သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းႀကီး အိႏၵိယႏုိင္ငံ ႂကြေရာက္မည္


ပုပ္ရဟန္းမင္းႀကီး Francis. (စက္တင္ဘာ ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယႏိုင္ငံကို အလည္အပတ္ ႂကြေရာက္ဖို႔ ဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ ဖိတ္ၾကားခ်က္ကို ပုပ္ရဟန္းမင္းႀကီး Francis က လက္ခံလိုက္ပါတယ္။

ဟိႏၵဴဘာသာဝင္ အမ်ားစုရွိရာ အိႏၵိယႏိုင္ငံကို ကက္သလစ္သာသနာပိုင္ ပုပ္ရဟန္းမင္းႀကီး ႂကြေရာက္ေရး ၂၀၁၇ ခုႏွစ္မွာ စီစဥ္ခဲ့ေပမယ့္ လက္ေတြ႔ အထမေျမာက္ခဲ့ပါဘူး။

ကမၻာ့စီးပြားေရး အင္အားႀကီး ႏိုင္ငံေပါင္း ၂၀ (G-20) အစည္းအေဝးအတြက္ အီတလီႏိုင္ငံ ေရာမၿမိဳ႕မွာ ေရာက္ေနတဲ့ အိႏၵိယဝန္ႀကီးခ်ဳပ္က ပုပ္ရဟန္းမင္းႀကီးနဲ႔ ေတြ႔ဆုံၿပီး ရင္းရင္းႏွီးႏွီး ေဆြးေႏြးခြင့္ ရခဲ့သလို အိႏၵိယကို ႂကြခ်ီဖို႔ ဖိတ္ၾကားခဲ့ေၾကာင္း Twitter လူမႈကြန္ရက္မွာ စေနေန႔က ေဖာ္ျပပါတယ္။ ဖိတ္ၾကားခ်က္ကို ပုပ္ရဟန္းမင္းႀကီးက လိုလိုလားလား လက္ခံခဲ့တယ္လို႔လည္း အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ပုပ္ရဟန္းမင္းႀကီးတပါးနဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ ႏွစ္ေပါင္း ၂၀ ေက်ာ္မွာ ပထမဆံုး ေတြ႔ဆံုမႈနဲ႔ ပတ္သက္လို႔ ဗာတီကန္ေက်ာင္းေတာ္ရဲ႕ ေၾကညာခ်က္မွာေတာ့ အေသးစိတ္ ေဖာ္ျပမထားပါဘူး။

အိႏၵိယႏုိင္ငံရဲ႕ လူဦးေရ သန္း ၁,၃၀၀ မွာ ၈၀ ရာခိုင္ႏႈန္းက ဟိႏၵဴဘာသာဝင္ေတြ ျဖစ္ၿပီး ၁ ဒသမ ၅ ရာခိုင္ႏႈန္းရွိတဲ့ သန္း ၂၀ ေလာက္က ႐ိုမန္ကက္သလစ္ ခရစ္ယာန္ေတြ ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္းႀကီး Francis ရဲ႕ ၂၀၁၇ ခုႏွစ္ အာရွခရီးစဥ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအၿပီး အိႏၵိယကို ႂကြေရာက္ဖို႔ ေသခ်ာသေလာက္ ရွိတယ္လို႔ ေျပာခဲ့ေပမယ့္ လက္ေတြ႔ေတာ့ မျဖစ္ခဲ့ပါဘူး။ အိႏၵိယဘက္ကေတာ့ ဝန္ႀကီးခ်ဳပ္ Modi အတြက္ အခ်ိန္အဆင္မေျပေၾကာင္း အေၾကာင္းျပခဲ့တာပါ။

ပုပ္ရဟန္းမင္းႀကီးရဲ႕ ၂၀၁၇ ခုႏွစ္ ခရီးစဥ္အတြင္းမွာေတာ့ အိႏၵိယကို မသြားျဖစ္ခဲ့ဘဲ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ကို ႂကြေရာက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ပုပ်ရဟန်းမင်းကြီး အိန္ဒိယနိုင်ငံ ကြွရောက်မည်

အိန္ဒိယနိုင်ငံကို အလည်အပတ် ကြွရောက်ဖို့ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်ကို ပုပ်ရဟန်းမင်းကြီး Francis က လက်ခံလိုက်ပါတယ်။

ဟိန္ဒူဘာသာဝင် အများစုရှိရာ အိန္ဒိယနိုင်ငံကို ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ကြွရောက်ရေး ၂၀၁၇ ခုနှစ်မှာ စီစဉ်ခဲ့ပေမယ့် လက်တွေ့ အထမမြောက်ခဲ့ပါဘူး။

ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံပေါင်း ၂၀ (G-20) အစည်းအဝေးအတွက် အီတလီနိုင်ငံ ရောမမြို့မှာ ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ်က ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခွင့် ရခဲ့သလို အိန္ဒိယကို ကြွချီဖို့ ဖိတ်ကြားခဲ့ကြောင်း Twitter လူမှုကွန်ရက်မှာ စနေနေ့က ဖော်ပြပါတယ်။ ဖိတ်ကြားချက်ကို ပုပ်ရဟန်းမင်းကြီးက လိုလိုလားလား လက်ခံခဲ့တယ်လို့လည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးတပါးနဲ့ အိန္ဒိယဝန်ကြီးချုပ် နှစ်ပေါင်း ၂၀ ကျော်မှာ ပထမဆုံး တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဗာတီကန်ကျောင်းတော်ရဲ့ ကြေညာချက်မှာတော့ အသေးစိတ် ဖော်ပြမထားပါဘူး။

အိန္ဒိယနိုင်ငံရဲ့ လူဦးရေ သန်း ၁,၃၀၀ မှာ ၈၀ ရာခိုင်နှုန်းက ဟိန္ဒူဘာသာဝင်တွေ ဖြစ်ပြီး ၁ ဒသမ ၅ ရာခိုင်နှုန်းရှိတဲ့ သန်း ၂၀ လောက်က ရိုမန်ကက်သလစ် ခရစ်ယာန်တွေ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ၂၀၁၇ ခုနှစ် အာရှခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြီး အိန္ဒိယကို ကြွရောက်ဖို့ သေချာသလောက် ရှိတယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့တော့ မဖြစ်ခဲ့ပါဘူး။ အိန္ဒိယဘက်ကတော့ ဝန်ကြီးချုပ် Modi အတွက် အချိန်အဆင်မပြေကြောင်း အကြောင်းပြခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးရဲ့ ၂၀၁၇ ခုနှစ် ခရီးစဉ်အတွင်းမှာတော့ အိန္ဒိယကို မသွားဖြစ်ခဲ့ဘဲ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကြွရောက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG