သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ဟာမတ်စ်ခေါင်းဆောင်တွေဖမ်းဖို့ ICC တောင်းဆိုမှု သမ္မတဘိုင်ဒန်ပယ်ချ

အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ မေ ၂၃၊ ၂၀၂၄
အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ မေ ၂၃၊ ၂၀၂၄

ဂါဇာမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant အပြင် ဂါဇာက ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက ဖမ်းဝရမ်း ထုတ်ပြန်ဖို့ တောင်းဆိုတာကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပယ်ချလိုက်ပါတယ်။

အစ္စရေးအနေနဲ့ ဟာမတ်ကို စစ်ဆင်ရာမှာ ပါလက်စတိုင်းသားတွေ ငတ်မွတ်မှုဖြစ်လာအောင် လက်နက်သဖွယ်အသုံးချနေတယ်လို့ ICC ရဲ့ စွပ်စွဲချက်အပေါ် အမေရိကန်အနေနဲ့အထောက်အထားတစုံတရာရှိပါသလားလို့ သမ္မတဘိုင်ဒန်ကို သတင်းထောက်တွေက မေးမြန်းခဲ့ကြတာပါ။ ဒီအမေးကို သမ္မတက တိုက်ရိုက်ဖြေကြားတာ မရှိပဲ၊ ICC ရဲ့ ကျင့်သုံးဆောင်ရွက်နေတဲ့ တရားရေးစီရင်ပိုင်ခွင့်ကို အမေရိကန်က အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။ အစ္စရေးတို့လုပ်ဆောင်မှုနဲ့ ဟာမတ်တို့ လုပ်ဆောင်မှုကို ထပ်တူဖြစ်တယ်ဆိုတာလည်း သူမယူဆတဲ့အကြောင်း စစ်ပွဲကျင့်ဝတ်နဲ့ပတ်သက်လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးကို ဟာမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အတွက် လူပေါင်း ၁၂၀၀ သေဆုံးပြီး ၂၅၀ လောက် ဓါးစာခံအဖြစ် အဖမ်းခံရတဲ့နောက် အစ္စရေးက လက်တုန့်ပြန်ရာကနေ အစ္စရေး- ဟားမတ်စ် စစ်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိ ဆို ဂါဇာမှာ ပါလက်စတိုင်း ၃၅၇၀၀ လောက် သေဆုံးရပြီလို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်က အများအပြား ပါဝင်တဲ့ အရပ်သားတွေ သေဆုံးခဲ့ရတာပါ။ ဓါးစာခံ တချို့ကိုလည်း ဟားမတ်စ်တွေက ခုထိ ပြန်မလွှတ်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG