၂၀၁၇ ခုနှစ်ဟာ smartphone လောကအတွက်တော့ အပြောင်းအလဲတွေအပြည့်နဲ့ နှစ်တနှစ်ဖြစ်ပါတယ်။
Samsung ကုမ္ပဏီဟာ Note 7 ဖုန်းတွေကို ပြန်လဲပေးခဲ့ရတဲ့အခြေအနေကနေ ပြန်ရုန်းထ လာသလို Apple ကလဲ ကုမ္ပဏီ ၁၀ နှစ်ပြည့်နဲ့ တိုက်ဆိုင်ပြီး iPhone X ကို ထုတ်လိုက်ပါ တယ်။ Nokia နဲ့ Blackberry လို တချိန်က နာမည်ကျော်ဖုန်းတွေလဲ ဈေးကွက်ထဲ ပြန်ဝင်လာ ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း smartphone တွေရဲ့ အခြေအနေအရပ်ရပ်ကို ဒီသီတင်းပတ် ဘလော်ဂါတွေ ပြောသမျှ အစီအစဉ်မှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။