သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ စာနာမှုအကူအညီရရေး အစ္စရေးကို ကန်နိုင်ငံခြားရေးဝန်ကြီး ဖိအားပေး

ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အစည်းအဝေးမှာ ဆွေးနွေးနေတဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဧပြီ ၂၉၊ ၂၀၂၄)
ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အစည်းအဝေးမှာ ဆွေးနွေးနေတဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဧပြီ ၂၉၊ ၂၀၂၄)

ဂါဇာဒေသမှာ စာနာမှုအကူအညီတွေ ရရှိရေး တိုးတက်မှုတွေ ရှိနေပေမဲ့ အစ္စရေးက ဒီထက်ပို ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဂါဇာဒေသက စာနာမှုဆိုင်ရာအကျပ်အတည်းကနေ သက်သာရာ ရနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အပစ်အခတ် ရပ်စဲရေးသာ ဖြစ်တယ်လို့လည်း ဒေသတွင်းက အာရပ်မဟာမိတ်အဖွဲ့ဖြစ်တဲ့ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အစည်းအဝေးမှာ ပြောခဲ့တာပါ။ နယ်စပ်ဖြတ်တဲ့ ဝင်ပေါက်တွေ ပိုဖွင့်ပေးနိုင်တာ၊ ဂါဇာဒေသကို အကူအညီတွေ ပိုပေးနိုင်တာ၊ မကြာခင် အသုံးပြုနိုင်တော့မယ့် အမေရိကန်ရေတပ်က လမ်းကြောင်းဖောက်ပေးခဲ့တာတွေ အပါအဝင် မကြာသေးခင် သီတင်းပတ်တွေမှာ လက်တွေ့တိုင်းတာနိုင်တဲ့ တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ မလုံလောက်သေးဘူးလို့လည်း ပြောပါတယ်။

ဝန်ကြီးဘလင်ကန်ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်ကိုတော့ ဗုဒ္ဓဟူးနေ့အထိ ဆက်တိုးပြီး ဆော်ဒီခရီးစဉ်ပြီးရင် အစ္စရေးနဲ့ ဂျော်ဒန်နိုင်ငံတွေကိုပါ သွားမယ်လို့လည်း နိုင်ငံခြားရေးဌာနက မနေ့တုန်းကပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့၊ ပိတ်ဆို့ခံထားရတဲ့ ဒေသမှာ စာနာမှုအကူအညီတွေ တိုးမြှင့်ရရှိဖို့တွေ အပါအဝင် ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရအောင် ဝန်ကြီးဘလင်ကန် အဓိက အာရုံစိုက် ကြိုးပမ်းလိမ့်မယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ကြေညာချက် ထုတ်ပြန်ရာမှာ ပြောဆိုထားပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရ John Kirby ကလည်း ဂါဇာဒေသမှာ ၇ လကြာ စစ်ဖြစ်နေတဲ့ အစ္စရေးနဲ့ ဟာမတ်စ်ကြား သီတင်း ၆ ပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရနိုင်အောင် တွန်းအားပေးနေတယ်လို့ အမေရိကန်ရုပ်သံ ABC ရဲ့ တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG