သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများကြိုက် နိုင်ငံရေးသမားတွေရဲ့ အန္တရာယ် ပုပ်ရဟန်းမင်းကြီး သတိပေး


ဂရိနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis. (ဒီဇင်ဘာ ၄၊ ၂၀၂၁)
ဂရိနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis. (ဒီဇင်ဘာ ၄၊ ၂၀၂၁)

(Zawgyi / Unicode)

ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ အခက်ခဲဆုံး ပြဿနာတွေအတွက် အလွယ် ဖြေရှင်းချက်တွေနဲ့ မကျေမချမ်းဖြစ်နေတဲ့ ပြည်သူတွေကို ဆွဲဆောင်နေကြတဲ့ အများကြိုက် နိုင်ငံရေးသမားတွေကြောင့် ဥရောပနဲ့ ကမ္ဘာတလွှား ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှု ဖြစ်စေတယ်လို့ ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က စနေနေ့မှာ သတိပေးလိုက်ပါတယ်။

“ဒီကနေ့ အခြေအနေတွေကို အလေးမထားလို့ မရနိုင်ပါဘူး။ ဒါဟာ ဥရောပ တခုတည်းမှာတင် မဟုတ်တော့ပါဘူး။ ဒီမိုကရေစီကနေ ဆုတ်ယုတ်လာနေတာကို မျက်မြင်တွေ့နေရပါပြီ။” လို့ သမ္မတနန်းတော်မှာ ပြောတဲ့ မိန့်ခွန်းအတွင်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း မိန့်ကြားခဲ့တာပါ။

ဒီမိုကရေစီ စတင်ထွန်းကားရာ မြေအဖြစ် အများက ရှုမြင်ကြတဲ့ ဂရိနိုင်ငံ အေသင်မြို့တော်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးက အခုလို မိန့်ကြားတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းဝင်ရောက်သူတွေနဲ့ ဒုက္ခသည်တွေအရေး အလေးထား ဆောင်ရွက်လာစေရေး တိုက်တွန်းဖို့ ရည်ရွယ်တဲ့ မြေထဲပင်လယ်ဒေသ ခရီးစဉ်အတွင်း အေသင်မြို့တော်ကို ဝင်ရောက်တာ ဖြစ်ပါတယ်။

နိုင်ငံတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို နာမည်တပ်ပြီး မပြောပေမယ့်လို့လည်း မဖြစ်နိုင်တဲ့ ကတိတွေ အများအပြားပေးပြီး အပေါ်ယံ လုပ်ရပ်တွေနဲ့ လူကြိုက်များရေး အလွန်အမင်း ကြိုးပမ်းနေကြတဲ့ နိုင်ငံရေးသမားတွေကို လူထုအနေနဲ့ သတိထားကြဖို့ ပုပ်ရဟန်းမင်းကြီးက သတိပေးပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)






XS
SM
MD
LG