သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Louisiana ပြည်နယ် ပါတီတွင်း ရွေးကောက်ပွဲ ဘိုင်ဒန်၊ ထရမ့် အနိုင်ရ

Election 2024
Election 2024

အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ်မှာ စနေနေ့က ကျင်းပခဲ့တဲ့ ပါတီတွင်း အကြိုရွေးကောက်ပွဲတွေမှာ သမ္မတဂျိုးဘိုင်ဒန် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ အသီးသီးအနိုင်ရခဲ့ကြပြီး သက်ဆိုင်ရာ ပါတီတွင်းမှာ နောက်ထပ် ကိုယ်စားလှယ်မဲတွေ ရခဲ့ကြပါတယ်။

သမ္မတဘိုင်ဒန်ကတော့ မစ်ဇူရီပြည်နယ်မှာ မနေ့က ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ရွေးချယ်ပွဲကို သွားရောက်အားပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ရွေးကောက်ပွဲရလဒ်ကတော့ နောက်သီတင်းပတ်လောက်မှ ထွက်လာမယ့်အနေအထား ရှိနေပါတယ်။ ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ မဲအရေအတွက် သံသယဖြစ်စရာ မရှိပေမယ့်၊ ဒီရွေးကောက်ပွဲတွေကို မဲဆန္ဒရှင်တွေ ဘယ်လောက် မဲပေးတယ်၊ မဲမပေးဘူးဆိုတာနဲ့ မဲဆန္ဒရှင်တွေရဲ့ သဘောထားတွေကို အနီးကပ် လေ့လာစောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်အတွက် စိန်ခေါ်မှုကတော့ အစ္စရေး-ဟားမတ်စ်စစ်ပွဲ ဖြစ်ပြီး၊ အစ္စရေးက အပြင်းအထန် တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ လစ်ဘရယ် အယူအဆရှိတဲ့သူတွေက ဒေါသထွက်နေကြပြီး၊ မစ်ချီဂန်မှာရှိတဲ့ အာရပ်-အမေရိကန် လူမှုအသိုင်းအဝိုင်းက ဆန္ဒပြတာတွေဟာ တခြားပြည်နယ်တွေကိုပါ ပျံ့နှံ့ကုန်တာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်အတွက် ပါတီတွင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုကတော့ သူအပေါ်တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့သူတွေရဲ့ သဘောထား ဆန့်ကျင်မှုတွေပဲ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG