်ပွဲတော်ကို Sistine Chapel ဘုရားကျောင်းက ဓမ္မတေးသံတွေ သီကြူး နေချိန်မှာပဲ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်မင်းကြီး ဖရန်စစ်က စတင်ဖွင့်လှစ်ပေးလိုက်ပါတယ်။

ခရစ္စမတ်အကြိုနေ့မှာ ကျင်းပတဲ့ အခမ်းအနားအတွင်း ဆင်းရဲသူတွေအတွက် ဦးစားပေး ကူညီဆောင်ရွက်ကြဖို့ စိန့်ပီတာရင်ပြင်မှာ ပရိတ်သတ် ၂၀၀၀ လောက် စုဝေးတက်ရောက်လာတဲ့ သောကြာနေ့က ခရစ်စမတ် အကြိုဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့တာပါ။

ဒီနှစ် ခရစ္စမတ်အကြို ဆုတောင်းပွဲကိုတော့ လူ ၂၀၀၀ လောက်သာ အကန့်အသတ်နဲ့ တက်ခွင့်ရခဲ့တယ် ဆိုပေမဲ့ မနှစ်ကထက်တော့ ပိုများပါတယ်။ မနှစ်က ၂၀၂၀ တုန်းကတော့ အီတလီမှာ ကိုဗစ်ကပ်ရောဂါကြောင့် lockdown ချကန့်သတ်မှုတွေ ရှိတဲ့အတွက် လူ ၂၀၀ လောက်ပဲ တက်ရောက်ခွင့်ပြုခဲ့တာပါ။

ဒီနှစ်မှာတော့ မနှစ်ကလို ညမထွက်ရ ကာဖျူးမိန့်ထုတ်ပြန်ထားတာလည်းမရှိပဲ သောကြာ ညသန်းခေါင် လူထုစုဝေးပွဲကို ဒေသစံတော်ချိန်ညနေ ၇ နာရီခွဲမှာ စတင်ပါတယ်။

အီတလီမှာ သောကြာနေ့ တနေ့မှာပဲ ကိုဗစ်ကူးစက်သူ ၅ သောင်းကျော်နဲ့ စံချိန်တင်ခဲ့ပြီး သေဆုံးသူက ၁၄၀ ကျော်တဲ့အတွက် အခုဆို ဒီကပ်ရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း တသိန်း ၄ သောင်းနီးပါး ရှိနေပါပြီ။

ကိုဗစ်ကူးစက်မှု တိုးလာနေတာကြောင့် Vatican နန်းတော်ဝန်ထမ်းတွေအားလုံး ကိုဗစ်ကာကွယ်ဆေး မထိုးမနေရအမိန့်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG