သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှု ၂၀ ကျော်သေ


Hubei ပြည်နယ်ထဲက ဓာတ်အားပေးစက်ရုံတခု။
Hubei ပြည်နယ်ထဲက ဓာတ်အားပေးစက်ရုံတခု။

တရုတ်နိုင်ငံက ဓာတ်အားပေးစက်ရုံတခုမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် လူ ၂၁ ယောက်ထက် မနည်း သေဆုံးပြီး ငါးယောက် ဒဏ်ရာရ သွားတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ကြေညာပါတယ်။ Hubei ပြည်နယ်အလယ်ပိုင်း Dangyang မြို့မှာ ဖိအားမြင့် ရေနွေးငွေ့ပိုက် ပေါက်ကွဲတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကြာသပတေးနေ့က အဲဒီပေါက်ကွဲမှုဟာ တရုတ်နိုင်ငံ စက်မှုလုပ်ငန်းတွေမှာ မတော်တဆဖြစ်ရပ်တွေ မကြာခနဆိုသလို ဖြစ်နေတဲ့ ထဲ နောက်ဆုံး ထွက်လာတဲ့ ဖြစ်ရပ်ပါ။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။

တရုတ်နိုင်ငံမှာ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေ အားနည်းတာကြောင့် နှစ်ပေါင်းများစွာ ပြစ်တင် ဝေဖန်ခံထား ရတာပါ။ ဒါပေမဲ့လည်း အခြေအနေ တိုးတက်အောင် လုပ်မယ်ဆိုပြီး တရုတ် တာဝန်ရှိသူတွေက အခိုင်အမာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG