သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး ဗာတီကန္မွာ ပုပ္ရဟန္းမင္းႀကီးနဲ႔ ေတြ႔မည္


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken. (ဇြန္ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ ဒီကေန႔ တနဂၤေႏြေန႔ အီတလီႏိုင္ငံကို ေရာက္ရွိမွာျဖစ္ၿပီး အီတလီအစိုးရ ေခါင္းေဆာင္ေတြ၊ ပုပ္ရဟန္မင္းႀကီးတို႔အျပင္ ကမၻာ့စက္မႈဖြံ႔ၿဖိဳးၿပီးႏုိင္ငံ ၂ဝ ရဲ႕ ဝန္ႀကီးအဆင့္ အစည္းအေဝးကုိလည္း တက္ေရာက္မွာျဖစ္ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး Blinken ဟာ ေရာမၿမိဳ႕မွာ အီတလီႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ကုလသမဂၢ စားနပ္ရိကၡာအဖြဲ႔တို႔က တာဝန္ရွိသူေတြနဲ႔ ဒီကေန႔ ေတြ႔ဆုံမွာျဖစ္ပါတယ္။ အဲဒီေနာက္ မနက္ျဖန္ တနလၤာေန႔မွာ အီတလီဝန္ႀကီးခ်ဳပ္ Mario Draghi နဲ႔ သမၼတ Sergio Mattarella တို႔နဲ႔လည္း ဆီးရီးယား ျပည္တြင္းစစ္အေရးနဲ႔ အဲဒီႏုိင္ငံကို လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရးတို႔ကို ေဆြးေႏြးမွာျဖစ္ပါတယ္။

ဆက္လက္ၿပီး အေမရိကန္နဲ႔ အီတလီ ႏုိင္ငံျခားေရးဝန္ႀကီး ၂ ဦးတို႔ဟာ အစၥလာမၼစ္အစြန္းေရာက္ ISIS အဖြဲ႔ တိုက္ဖ်က္ေရး မဟာမိတ္အဖြ႔ဲမွာ ပါဝင္ခဲ့ၾကတဲ့ ႏိုင္ငံေတြရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ေဆြးေႏြးပြဲမွာလည္း ပူးတြဲသဘာပတိေတြ လုပ္ၾကမွာျဖစ္ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ဆီးရီးယားႏိုင္ငံ ျပည္တြင္းစစ္ေၾကာင့္ ဒုကၡသည္စခန္းေတြက ေထာင္ေပါင္းမ်ားစြာရွိၾကတဲ့ အမ်ဳိးသမီးနဲ႔ ကေလးသူငယ္ေတြကို အစၥလာမၼစ္အစြန္းေရာက္ ISIS အဖြဲ႔ေတြက လူသစ္စုေဆာင္းတာေတြ လုပ္ေနမွာကို အလြန္အမင္း စိုးရိမ္ေၾကာင္း ေဖာ္ျပထားပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken တနလၤာေန႔မွာပဲ Vatican City ကို သြားေရာက္ၿပီး ပုပ္ရဟန္းမင္းႀကီး Francis နဲ႔ ေတြ႔ဆုံရာမွာ ရာသီဥတုေျပာင္းလဲမႈ၊ လူေမွာင္ခိုကူးမႈနဲ႔ ဆင္းရဲတဲ့ႏိုင္ငံေတြအေပၚ ေႂကြးၿမီသက္သာခြင့္ေပးမႈ စတာေတြကို ေဆြးေႏြးလိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့မည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီကနေ့ တနင်္ဂနွေနေ့ အီတလီနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး အီတလီအစိုးရ ခေါင်းဆောင်တွေ၊ ပုပ်ရဟန်မင်းကြီးတို့အပြင် ကမ္ဘာ့စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၂ဝ ရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ရောမမြို့မှာ အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့တို့က တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက် မနက်ဖြန် တနင်္လာနေ့မှာ အီတလီဝန်ကြီးချုပ် Mario Draghi နဲ့ သမ္မတ Sergio Mattarella တို့နဲ့လည်း ဆီးရီးယား ပြည်တွင်းစစ်အရေးနဲ့ အဲဒီနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတို့ကို ဆွေးနွေးမှာဖြစ်ပါတယ်။

ဆက်လက်ပြီး အမေရိကန်နဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့ဟာ အစ္စလာမ္မစ်အစွန်းရောက် ISIS အဖွဲ့ တိုက်ဖျက်ရေး မဟာမိတ်အဖွ့ဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာလည်း ပူးတွဲသဘာပတိတွေ လုပ်ကြမှာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ကြောင့် ဒုက္ခသည်စခန်းတွေက ထောင်ပေါင်းများစွာရှိကြတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အစ္စလာမ္မစ်အစွန်းရောက် ISIS အဖွဲ့တွေက လူသစ်စုဆောင်းတာတွေ လုပ်နေမှာကို အလွန်အမင်း စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken တနင်္လာနေ့မှာပဲ Vatican City ကို သွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံရာမှာ ရာသီဥတုပြောင်းလဲမှု၊ လူမှောင်ခိုကူးမှုနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအပေါ် ကြွေးမြီသက်သာခွင့်ပေးမှု စတာတွေကို ဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG