သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဇုံအသစ် သတ်မှတ်မှု စိုးရိမ်အောင် ဖန်တီးတဲ့ လုပ်ရပ်လို့ ကန် သတ်မှတ်


အမေရိကန်ဒုသမ္မတ နဲ့ တရုတ်သမ္မတတွေ့ဆုံ၊ (ဒီဇင်ဘာလ ၄၊ ၂၀၁၃)
အမေရိကန်ဒုသမ္မတ နဲ့ တရုတ်သမ္မတတွေ့ဆုံ၊ (ဒီဇင်ဘာလ ၄၊ ၂၀၁၃)
အရှေ့တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်က လေကြောင်းကာကွယ်ရေးဇုံအသစ် ချမှတ်ခဲ့တာဟာ ဒေသတွင်းမှာ စိုးရိမ်ပူပန်မှုတွေ ကြီးမားအောင် ဖန်တီးတာလို့ အမေရိကန် ဒုသမ္မတ Joe Biden ကပြောကြားလိုက်ပါတယ်။
တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ဒီကိစ္စကို
တဲ့တိုးပဲပြောကြားခဲ့တယ်လို့ ဘေဂျင်းမှာ ကြာသပတေးနေ့ အမေရိကန်စီးပွါးရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် မစ္စတာဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

အခုလို တရုတ် အမေရိကန် ၂ နိုင်ငံကြား တခါတရံ သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် ဆက်ဆံရေး အပြောင်းအလဲမရှိပဲ အပြုသဘော ဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ၂၁ ရာစု ကမ္ဘာကြီးမှာ လက်ခံကျင့်သုံးရမယ့် ကိစ္စရပ်တွေ အတွက် အမြင်ချင်းဖလှယ်ခဲ့ကြတယ် လို့ဆိုပါတယ်။

တရုတ်သမ္မတနဲ့ မစ္စတာဘိုင်ဒင်တို့ ၂ ဦးဟာ ဗုဒ္ဓဟူးနေ့မှာ ၅ နာရီလောက်ကြာအောင် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး လေကြောင်းကာကွယ်ရေး ဇုံအသစ်နဲ့ ပါတ်သက်တဲ့ အမေရိကန်အစိုးရရဲ့ ခိုင်မာတဲ့ ရပ်တည်မှုနဲ့ မျှော်လင့်ထားချက်တွေကို ပြောကြားခဲ့တယ်လို့ မစ္စတာဘိုင်ဒင်က ပြောပါတယ်။

တရုတ်သမ္မတ ရှီကလည်း ဒီဇုံဟာ နိုင်ငံတကာ ဥပဒေနဲ့အညီချထားတာဖြစ်ပြီး ဒီကိစ္စကို အမေရိကန်အနေနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ မျှမျှတတနဲ့ ရှုမြင်သင့်တယ်လို့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီကိစ္စကို အမေရိကန်ဒုသမ္မတဟာ ကြာသပတေးနေ့ တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ တွေ့ဆုံတဲ့အခါမှာလည်း ဆက်ပြီးပြောကြားဖို့ ရှိပါတယ်။
မစ္စတာဘိုင်ဒင်ဟာ ကြာသပတေးနေ့ညနေမှာပဲ တရုတ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုံအသစ်ကို ကန့်ကွက်တဲ့ တောင်ကိုရီးယား နိုင်ငံကို သွားရောက်မှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်ဒုသမ္မတရဲ့ အာရှခရီးစဉ်မှာ နောက်ဆုံးသွားရောက်တဲ့ နိုင်ငံဖြစ်ပါတယ်။
XS
SM
MD
LG