သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လစ္ဗ်ားညီလာခံတက္ဖို႔ ကန္ႏိုင္ငံျခားေရး၀န္ႀကီးဂ်ာမဏီေရာက္ရွိေန 


ဂ်ာမဏီ နိုင္ငံျခားေရး၀န္ၾကီး Heiko Maas နဲ ့ ဘလင္ကန္ တို ့ဘာလင္ျမိဳ ့မွာ ေတြ ့ဆံုစဥ္ (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ လစ္ဗ်ားအေရးညီလာခံတက္ဖို႔ ဥေရာပကို ေရာက္ေနပါၿပီ။
ႏိုင္ငံျခားေရးဝန္ႀကီး Blinken ဟာ မေန႔တုန္းက ဂ်ာမဏီႏိုင္ငံ ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုခဲ့ၿပီး၊ ဒီေန႔မွာ လစ္ဗ်ားရဲ့ အနာဂတ္တည္ျငိမ္ျငိမ္းခ်မ္းေရးအတြက္ ဘာလင္မွာေဆြးေႏြးမဲ့ ညီလာခံကို တက္ေရာက္မွာပါ။

ဒီညီလာခံကို ဂ်ာမဏီနဲ႔ ကုလသမဂၢတို႔က ဦးေဆာင္က်င္းပေပးတာျဖစ္ၿပီး၊ လစ္ဗ်ားကတိုက္ခိုက္ေနမူေတြကို ေရရွည္ရပ္တန္႔ႏိုင္ေရးအတြက္ အရင္ႀကိဳးပမ္းခဲ့မူအေပၚ အေျခခံၿပီး တည္ျငိမ္တဲ့အစိုးရျဖစ္ေပၚလာေရး ဆက္ႀကိဳးပမ္းၾကဖို႔ျပင္ဆင္ေနၾကပါတယ္။

အခုေဆြးေႏြးပြဲကေန ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုနဲ႔ မဲေပးမူဆိုင္ရာဥပေဒအေျခခံေတြေဖာ္ေဆာင္ေရးအပါအဝင္ ဒီဇင္ဘာမွာက်င္းပဖို႔ရွိတဲ့ ေရြးေကာက္ပြဲေတြအတြက္ လိုအပ္တာေတြဆက္လုပ္ႏိုင္ဖို႔ အရွိန္ရလာေစႏိုင္တယ္လို႔ လစ္ဗ်ားဆိုင္ရာ အေမရိကန္အထူးသံကိုယ္စားလွယ္ Richard Norland က ေျပာပါတယ္။လစ္ဗ်ားကိုေရာက္ေနခဲ့တဲ့ ႏိုင္ငံျခားတိုက္ခိုက္ေရးသမားေတြ ျပန္ထြက္ခြာဖို႔ကိစၥကိုလည္း အဓိကထားေဆြးေႏြးၾကဖိုရွိတယ္လို႔ အေမရိကန္အထူးသံ Norland က တနလာၤေန႔မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္ NATO ေက်ာေထာက္ေနာက္ခံေပးတဲ့ လႈပ္ရွားမႈအတြင္း လစ္ဗ်ားႏိုင္ငံကို ႏွစ္ေပါင္းမ်ားစြာအုပ္ခ်ဳပ္လာတဲ့ Moammar Gadhafi ကို ျဖဳတ္ခ်ခဲ့ၿပီးကတည္းက လစ္ဗ်ားမွာ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ ဆက္တိုက္ျဖစ္ေနတာပါ။ လစ္ဗ်ားႏိုင္ငံတြင္း ေနရာအေတာ္မ်ားမ်ားမွာ စင္ၿပိဳင္အစိုးရအဖဲြ႕ေတြက ႏွစ္ေပါင္းအတန္ၾကာ စိုးမိုးလာခဲ့ၿပီးတဲ့ေနာက္၊ ၿပီးခဲ့တဲ့ ေအာက္တိုလအတြင္းက အပစ္ရပ္သေဘာတူညီခ်က္ရခဲ့ပါတယ္။ အဲဒီ သေဘာတူညီခ်က္ထဲမွာ ႏိုင္ငံျခားကလာတဲ့ တိုက္ခိုက္ေရးသမာေးတြနဲ႔ ေၾကးစားစစ္သည္ေတြ သံုးလအတြင္း လစ္ဗ်ားကေန ထြက္ခြာေပးဖို႔ဆိုတဲ့ ေတာင္းဆိုခ်က္ပါ၀င္ပါတယ္။ ဒါေပမယ့္လည္း ဒါကို အခုအခ်ိန္အထိ လက္ေတြ႕မလုပ္ႏိ္ုင္ၾကေသးပါဘူး။

....................................................................................

တိုက္႐ိုက္ လင့္ခ္


လစ်ဗျားညီလာခံတက်ဖို့ ကန်နိုင်ငံခြားရေးဝန်ကြီးဂျာမဏီရောက်ရှိနေ

(Unicode)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ လစ်ဗျားအရေးညီလာခံတက်ဖို့ ဥရောပကို ရောက်နေပါပြီ။
နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ မနေ့တုန်းက ဂျာမဏီနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ ဒီနေ့မှာ လစ်ဗျားရဲ့ အနာဂတ်တည်ငြိမ်ငြိမ်းချမ်းရေးအတွက် ဘာလင်မှာဆွေးနွေးမဲ့ ညီလာခံကို တက်ရောက်မှာပါ။

ဒီညီလာခံကို ဂျာမဏီနဲ့ ကုလသမဂ္ဂတို့က ဦးဆောင်ကျင်းပပေးတာဖြစ်ပြီး၊ လစ်ဗျားကတိုက်ခိုက်နေမူတွေကို ရေရှည်ရပ်တန့်နိုင်ရေးအတွက် အရင်ကြိုးပမ်းခဲ့မူအပေါ် အခြေခံပြီး တည်ငြိမ်တဲ့အစိုးရဖြစ်ပေါ်လာရေး ဆက်ကြိုးပမ်းကြဖို့ပြင်ဆင်နေကြပါတယ်။

အခုဆွေးနွေးပွဲကနေ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ မဲပေးမူဆိုင်ရာဥပဒေအခြေခံတွေဖော်ဆောင်ရေးအပါအဝင် ဒီဇင်ဘာမှာကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေအတွက် လိုအပ်တာတွေဆက်လုပ်နိုင်ဖို့ အရှိန်ရလာစေနိုင်တယ်လို့ လစ်ဗျားဆိုင်ရာ အမေရိကန်အထူးသံကိုယ်စားလှယ် Richard Norland က ပြောပါတယ်။လစ်ဗျားကိုရောက်နေခဲ့တဲ့ နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ ပြန်ထွက်ခွာဖို့ကိစ္စကိုလည်း အဓိကထားဆွေးနွေးကြဖိုရှိတယ်လို့ အမေရိကန်အထူးသံ Norland က တနလာၤနေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

၂၀၁၁ ခုနှစ် NATO ကျောထောက်နောက်ခံပေးတဲ့ လှုပ်ရှားမှုအတွင်း လစ်ဗျားနိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့ Moammar Gadhafi ကို ဖြုတ်ချခဲ့ပြီးကတည်းက လစ်ဗျားမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်နေတာပါ။ လစ်ဗျားနိုင်ငံတွင်း နေရာအတော်များများမှာ စင်ပြိုင်အစိုးရအဖွဲ့တွေက နှစ်ပေါင်းအတန်ကြာ စိုးမိုးလာခဲ့ပြီးတဲ့နောက်၊ ပြီးခဲ့တဲ့ အောက်တိုလအတွင်းက အပစ်ရပ်သဘောတူညီချက်ရခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ထဲမှာ နိုင်ငံခြားကလာတဲ့ တိုက်ခိုက်ရေးသမာေးတွနဲ့ ကြေးစားစစ်သည်တွေ သုံးလအတွင်း လစ်ဗျားကနေ ထွက်ခွာပေးဖို့ဆိုတဲ့ တောင်းဆိုချက်ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ဒါကို အခုအချိန်အထိ လက်တွေ့မလုပ်နိုင်ကြသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG