သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလသမဂၢ၊ အာဆီယံ အထူးကိုယ္စားလွယ္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ စစ္ေကာင္စီကို Bill Richardson တိုက္တြန္း


သံအမတ္ေဟာင္း Richardson ၊ ျပန္လည္လြတ္ေျမာက္လာသူ မေအးမြန္နဲ႔ ရန္ကုန္အေျခစိုက္ Richardson Center ရဲ႕ဒုဥကၠ႒ Mickey Bergman (ဝဲမွာယာ/ႏိုဝင္ဘာ ၅၊ ၂၀၂၁)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢနဲ႔ အာဆီယံ အထူးကိုယ္စားလွယ္ေတြနဲ႔ ဆက္ဆံလုပ္ကိုင္ၿပီး ထိထိေရာက္ေရာက္ နည္းလမ္းရွာ ကိုင္တြယ္ ေျဖရွင္းဖို႔ ျမန္မာ အာဏာပိုင္ေတြကို Bill Richardson က တိုက္ တြန္းခဲ့တဲ့အေၾကာင္း ခရီးစဥ္အၿပီး ထုတ္ျပန္တဲ့ ေၾကညာခ်က္ကို ေအပီသတင္းမွာ ကိုးကား ေဖာ္ျပထားပါတယ္။

ကိုဗစ္ကပ္ေဘး တတိယလႈိင္းဒဏ္ ဆိုးဆိုး႐ြား႐ြားခံခဲ့ရတဲ့ ျမန္မာႏိုင္ငံအတြက္ ကာကြယ္ေဆးနဲ႔ တျခား လူသားစာနာမႈအကူအညီေတြ ေထာက္ပံ့ေပးႏိုင္ဖို႔ အဓိကရည္႐ြယ္ၿပီး သူ႔အစီအစဥ္နဲ႔သူ သီးျခားသြားေရာက္တဲ့ခရီးစဥ္ မေန႔က အဆုံးသတ္ခဲ့ၿပီးတဲ့ေနာက္ အခုေျပာဆိုခ်က္ ထြက္လာတာါပ။

မစၥတာရစ္ခ်တ္ဒ္ဆန္ရဲ႕ခရီးစဥ္ဟာ ကုသလမဂၢ ေက်ာေထာက္ေနာက္ခံထားတဲ့ ကိုဗစ္ကာကြယ္ေဆး ျဖန႔္ခ်ိမႈ COVAX အစီအစဥ္မွာ ျမန္မာႏိုင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆးေတြ အျမန္ဆုံး ပို႔ႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ထုတ္ႏိုင္ေအာင္ အဓိကထား ေဆြးေႏြးခဲ့တာျဖစ္တဲ့အေၾကာင္း Richardson စင္တာက ေျပာတယ္လို႔ ေအပီသတင္းမွာ ေရးထားပါတယ္။

ဒီခရီးစဥ္အတြင္းမွာပဲ သူ႔အဖြဲ႔မွာ အလုပ္လုပ္ခဲ့ၿပီး အဖမ္းခံေနရတဲ့ မေအးမိုးကို ဗုဒၶဟူးေန႔က လြတ္ေျမာက္လာေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ ဘီလ္ ရစ္ခ်တ္ဆန္က ေျပာေပမယ့္ ဖမ္းဆီးခံထားရဆဲ အေမရိကန္ စာနယ္ဇင္းဆရာ Denny Fenster နဲ႔ပတ္သက္လို႔ေတာ့ ဘာမွေဖာ္ျပမထားပါဘူး။

ၾကာသပေတးေန႔ကပဲ ျမန္မာႏိုင္ငံကေန ျပန္လည္ ထြက္ခြာသြားတဲ့ သူ႔ရဲ႕ သီတင္းတပတ္နီးပါးၾကာ ခရီးစဥ္အတြင္းမွာေတာ့ ဘီလ္ ရစ္ခ်တ္ဆန္ဟာ စစ္ေကာင္စီေခါင္းေဆာင္ နဲ႔ အျခား ထိပ္တန္း တာဝန္ရွိသူေတြ၊ သံတမန္ေတြ၊ ကုလသမဂၢကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

အထူးသျဖင့္ ေဝးလံေခါင္ဖ်ားေဒသေတြအတြက္ ကိုဗစ္ကာကြယ္ေဆး ပို႔ေပးရာမွာ ေဆာင္႐ြက္ႏိုင္မယ့္ နည္းလမ္းအမ်ိဳးမ်ိဳးကို အႀကံျပဳတင္ျပခဲ့တယ္လို႔ ေအပီသတင္းမွာေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


***************

{{Unicode}}

ကုလသမဂ္ဂ၊ အာဆီယံ အထူးကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီကို Bill Richardson တိုက်တွန်း

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တွေနဲ့ ဆက်ဆံလုပ်ကိုင်ပြီး ထိထိရောက်ရောက် နည်းလမ်းရှာ ကိုင်တွယ် ဖြေရှင်းဖို့ မြန်မာ အာဏာပိုင်တွေကို Bill Richardson က တိုက် တွန်းခဲ့တဲ့အကြောင်း ခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်ကို အေပီသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ဘေး တတိယလှိုင်းဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးနဲ့ တခြား လူသားစာနာမှုအကူအညီတွေ ထောက်ပံ့ပေးနိုင်ဖို့ အဓိကရည်ရွယ်ပြီး သူ့အစီအစဉ်နဲ့သူ သီးခြားသွားရောက်တဲ့ခရီးစဉ် မနေ့က အဆုံးသတ်ခဲ့ပြီးတဲ့နောက် အခုပြောဆိုချက် ထွက်လာတာါပ။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

.....

မစ္စတာရစ်ချတ်ဒ်ဆန်ရဲ့ခရီးစဉ်ဟာ ကုသလမဂ္ဂ ကျောထောက်နောက်ခံထားတဲ့ ကိုဗစ်ကာကွယ်ဆေး ဖြန့်ချိမှု COVAX အစီအစဉ်မှာ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးတွေ အမြန်ဆုံး ပို့နိုင်မယ့် နည်းလမ်းတွေကို ဖော်ထုတ်နိုင်အောင် အဓိကထား ဆွေးနွေးခဲ့တာဖြစ်တဲ့အကြောင်း Richardson စင်တာက ပြောတယ်လို့ အေပီသတင်းမှာ ရေးထားပါတယ်။

ဒီခရီးစဉ်အတွင်းမှာပဲ သူ့အဖွဲ့မှာ အလုပ်လုပ်ခဲ့ပြီး အဖမ်းခံနေရတဲ့ မအေးမိုးကို ဗုဒ္ဓဟူးနေ့က လွတ်မြောက်လာအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဘီလ် ရစ်ချတ်ဆန်က ပြောပေမယ့် ဖမ်းဆီးခံထားရဆဲ အမေရိကန် စာနယ်ဇင်းဆရာ Denny Fenster နဲ့ပတ်သက်လို့တော့ ဘာမှဖော်ပြမထားပါဘူး။

ကြာသပတေးနေ့ကပဲ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားတဲ့ သူ့ရဲ့ သီတင်းတပတ်နီးပါးကြာ ခရီးစဉ်အတွင်းမှာတော့ ဘီလ် ရစ်ချတ်ဆန်ဟာ စစ်ကောင်စီခေါင်းဆောင် နဲ့ အခြား ထိပ်တန်း တာဝန်ရှိသူတွေ၊ သံတမန်တွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသတွေအတွက် ကိုဗစ်ကာကွယ်ဆေး ပို့ပေးရာမှာ ဆောင်ရွက်နိုင်မယ့် နည်းလမ်းအမျိုးမျိုးကို အကြံပြုတင်ပြခဲ့တယ်လို့ အေပီသတင်းမှာရေးထားပါတယ်။

#WhatIsHappeningInMyanmar #BillRichardson #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

***************

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG