သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ စာပေ နိုဘဲလ်ဆု ဂီတပညာရှင် Bob Dylan ချီးမြှင့်ခံရ


၂၀၁၅ ခုနှစ်၊ MusiCares ထူးခြားထင်ရှားပုဂ္ဂိုလ် ဆုပေးပွဲတွင် စကားပြောနေသည့် Bob Dylan ။ ဖေဖော်ဝါရီ ၆၊ ၂၀၁၅။
၂၀၁၅ ခုနှစ်၊ MusiCares ထူးခြားထင်ရှားပုဂ္ဂိုလ် ဆုပေးပွဲတွင် စကားပြောနေသည့် Bob Dylan ။ ဖေဖော်ဝါရီ ၆၊ ၂၀၁၅။

၂၀၁၆ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘဲလ်ဆုကို ဂန္ထဝင် ဂီတပညာရှင် Bob Dylan ချီးမြှင့်ခံရပါတယ်။

အမေရိကန်ရဲ့ ကြီးမားလွန်းတဲ့ သီချင်းရေးဖွဲ့မှု အစဉ်အလာထဲမှာ ကဗျာ ဆန်ဆန် ဖော်ပြချက်၏အသစ်တွေ ဆန်းသစ် ဖန်တီးခဲ့တဲ့အတွက် အသက် ၇၅ နှစ် အရွယ် Dyland ကို စာပေဆိုင်ရာ နိုဘဲလ်ဆု ချီးမြှင့်လိုက်တယ် လို့ Swedish Academy ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရင်နှစ်တွေတုန်းကလည်း သူ နိုဘဲလ်ဆုရနိုင်တယ်လို့ ပြောကြတာတွေရှိဖူးပေ မယ့် တကယ်ပဲ ဆုရနိုင်တဲ့လူ တဦးအဖြစ်တော့ မမြင်ခဲ့ကြပါဘူး။

နာမည်ရင်း Robert Allen Zimmerman လို့ခေါ်တဲ့ Bob Dylan ဟာ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတား ပြည်နယ်က ကော်ဖီဆိုင်တွေမှာ သီချင်းဆိုပြီး သူ့ရဲ့ဂီတလမ်းကြောင်းကို ၁၉၅၉ ခုနှစ်ကတည်းက စခဲ့တာပါ။

Dylan ရဲ့ နာမည်အကျော်ဆုံး သီချင်းတွေကတော့ ၁၉၆၀ ပြည့်နှစ်တွေက သီချင်းတွေပါပဲ။ အဲဒီထဲမှာ တပုဒ်က တော့ ဗီယက်နမ်စစ်ပွဲဆန့်ကျင်ရေးနဲ့ လူမှုအခွင့်အရေးလှုပ်ရှားမှုရဲ့ အထိမ်းအမှတ်သီချင်းလိုဖြစ်ခဲ့တဲ့ “Blowin’ in the Wind” သီချင်းပဲဖြစ်ပါတယ်။

XS
SM
MD
LG