သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Bill Richardson ရဲ႕ခရီးစဥ္ ဘယ္လိုအက်ိဳးသက္ေရာက္မႈ ရွိႏိုင္မလဲ


ႏိုင္ငံ‌ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အေမရိကန္ႏိုင္ငံ နယူးမကၠဆီကိုျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း Bill Richardson အား လက္ခံေတြ႕ဆုံ (ဓာတ္ပံု-တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔)

Bill Richardson ရဲ႕ခရီးစဥ္ ဘယ္လိုအက်ိဳးသက္ေရာက္မႈ ရွိႏိုင္မလဲ

{{Zawgyi/Unicode}}

အေမရိကန္ထိပ္တန္းအရာရွိေဟာင္း Bill Richardson ျမန္မာစစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မူးႀကီးမင္းေအာင္လိႈင္နဲ႔ေတြ႔ခဲ့တာကေန ဘယ္လိုသက္ေရာက္ႏိုင္မူအေပၚ သံုးသပ္သူေတြ ကြဲျပားေနၾကပါတယ္။ ျမန္မာ့အေရးကို ၁၉၉၄ ခုႏွစ္ထဲက ဝင္ေျဖရွင္းေပးဖို႔ ႀကိဳးပမ္းလာခဲ့တဲ့ အေမရိကန္ စြမ္းအင္ဝန္ႀကီးေဟာင္းနဲ႔ ကုလဆိုင္ရာသံအမတ္ႀကီးေဟာင္းရဲ့ အခုခရီးစဥ္ကေန၊ ႏိုင္ငံေရး နဲ႔ လူသားခ်င္းစာနာမူ ဆိုင္ရာေတြအရ အက်ိဳးရွိႏိုင္မူအေပၚ အျမင္မတူတာေတြ ရွိေနပါတယ္။
ဒီအေၾကာင္း NUG အမ်ိဳးသားညီညြတ္ေရးအစိုးရ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ေဒါက္တာဆာဆာနဲ႔ ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႔ အမူေဆာင္ဒါရိုက္တာ ေဒါက္တာႏိုင္ေဆြဦးတို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။. ။ ရခိုင္ျပည္နယ္အေရး အႀကံေပးအဖြဲ႔မွာ ပါဝင္ခဲ့ဘူးသူ နယူးမကၠဆီကိုျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး အေမရိကန္ဝါရင့္ႏိုင္ငံေရးသမားႀကီး Bill Richardson ခရီးအေပၚ ေဒါက္တာဆာဆာ က အခုလိုစေဝဖန္လိုက္ပါတယ္။

ေဒါက္တာ ဆာဆာ ။. ။ က်ေနာ္တို႔ ျမန္မာႏိုင္ငံ ကိုယ္စားျပဳေနတဲ့ NUG တု႔ိ CRPHတို႔နဲ႔လည္း သူမသြားခင္မွာ ေဆြးေႏြးသင့္တယ္။ ဒါေတြေဆြးေႏြးျခင္းမရွိပဲနဲ႔ ဒီအတိုင္းသြားၿပီးေတာ့ အဲဒီလိုျဖစ္တာဟာ ဘာမွေမွ်ာ္လင့္ဖို႔မရွိဘူးေပါ့။ လူသားခ်င္းစာနာေထာက္ထားေရးအတြက္ျဖစ္တယ္လို႔ ေျပာေပမယ့္ ကိုဗစ္ကာကြယ္ေဆးပဲျဖစ္ျဖစ္ အဲဒါေတြကို စစ္ေကာင္စီလက္ထက္မွာ UN တို႔ INGOတို႔ CSO တို႔ကေန သြားမယ္ဆိုတာေျပာၿပီးသား။ ႏိုင္ငံတကာလည္း လက္ခံၿပီးသားျဖစ္တဲ့အတြက္ေၾကာင့္ ဒီခရီးစဥ္နဲ႔ပါတ္သက္ၿပီးေတာ့ ေမွ်ာ္လင့္ဖို႔မရွိပါဘူး။

ကိုဝင္းမင္း ။. ။ ဒါေပမယ့္ ျမန္မာစစ္တပ္အရာရွိေဟာင္းေတြနဲ႔ စဖြဲ႔ခဲ့တဲ့ ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႔က ေဒါက္တာႏိုင္ေဆြဦး ကေတာ့ အက်ဳိးရွိႏိုင္တယ္လို႔ဆိုပါတယ္။

ေဒါက္တာ ႏိုင္ေဆြဦး ။. ။ တရားဝင္သတင္းထုတ္ျပန္ခ်က္ေတြအရေတာ့ ကိုဗစ္ႏိုင္တီးနဲ႔ပတ္သက္ၿပီးေဆြးေႏြးၾကတယ္လို႔သိရတယ္။ တကယ္လို႔မ်ား ကိုဗစ္ႏိုင္တင္း နဲ႔ပတ္သက္ၿပီးေတာ့ အကူညီေတြရႏိုင္ရင္ အက်ုိးရွိႏိုင္တယ္။ လူသားခ်င္းစာနာမႈဆိုတဲ့ ေခါင္းစဥ္ကေတာ့ တခါတေလၾကရင္ လူၾကားေကာင္းေအာင္တပ္တာလို႔ျမင္ပါတယ္။ ဒီေခါင္းစဥ္ကို အေၾကာင္းျပၿပီးေတာ့ ႏိုင္ငံေတြရဲ႕ အက်ဳိးစီးပြားကို ဝင္ေရာက္စြက္ဖက္တာ ေရွ႕သမိုင္းမွာ က်ေနာ္တို႔ မၾကာခဏႀကဳံေတြခဲ့ရဘူးတယ္။ ျမန္မာႏိုင္ငံမွာေတာ့ လက္ရွိမွာ အေမရိကန္ႏိုင္ငံသားတခ်ဳိ႕ဖမ္းဆီးခံရတာရွိတယ္။ ဆိုေတာ့ သူတို႔ႏိုင္ငံသား ျပန္လႊတ္ေရးအတြက္ပဲလာသလား ဆုိတာ စဥ္းစားဖို႔သင့္တယ္။

ကိုဝင္းမင္း ။. ။ ေဒါက္တာဆာဆာကေတာ့ ဒီလူသားခ်င္းစာနာမႈအတြက္ဆုိရင္ေတာ့ တကယ္ဒုကၡေရာက္ေနတဲ့ေဒသေတြကို မေရာက္ႏိုင္ဘူးလို႔ ထပ္ေဝဖန္လိုက္ပါတယ္။

ေဒါက္တာ ဆာဆာ ။. ။ ဒီဟာကိုမွလာတဲ့ လူသာခ်င္းစာနာမႈကေတာ့ ခ်င္းျပည္နယ္ တို႔ ကခ်င္ျပည္နယ္တို႔ အခုတိုက္ပြဲေတြျဖစ္ပြားေနတဲ့ေနရာေတြေရာက္ဖို႔ဆိုတာကေတာ့ အခုအေျခအေနမွာ မျဖစ္ႏိုင္တဲ့အေျခအေနျဖစ္ပါတယ္။ မဂၤလာဒုံေလဆိပ္တို႔၊ ရန္ကုန္ဆိပ္ကမ္းတို႔ကေနၿပီးေတာ့ လူသားခ်င္းစာနာေထာက္ထားတဲ့အကူညီေတြကို မလုပ္ေတာ့ပဲနဲ႔ ထုိင္းႏိုင္ငံ၊ အိႏိၵယႏိုင္ငံ၊ တရုတ္ႏုိင္ငံေတြကတဆင့္ နယ္စပ္ကို ျဖတ္ၿပီးေတာ့ ကူညီေထာက္ပန္႔မႈေတြကို လုပ္ေပးပါဆိုၿပီး ေတာင္းဆိုေနတာျဖစ္ပါတယ္။ ဒါလက္ေတြ႔လည္းျဖစ္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုရင္ စစ္ေကာင္စီဖက္ကေနၿပီးေတာ့ ျဖတ္ေလးျဖတ္ကို တိုက္ပြဲျဖစ္တဲ့ေနရာတိုင္းမွာ ျပဳလုပ္ေနတာေတြ႔ရတယ္။

ကိုဝင္းမင္း ။. ။ တကယ္ႏိုင္ငံေရးအရဆိုရင္ အေမရိကန္ နဲ႔တရုတ္တို႔က ဖိအားေပးသင့္တယ္လို႔ ေဒါက္တာ ဆာဆာ ကအႀကံျပဳပါတယ္။

ေဒါက္တာ ဆာဆာ ။. ။ အေမရိကန္ နဲ႔တရုတ္နဲ႔ က အာဆီယံကိုပဲ ေစာင့္ၾကည့္ေနတာ အလုပ္မျဖစ္ေတာ့ဘူးဆိုတဲ့အေနအထားကို ႏိုင္ငံအေတာ္မ်ားမ်ားမွာ ရွိလာတာကိုေတာ့ က်ေနာ္သုံးသပ္မိပါတယ္။ တခ်ိန္တည္းမွာပဲ ဒါကို နည္းဗ်ဴဟာ မဟာဗ်ဴဟာက်က်နဲ႔ ကိုင္တြယ္ဖို႔လိုပါတယ္။ တရုပ္နဲ႔ အေမရိကန္လည္း ပူးေပါင္းႏိုင္တဲ့ေနရာမွာ ပူးေပါင္းဖို႔လိုပါတယ္။ ဒီထက္မက ပူးေပါင္းဖု႔ိလိုပါတယ္။ တရုတ္ကေတာင္ စစ္ေကာင္စီကို တားျမစ္လို႔ရတယ္။ အျမင့္ဆုံးလုပ္ဖို႔ေတာ့လိုပါတယ္။

ကိုဝင္းမင္း ။ ။ ရုရွာမွာ ဘြဲ႔လြန္ပညာသင္ခဲ့တဲ့ ေဒါက္တာ ႏိုင္ေဆြဦး ကေတာ့ ဖိအားေပးလည္း ျမန္မာစစ္ေကာင္စီကေတာ့ ခံမွာမဟုတ္ဘူးလို႔ ျပန္ေထာက္ျပခဲ့ပါတယ္။

ေဒါက္တာ ႏိုင္ေဆြဦး ။. ။ ဖိအားေပးမႈေတြရွိေပမယ့္လည္း လက္ရွိစစ္ေကာင္စီအေနနဲ႔ကေတာ့ သူမွာ ဦးတည္ခ်က္ ရည္မွန္ခ်က္ေတြရွိၿပီးသား ။ Road Map ရွိၿပီးသား။ ဒီအတိုင္းဆက္သြားမယ္လို႔ေတာ့ က်ေနာ္တို႔ျမင္ပါတယ္။ က်ေနာ္တို႔ျမန္မာႏိုင္ငံ ေခတ္အဆက္ဆက္ အုပ္ခ်ဳပ္ခဲ့တဲ့ အစိုးရအမ်ားစုကေတာ့ ျပည္ပဖိအားေပးမႈေတြကို ဂရုစိုက္ေလ့မရွိဘူး။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ ဟားဘတ္တကၠသိုလ္မွာ ပါေမာကၡလုပ္ခဲ့ၿပီး ေျမာက္ကိုရီးယားအေရးမွာ ယုံၾကည္ခ်က္အျပည့္နဲ႔ ျပတ္ျပတ္သားလုပ္ခဲ့သူ ဝါရင့္္သံတမန္ႀကီးအေနနဲ႔ တရုတ္ဖိအားပါရေအာင္ေဆြးေႏြးႏိုင္လိမ့္မယ္လို႔ သုံးသပ္သူေတြက ဆိုေနၾကပါတယ္ခင္ဗ်ာ။

.........................................

တိုက္႐ိုက္ လင့္ခ္


Bill Richardson ရဲ့ခရီးစဉ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မလဲ

{{Unicode}}

အမေရိကန်ထိပ်တန်းအရာရှိဟောင်း Bill Richardson မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်နဲ့တွေ့ခဲ့တာကနေ ဘယ်လိုသက်ရောက်နိုင်မူအပေါ် သုံးသပ်သူတွေ ကွဲပြားနေကြပါတယ်။ မြန်မာ့အရေးကို ၁၉၉၄ ခုနှစ်ထဲက ဝင်ဖြေရှင်းပေးဖို့ ကြိုးပမ်းလာခဲ့တဲ့ အမေရိကန် စွမ်းအင်ဝန်ကြီးဟောင်းနဲ့ ကုလဆိုင်ရာသံအမတ်ကြီးဟောင်းရဲ့ အခုခရီးစဉ်ကနေ၊ နိုင်ငံရေး နဲ့ လူသားချင်းစာနာမူ ဆိုင်ရာတွေအရ အကျိုးရှိနိုင်မူအပေါ် အမြင်မတူတာတွေ ရှိနေပါတယ်။
ဒီအကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာနဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမူဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း ။. ။ ရခိုင်ပြည်နယ်အရေး အကြံပေးအဖွဲ့မှာ ပါဝင်ခဲ့ဘူးသူ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး အမေရိကန်ဝါရင့်နိုင်ငံရေးသမားကြီး Bill Richardson ခရီးအပေါ် ဒေါက်တာဆာဆာ က အခုလိုစဝေဖန်လိုက်ပါတယ်။

ဒေါက်တာ ဆာဆာ ။. ။ ကျနော်တို့ မြန်မာနိုင်ငံ ကိုယ်စားပြုနေတဲ့ NUG တု့ိ CRPHတို့နဲ့လည်း သူမသွားခင်မှာ ဆွေးနွေးသင့်တယ်။ ဒါတွေဆွေးနွေးခြင်းမရှိပဲနဲ့ ဒီအတိုင်းသွားပြီးတော့ အဲဒီလိုဖြစ်တာဟာ ဘာမှမျှော်လင့်ဖို့မရှိဘူးပေါ့။ လူသားချင်းစာနာထောက်ထားရေးအတွက်ဖြစ်တယ်လို့ ပြောပေမယ့် ကိုဗစ်ကာကွယ်ဆေးပဲဖြစ်ဖြစ် အဲဒါတွေကို စစ်ကောင်စီလက်ထက်မှာ UN တို့ INGOတို့ CSO တို့ကနေ သွားမယ်ဆိုတာပြောပြီးသား။ နိုင်ငံတကာလည်း လက်ခံပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒီခရီးစဉ်နဲ့ပါတ်သက်ပြီးတော့ မျှော်လင့်ဖို့မရှိပါဘူး။

ကိုဝင်းမင်း ။. ။ ဒါပေမယ့် မြန်မာစစ်တပ်အရာရှိဟောင်းတွေနဲ့ စဖွဲ့ခဲ့တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က ဒေါက်တာနိုင်ဆွေဦး ကတော့ အကျိုးရှိနိုင်တယ်လို့ဆိုပါတယ်။

ဒေါက်တာ နိုင်ဆွေဦး ။. ။ တရားဝင်သတင်းထုတ်ပြန်ချက်တွေအရတော့ ကိုဗစ်နိုင်တီးနဲ့ပတ်သက်ပြီးဆွေးနွေးကြတယ်လို့သိရတယ်။ တကယ်လို့များ ကိုဗစ်နိုင်တင်း နဲ့ပတ်သက်ပြီးတော့ အကူညီတွေရနိုင်ရင် အကျိုးရှိနိုင်တယ်။ လူသားချင်းစာနာမှုဆိုတဲ့ ခေါင်းစဉ်ကတော့ တခါတလေကြရင် လူကြားကောင်းအောင်တပ်တာလို့မြင်ပါတယ်။ ဒီခေါင်းစဉ်ကို အကြောင်းပြပြီးတော့ နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ဝင်ရောက်စွက်ဖက်တာ ရှေ့သမိုင်းမှာ ကျနော်တို့ မကြာခဏကြုံတွေခဲ့ရဘူးတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိမှာ အမေရိကန်နိုင်ငံသားတချို့ဖမ်းဆီးခံရတာရှိတယ်။ ဆိုတော့ သူတို့နိုင်ငံသား ပြန်လွှတ်ရေးအတွက်ပဲလာသလား ဆိုတာ စဉ်းစားဖို့သင့်တယ်။

ကိုဝင်းမင်း ။. ။ ဒေါက်တာဆာဆာကတော့ ဒီလူသားချင်းစာနာမှုအတွက်ဆိုရင်တော့ တကယ်ဒုက္ခရောက်နေတဲ့ဒေသတွေကို မရောက်နိုင်ဘူးလို့ ထပ်ဝေဖန်လိုက်ပါတယ်။

ဒေါက်တာ ဆာဆာ ။. ။ ဒီဟာကိုမှလာတဲ့ လူသာချင်းစာနာမှုကတော့ ချင်းပြည်နယ် တို့ ကချင်ပြည်နယ်တို့ အခုတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေရောက်ဖို့ဆိုတာကတော့ အခုအခြေအနေမှာ မဖြစ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ မင်္ဂလာဒုံလေဆိပ်တို့၊ ရန်ကုန်ဆိပ်ကမ်းတို့ကနေပြီးတော့ လူသားချင်းစာနာထောက်ထားတဲ့အကူညီတွေကို မလုပ်တော့ပဲနဲ့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတွေကတဆင့် နယ်စပ်ကို ဖြတ်ပြီးတော့ ကူညီထောက်ပန့်မှုတွေကို လုပ်ပေးပါဆိုပြီး တောင်းဆိုနေတာဖြစ်ပါတယ်။ ဒါလက်တွေ့လည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် စစ်ကောင်စီဖက်ကနေပြီးတော့ ဖြတ်လေးဖြတ်ကို တိုက်ပွဲဖြစ်တဲ့နေရာတိုင်းမှာ ပြုလုပ်နေတာတွေ့ရတယ်။

ကိုဝင်းမင်း ။. ။ တကယ်နိုင်ငံရေးအရဆိုရင် အမေရိကန် နဲ့တရုတ်တို့က ဖိအားပေးသင့်တယ်လို့ ဒေါက်တာ ဆာဆာ ကအကြံပြုပါတယ်။

ဒေါက်တာ ဆာဆာ ။. ။ အမေရိကန် နဲ့တရုတ်နဲ့ က အာဆီယံကိုပဲ စောင့်ကြည့်နေတာ အလုပ်မဖြစ်တော့ဘူးဆိုတဲ့အနေအထားကို နိုင်ငံအတော်များများမှာ ရှိလာတာကိုတော့ ကျနော်သုံးသပ်မိပါတယ်။ တချိန်တည်းမှာပဲ ဒါကို နည်းဗျူဟာ မဟာဗျူဟာကျကျနဲ့ ကိုင်တွယ်ဖို့လိုပါတယ်။ တရုပ်နဲ့ အမေရိကန်လည်း ပူးပေါင်းနိုင်တဲ့နေရာမှာ ပူးပေါင်းဖို့လိုပါတယ်။ ဒီထက်မက ပူးပေါင်းဖု့ိလိုပါတယ်။ တရုတ်ကတောင် စစ်ကောင်စီကို တားမြစ်လို့ရတယ်။ အမြင့်ဆုံးလုပ်ဖို့တော့လိုပါတယ်။

ကိုဝင်းမင်း ။ ။ ရုရှာမှာ ဘွဲ့လွန်ပညာသင်ခဲ့တဲ့ ဒေါက်တာ နိုင်ဆွေဦး ကတော့ ဖိအားပေးလည်း မြန်မာစစ်ကောင်စီကတော့ ခံမှာမဟုတ်ဘူးလို့ ပြန်ထောက်ပြခဲ့ပါတယ်။

ဒေါက်တာ နိုင်ဆွေဦး ။. ။ ဖိအားပေးမှုတွေရှိပေမယ့်လည်း လက်ရှိစစ်ကောင်စီအနေနဲ့ကတော့ သူမှာ ဦးတည်ချက် ရည်မှန်ချက်တွေရှိပြီးသား ။ Road Map ရှိပြီးသား။ ဒီအတိုင်းဆက်သွားမယ်လို့တော့ ကျနော်တို့မြင်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ အစိုးရအများစုကတော့ ပြည်ပဖိအားပေးမှုတွေကို ဂရုစိုက်လေ့မရှိဘူး။

ကိုဝင်းမင်း ။. ။ တကယ်တော့ ဟားဘတ်တက္ကသိုလ်မှာ ပါမောက္ခလုပ်ခဲ့ပြီး မြောက်ကိုရီးယားအရေးမှာ ယုံကြည်ချက်အပြည့်နဲ့ ပြတ်ပြတ်သားလုပ်ခဲ့သူ ဝါရင့်သံတမန်ကြီးအနေနဲ့ တရုတ်ဖိအားပါရအောင်ဆွေးနွေးနိုင်လိမ့်မယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG