သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် အစီအစဉ်သစ်တွေ ဘင်လာဒင့် မှတ်တမ်းစာအုပ်မှာ တွေ့ရ


အကြမ်းဖက် အစီအစဉ်သစ်တွေ ဘင်လာဒင့် မှတ်တမ်းစာအုပ်မှာ တွေ့ရ

အမေရိကန်က သတ်ပစ်လိုက်ပြီဖြစ်တဲ့ အယ်လ်ခိုင်းဒါး (Al Qaida) အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ အနာဂတ်မှာ လုပ်ဆောင်သွားမယ့် အကြမ်းဖက် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါဝင်ပြီး ဘင်လာဒင်ဟာ တခြား အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိတယ်ဆိုတာ ပြနေတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ အမေရိကန်ရေတပ် Navy SEAL အထူးတပ်ဖွဲ့ဝင်တွေက အိုစမာ ဘင်လာဒင်ကို သတ်ပစ်ခဲ့တဲ့ ပါကစ္စတန် မြောက်ပိုင်းက အိမ်ဝင်းထဲကနေ အဲဒီ မှတ်တမ်းစာအုပ်ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါး ခေါင်းဆောင်ဟောင်း ကိုယ်တိုင် ရေးခဲ့တယ်လို့ ယုံကြည်ရတဲ့ အဲဒီ မှတ်တမ်းစာအုပ်ထဲမှာ အကြမ်းဖက် ကွန်ရက်အဖွဲ့ရဲ့ လမ်းစဉ်၊ ဖြစ်နိုင်ဖွယ် ပစ်မှတ်တွေနဲ့ ဘယ်လိုတိုက်ခိုက်မယ် ဆိုတာတွေ အသေးစိတ် ပါတယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ဖို့ အရေးကြီးပုံနဲ့ဆိုင်တဲ့ အချက်အလက်တွေ အိုစမာ ဘင်လာဒင်ရဲ့ မှတ်တမ်းစာအုပ်ထဲမှာ ပါဝင်ပါတယ်။

XS
SM
MD
LG