သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အခြေပြမိန့်ခွန်းအပေါ် ရီပတ်ဘလီကန်ပါတီ တုန့်ပြန်ချက်


အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းကို ရီပတ်ဘလစ်ကန် ပါတီကိုယ်စား တုန့်ပြန်ပြောဆိုနေတဲ့ Alabama ပြည်နယ် အထက်လွှတ်တော်အမတ် Katie Britt
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းကို ရီပတ်ဘလစ်ကန် ပါတီကိုယ်စား တုန့်ပြန်ပြောဆိုနေတဲ့ Alabama ပြည်နယ် အထက်လွှတ်တော်အမတ် Katie Britt

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းကို ရီပတ်ဘလစ်ကန် ပါတီကိုယ်စား Alabama ပြည်နယ် အထက်လွှတ်တော်အမတ် Katie Britt က ဒီနှစ် တုံ့ပြန်ပါတယ်။ သမ္မတ ဘိုင်ဒန်ရဲ့ စီးပွားရေး၊ တရားရေးနဲ့ နိုင်ငံခြားရေးရာ ကိုင်တွယ်မှုတွေကို ထိုးနှက် ဝေဖန်ခဲ့သလို၊ သမ္မတ ဘိုင်ဒန်ဟာ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ကြောက်နေတဲ့သူ၊ ကိုယ် ဘာလုပ်ရမယ် ဆိုတာကို မဝေခွဲတတ်တဲ့၊ ပျော့ညံ့တဲ့ ခေါင်းဆောင် တယောက်လို့ ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပါတယ်။

ဒီမိုကရက် သမ္မတရဲ့ အခြေပြမိန့်ခွန်းကို တုံ့ပြန်ဖို့ ရီပတ်ဘလစ်ကန် အမတ်တွေက သူတို့ထဲက အသက်အငယ်ဆုံး လွှတ်တော်အမတ် Katie Britt ကို ရွေးချယ်ခဲ့ကြတာပါ။ သမ္မတ ဘိုင်ဒန်ဟာ အမေရိကန်ကို ကမ္ဘာ့အလယ်မှာ ဝေဖန် ထိုးနှက်ခံရအောင် လုပ်နေတဲ့သူ ဆိုပြီးတော့လည်း Britt က ကြိုတင် ရိုက်ကူးထားတဲ့ ၁၅ မိနစ်စာ ရုပ်သံဗွီဒီယိုထဲမှာ ပြောသွားပါတယ်။

သမ္မတ ဘိုင်ဒန် အစိုးရလက်ထက်မှာ အမေရိကန် မျိုးဆက်တွေအတွက် အခွင့်အလမ်း နဲ့ လွတ်လပ်ခွင့်တွေ နည်းပါး လာနေတာကြောင့် သူ့ သားသမီးတွေတောင် အမေရိကန် အိပ်မက် ဆိုတာတွေကို အကောင်အထည် ဖော်နိုင်ပါဦးမလား သူ စိုးရိမ်မိတယ်လို့လည်း အသက် ၄၂ နှစ်အရွယ် ကလေးနှစ်ယောက် မိခင် Britt က ပြောသွားပါတယ်။

ရီပတ်ဘလစ်ကန် အောက်လွှတ်တော် ဥက္ကဌ Mike Johnson ကလည်း − သမ္မတ ဘိုင်ဒန် အုပ်ချုပ်တဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အမေရိကန်မှာ စီးပွားရေးကနေ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေ အထိ အဘက်ဘက်က အလျင်အမြန် ဆုတ်ယုတ် လာခဲ့တယ်လို့ သမ္မတ နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောကြားမယ့် ကြာသပတေးနေ့ မနက်ပိုင်းက ဝေဖန် ပြောဆိုခဲ့ပါတယ်။ အလားတူ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလစ်ကန်အမတ် Mitch McConnell ကလည်း သမ္မတ ဘိုင်ဒန်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ စီးပွားရေး ကိုင်တွယ်ပုံတွေကို ရှုတ်ချခဲ့တာကြောင့် အရင်နှစ်တွေနဲ့မတူ ဒီနှစ် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမယ့်အချိန်မှာ အထင်ကရ ရီပတ်ဘလစ်ကန် အမတ်တွေက တပြိုင်တည်း ထိုးနှက် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG