သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ချောင်းထဲပစ်ချတဲ့ ပလပ်စတစ်တွေကြောင့် သမုဒ္ဒရာတွေ ညစ်ညမ်း


ပင်လယ်ကမ်းခြေတွေမှာ စွန့်ပစ်ထားတဲ့ ပလက်စတစ် ပစ္စည်းများ။
ပင်လယ်ကမ်းခြေတွေမှာ စွန့်ပစ်ထားတဲ့ ပလက်စတစ် ပစ္စည်းများ။

ကမ္ဘာ့သမုဒ္ဒရာတွေထဲ တမိနစ်ကို ပလတ်စတစ်အမှိုက်အပြည့်တင်ဆောင်ထားတဲ့ အမှိုက်ပစ် ထရပ်ကားတစင်းစာ စွန့်ပစ်မှုနှုန်းပမာဏဟာ တနှစ်ကို ပလတ်စတစ်တန်ချိန် ၈ သန်းနဲ့ ညီမျှကြောင်း သုတေသနအသစ်ပြုလုပ်မှုတွေက တွေ့ရှိခဲ့ပါတယ်။

အဲဒီတွေ့ရှိမှုအရ ကမ္ဘာ့သမုဒ္ဒရာတွေထဲ ပလတ်စတစ်အမှိုက်ညစ်ညမ်းမှုတွေကို ကမ္ဘာရဲ့ အဓိက မြစ်ကြီး ၁၀ ခုကနေ စီးဆင်းလာနေတယ်လို့ ဆိုပါတယ်။ ကြီးမားတဲ့ မြစ်ကြောင်း တလျောက်မှာ နေထိုင်တဲ့ လူဦးရေများပြားသလို၊ ဒီမြစ်ကြီး ၁၀ခု ကို အဓိကထား ထိန်းသိမ်းခြင်းအားဖြင့် ပလစ်စတစ်တွေများပြားမှုကြောင့် ပင်လယ်သမုဒ္ဒရာတွေ ညစ်ညမ်းမှုကို လျော့ချနိုင်မယ်လို့ ဂျာမနီနိုင်ငံက သဘာဝပတ်ဝန်းကျင် သုတေသနအဖွဲ့ဖြစ်တဲ့ Helmholtz Centerက သုတေသီ Christian Schmidt က ဗွီအိုအေကို ပြောပါတယ်။

မြစ်ကြီး၁၀ခုထဲက ၂ ခုဟာ အာဖရိကတိုက်မှာရှိတဲ့ နိုင်းလ်နဲ့ နိုင်ဂျာမြစ်တွေဖြစ်ပြီး ကျန်တဲ့ ၈ခုကတော့ အာရှတိုက်မျာရှိတဲ့ ဂင်္ဂါ၊ အန္ဒူ၊ မြစ်ဝါ၊ ယမ်စီ၊ ဟိုင်း၊ ပုလဲ၊ မဲခေါင်နဲ့ အာမူး စတဲ့ မြစ်ကြီးတွေဖြစ်ပါတယ်။

သုတေသီတွေအနေနဲ့ မြစ်တွေထဲမှာ ပလစ်စတစ်တွေများပြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းမှုကို လေ့လာစူးစမ်းသလို မြစ်ထဲကို စုပြုံစီးဆင်းလားတဲ့ ချောင်း၊ မြောင်း တခုချင်းစီထဲကို စနစ်တကျ မဟုတ်ပဲ စွန့်ပစ်တဲ့ အမှိုက်ပမာဏကိုလည်း နှိုင်းယှဉ်တွက်ချက် သုတေသနလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလို သုတေသနတွေ့ရှိချက်တွေရ အဓိကမြစ်ကြီး ၁၀ခုမှာ အမှိုက်စွန့်ပစ်မှုကို လျော့ချခြင်းအားဖြင့် ပင်လယ် သမုဒ္ဒရာထဲ ပလစ်စတစ်ကြောင့် ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG