သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Omicron ပိုးသစ် ကူးစက်မှု တိုက်ဖျက်ရေး သမ္မတ Biden ရဲ့အစီအစဉ်သစ်


HEALTH-CORONAVIRUS/BIDEN
HEALTH-CORONAVIRUS/BIDEN

Omicron ပိုးသစ် ကူးစက်မှု တိုက်ဖျက်ရေး သမ္မတ Biden ရဲ့အစီအစဉ်သစ်

{{Zawgyi/Unicode}}

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုဗစ်ကပ်ရောဂါ ဗီဇပြောင်း Omicron ပိုးသစ် ကူးစက်မှုမြင့်မားလာတာကို တိုက်ဖျက်ရေး ကြိုးစားမှုအသစ်အနေနဲ့ ဝန်ထမ်းမလုံမလောက်ဖြစ်နေတဲ့ ဆေးရုံတွေကို ဗဟိုကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ပေးဖို့ အင်္ဂါနေ့က စီစဉ်နေပါတယ်။ ဒါအပြင် ကိုဗစ်ကပ်ရောဂါပိုးရှိမရှိ ကိုယ်တိုင်စစ်နိုင်တဲ့ Test Kits ကရိယာလေးတွေ သန်း ၅ဝဝပေးပို့ဖို့လည်း လုပ်ဆောင်နေပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ ကိုဗစ်တိုက်ဖျက်ရေး နဲ့ ပတ်သက်ပြီးပြောကြားခဲ့စဉ်မှာပဲ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆိုရင် အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုပေါင်း ၁၄ ၃ဝဝဝ အထိ စံချိန်တင်ကူးစက်မှုရှိခဲ့ပြီး သေဆုံးသူပေါင်းက ၁ ၃ဝဝရှိခဲ့ပါတယ်။ ကူးစက်တဲ့သူတွေထဲမှာ ၇၅ ရာခိုင်နှုန်းဟာ Omicron ပိုးသစ်နဲ့ ဆက်စပ်နေတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးအပြည့်ထိုးထားသူတွေ၊ အားဖြည့် ကာကွယ်ဆေးထိုးထားသူတွေအနေနဲ့ လာမဲ့ ခရစ်စမတ် နဲ့ နှစ်သစ်ကာလတွေမှာ မိသားစုတွေ မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ပါတယ်လို့လည်း ပြောပါတယ်။ ကျနော်တို့အနေနဲ့ Omicron ပိုးသစ်ကို စိုးရိမ်ရပေမယ် ကြောက်စရာမလိုပါဘူးလို့လည်း သူကပြောပါတယ်။ ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ကာကွယ်ဆေးအပြည့်ထိုးမထားရင်တော့ စိုးရိမ်ရပါလိ့မ်မယ် လို့ သူက သတိပေးလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ကာကွယ်ဆေးမထိုးရသေးသူပေါင်း သန်းပေါင်း ၄ဝ ဟာ ကာကွယ်ဆေးထိုးဖို့အတွက်က သင်တို့တိုင်းပြည်အတွက် မျိုးချစ်တာဝန်တခုဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဆေးထိုး-မထိုးဆိုတဲ့ ရွေးချယ်မှုဟာ သေရေး နဲ့ ရှင်ရေး အကြား ရွေးချယ်မှု ဖြစ်နိုင်တယ်။ ကျေးဇူးပြုပြီး ဆေးထိုးကြပါ။ဒါပေမယ့်လည်း ကာကွယ်ဆေးထိုးတာဟာ သင်တို့အတွက် တာဝန်ယူလုပ်ဆောင်မှုတခုဖြစ်တယ်လို့လည်း အလေးထားပြောသွားပါတယ်။

............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}




XS
SM
MD
LG