[[Zawgyi/Unicode]]
အေမရိကန္ေလယာဥ္ထုတ္လုပ္တဲ့ကုမၸဏီႀကီးတခုျဖစ္တဲ့ Boeing ကုမၸဏီဟာ နာမည္ေက်ာ္ 747 ေလယာဥ္တစင္းကို ဇႏၷဝါရီလ ၃၁ ရက္ေန႔က ေနာက္ဆုံးထုတ္လုပ္ခဲ့ၿပီး ေနာက္ထပ္ 747 ေတြထုတ္လုပ္ေတာ့မွာမဟုတ္ဘဲ ရပ္ဆိုင္းလိုက္ၿပီ ျဖစ္ပါတယ္။ Natasha Mozgovaya အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ျပည္နယ္ကေန သတင္းေပးပို႔ထားတာကို-ကိုေဇာ္မိုးေက်ာ္က တင္ျပေပးထားပါတယ္။
Boeing ကုမၸဏီအမႈေဆာင္လူႀကီးေတြ၊ ဝန္ထမ္းေတြနဲ႔ ေလယာဥ္ဝယ္ယူသူေတြ တက္ေရာက္ၿပီး ေနာက္ဆုံးထုတ္လုပ္ခဲ့တဲ့ “Queen of the Skies” ေကာင္းကင္မ်ားရဲ႕ဘုရင္မလို႔တင္စားေခၚဆိုခဲ့တဲ့ 747 Boeing Jet ေလယာဥ္ႀကီးကို ေနာက္ဆုံးႏႈတ္ဆက္ၿပီးဝယ္ယူထားတဲ့ သယ္ယူပို႔ေဆာင္ေရးကုမၸဏီျဖစ္တဲ့ Atlas Air ကိုလႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။
Boeing ကုမၸဏီရဲ႕အမႈေဆာင္ခ်ဳပ္ Stan Deal က အခုလို ေျပာပါတယ္။
“ဒီကေန႔ ေနာက္ထပ္စာမ်က္ႏွာ လွန္လိုက္တာပါ။ စာအုပ္ကိုပိတ္လိုက္တာမဟုတ္ပါဘူး။ ဒါကအခန္းက႑တခုကိုသာ ပိတ္လိုက္တာပါ။ ေနာက္ထပ္ 747 ရဲ႕ အခန္းက႑အသစ္လာမွာပါ။”
ေလယာဥ္မႉးတဦးလည္းျဖစ္၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္တဦးလည္းျဖစ္တဲ့ John Travolta ကလည္း အခုလို ေျပာပါတယ္။
“ေလယာဥ္ေမာင္းႏွင္မႈေနာက္ကြယ္က သိပၸံပညာကိုနားလည္မယ္ဆိုရင္ 747 ဟာ အလြန္ထူးျခားေကာင္းမြန္တယ္ဆိုတာကို သိႏိုင္မွာပါ။”
ကုမၸဏီဝန္ထမ္းေတြအေနနဲ႔ကေတာ့ အခုလိုေနာက္ဆုံးႏႈတ္ဆက္လိုက္ရတာကို ဝမ္းနည္းဝမ္းသာျဖစ္မိၾကပါတယ္။ Omar Ismael Haroun က အခုလိုေျပာပါတယ္။
“ေျပာရရင္ေတာ့ က်ေနာ္ခံစားခ်က္မေကာင္းပါဘူး။ ဒါက တကယ့္ကိုျပည့္စုံေကာင္းမြန္တဲ့ေလယာဥ္ပါ။ က်ေနာ္ကေတာ့ ဒီေလယာဥ္ကို သိပ္ႀကိဳက္ပါတယ္။ ဒါေပမယ့္လည္း ကုမၸဏီကဆုံးျဖတ္တာဆိုေတာ့။ က်ေနာ္တို႔ လိုက္လုပ္ရမွာေပါ့။”
ဒီ 747 ေလယာဥ္ဟာ ၁၉၆၉ ခုႏွစ္မွာ စတင္ပ်ံသန္းခဲ့တာပါ။ ဒီေလယာဥ္ေတြဟာ သူ႔အရင္ေလယဥ္ေတြထက္ ႏွစ္ဆေလာက္ႀကီးၿပီး အမ်ားျပားသယ္ယူပို႔ေဆာင္ သူေတြအတြက္ အေထာက္အကူျဖစ္ပါတယ္။ 747 ေလယဥ္မႉးျဖစ္ခဲ့ဖူးတဲ့ Seattle ၿမိဳ႕ ေလယာဥ္ျပတိုက္က Eugene Vezzetti က အခုလိုေျပာျပခဲ့ပါတယ္။
“Pan Am ေလေၾကာင္းလိုင္းက ကုန္က်စရိတ္ေလွ်ာ့ခ်ၿပီး ခရီးသည္မ်ားမ်ားသယ္ ယူႏိုင္မယ့္ ေလယာဥ္မ်ိဳးလိုခ်င္တယ္လို႔ေတာင္းဆိုလာတဲ့အတြက္ Boeing ကုမပၸဏီက ခရီးသည္ ၃၆၀ ေက်ာ္ေလာက္သယ္ေဆာင္ႏိုင္တဲ့ 747 ေလယာဥ္ေတြကို စတင္တည္ေဆာက္ေပးခဲ့တာပါ။ အခုလို ခရီးသည္အမ်ားအျပားကို တခါတည္းနဲ႔ သယ္ေဆာင္သြားႏိုင္တဲ့အတြက္ ေလဆိပ္မွာခရီးသည္ေတြနဲ႔ျပည့္က်ပ္ေနတာကိုလည္း ေလွ်ာ့ခ်ႏိုင္ပါတယ္။”
အဲဒီေနာက္ Boeing ကုမၸဏီဟာ 747 ေလယာဥ္ေတြကို ၅၅ ႏွစ္ၾကာ ဆက္လက္ ထုတ္လုပ္ခဲ့ပါတယ္။ ဒီေလယာဥ္ေတြဟာ ဆယ္စုႏွစ္အေတာ္မ်ားမ်ား တာဝန္ေတြထမ္းေဆာင္ခဲ့ပါတယ္။ အဲဒီအထဲမွာ အေမရိကန္သမၼတစီးဖို႔အတြက္ အထူးေလယာဥ္လည္း ပါဝင္ပါတယ္။ ဂ်ိန္းစဘြန္းရွင္ရွင္ထဲမွာလည္း ဒီေလယာဥ္ေတြပါခဲ့ပါတယ္။ ေဝလငါးေတြ၊ ငါးမန္းေတြ၊ ေရွးေဟာင္းတ႐ုတ္စစ္သည္ေတာ္ Terra Cotta အ႐ုပ္ေတြလို ပစၥည္းေတြအပါအဝင္ ကုန္ပစၥည္းေတြလည္း သယ္ယူပို႔ေဆာင္ခဲ့ပါတယ္။
ဒီေလယာဥ္ေတြဟာ အေမရိကန္ေလတပ္အတြက္ ကြပ္ကဲေရးလုပ္ငန္းေတြမွာ အသုံးျပဳခဲ့သလို NASA အာကာသ စူးစမ္းေရးအတြက္ အာကာသယာဥ္သယ္ေဆာင္ရာမွာလည္း အသုံးျပဳခဲ့ပါတယ္။ ေန႔စဥ္လည္း ခရီးေဝးေလယာဥ္စီးခရီးသည္ေတြအတြက္လည္း ေဈးႏႈန္းသက္သာၿပီး သက္ေတာင့္သက္သာနဲ႔စီးနင္းလိုက္ပါႏိုင္ခဲ့ပါတယ္။
747 ေလယဥ္မႉးေဟာင္း Eugene Vezzetti က သူ႔အေတြ႕အႀကဳံကို အခုလိုျပန္ေျပာျပပါတယ္။
“က်ေနာ္က ဒီ အထူးတန္း ခုံနံပါတ္ ၁ မွာထိုင္စီးခဲ့တာပါ။ ပထမဆုံး 747 ေလယာဥ္ဟာ ေဖေဖၚဝါရီလ ၉ ရက္ ၁၉၆၉ ခုႏွစ္မွာပ်ံသန္းခဲ့တာပါ။ အထူးတန္းဟာ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာတြမွာ ဇိမ္ခံခရီးသြားလာေရးအတြက္စံနမူနာတခုျဖစ္ခဲ့ပါတယ္။
747 ယွဥ္ႏိုင္တဲ့ ေလယာဥ္မရွိဘူးလို႔ Vezzetti ကေတာ့ေျပာပါတယ္။
“အင္ဂ်င္ ၄ လုံးနဲ႔အင္ျပည့္အားျပည့္ ပ်ံႏိုင္ပါတယ္။ တကယ္လို႔ အင္ဂ်င္တလုံးပ်က္သြားတယ္၊ ႏွစ္လုံးပ်က္သြားတယ္၊ ၃ လုံးပ်က္တယ္ထား၊ အင္ဂ်င္တလုံးတည္းနဲ႔ ပ်ံသန္းႏိုင္ပါတယ္။”
အခုခ်ိန္အထိ ရာနဲ႔ခ်ီတဲ့ 747 ေလယဥ္ေတြဟာ ပ်ံသန္းေနဆဲျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းေတြမွာ ဆက္လက္အသုံးျပဳေနဆဲျဖစ္ပါတယ္။ ဒီေလယာဥ္ေတြရဲ႕ရွည္လ်ားတဲ့သမိုင္းေၾကာင္းဟာ ေနာက္ထပ္ ဆန္းသစ္တီထြင္မႈေတြအတြက္ ဆက္လက္ၿပီး တြန္းအားေပးေနဆဲျဖစ္ပါတယ္လို႔ Beoing ကုမၸဏီ အမႈေဆာင္ခ်ဳပ္က ေျပာခဲ့ပါတယ္။
============
[[Unicode]]
Boeing 747 လေယာဉ်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီ
အမေရိကန်လေယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတခုဖြစ်တဲ့ Boeing ကုမ္ပဏီဟာ နာမည်ကျော် 747 လေယာဉ်တစင်းကို ဇန္နဝါရီလ ၃၁ ရက်နေ့က နောက်ဆုံးထုတ်လုပ်ခဲ့ပြီး နောက်ထပ် 747 တွေထုတ်လုပ်တော့မှာမဟုတ်ဘဲ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ Natasha Mozgovaya အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်ကနေ သတင်းပေးပို့ထားတာကို-ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။
Boeing ကုမ္ပဏီအမှုဆောင်လူကြီးတွေ၊ ဝန်ထမ်းတွေနဲ့ လေယာဉ်ဝယ်ယူသူတွေ တက်ရောက်ပြီး နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ “Queen of the Skies” ကောင်းကင်များရဲ့ဘုရင်မလို့တင်စားခေါ်ဆိုခဲ့တဲ့ 747 Boeing Jet လေယာဉ်ကြီးကို နောက်ဆုံးနှုတ်ဆက်ပြီးဝယ်ယူထားတဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီဖြစ်တဲ့ Atlas Air ကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
Boeing ကုမ္ပဏီရဲ့အမှုဆောင်ချုပ် Stan Deal က အခုလို ပြောပါတယ်။
“ဒီကနေ့ နောက်ထပ်စာမျက်နှာ လှန်လိုက်တာပါ။ စာအုပ်ကိုပိတ်လိုက်တာမဟုတ်ပါဘူး။ ဒါကအခန်းကဏ္ဍတခုကိုသာ ပိတ်လိုက်တာပါ။ နောက်ထပ် 747 ရဲ့ အခန်းကဏ္ဍအသစ်လာမှာပါ။”
လေယာဉ်မှူးတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ်တဲ့ John Travolta ကလည်း အခုလို ပြောပါတယ်။
“လေယာဉ်မောင်းနှင်မှုနောက်ကွယ်က သိပ္ပံပညာကိုနားလည်မယ်ဆိုရင် 747 ဟာ အလွန်ထူးခြားကောင်းမွန်တယ်ဆိုတာကို သိနိုင်မှာပါ။”
ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ကတော့ အခုလိုနောက်ဆုံးနှုတ်ဆက်လိုက်ရတာကို ဝမ်းနည်းဝမ်းသာဖြစ်မိကြပါတယ်။ Omar Ismael Haroun က အခုလိုပြောပါတယ်။
“ပြောရရင်တော့ ကျနော်ခံစားချက်မကောင်းပါဘူး။ ဒါက တကယ့်ကိုပြည့်စုံကောင်းမွန်တဲ့လေယာဉ်ပါ။ ကျနော်ကတော့ ဒီလေယာဉ်ကို သိပ်ကြိုက်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီကဆုံးဖြတ်တာဆိုတော့။ ကျနော်တို့ လိုက်လုပ်ရမှာပေါ့။”
ဒီ 747 လေယာဉ်ဟာ ၁၉၆၉ ခုနှစ်မှာ စတင်ပျံသန်းခဲ့တာပါ။ ဒီလေယာဉ်တွေဟာ သူ့အရင်လေယဉ်တွေထက် နှစ်ဆလောက်ကြီးပြီး အများပြားသယ်ယူပို့ဆောင် သူတွေအတွက် အထောက်အကူဖြစ်ပါတယ်။ 747 လေယဉ်မှူးဖြစ်ခဲ့ဖူးတဲ့ Seattle မြို့ လေယာဉ်ပြတိုက်က Eugene Vezzetti က အခုလိုပြောပြခဲ့ပါတယ်။
“Pan Am လေကြောင်းလိုင်းက ကုန်ကျစရိတ်လျှော့ချပြီး ခရီးသည်များများသယ် ယူနိုင်မယ့် လေယာဉ်မျိုးလိုချင်တယ်လို့တောင်းဆိုလာတဲ့အတွက် Boeing ကုမပ္ပဏီက ခရီးသည် ၃၆၀ ကျော်လောက်သယ်ဆောင်နိုင်တဲ့ 747 လေယာဉ်တွေကို စတင်တည်ဆောက်ပေးခဲ့တာပါ။ အခုလို ခရီးသည်အများအပြားကို တခါတည်းနဲ့ သယ်ဆောင်သွားနိုင်တဲ့အတွက် လေဆိပ်မှာခရီးသည်တွေနဲ့ပြည့်ကျပ်နေတာကိုလည်း လျှော့ချနိုင်ပါတယ်။”
အဲဒီနောက် Boeing ကုမ္ပဏီဟာ 747 လေယာဉ်တွေကို ၅၅ နှစ်ကြာ ဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။ ဒီလေယာဉ်တွေဟာ ဆယ်စုနှစ်အတော်များများ တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအထဲမှာ အမေရိကန်သမ္မတစီးဖို့အတွက် အထူးလေယာဉ်လည်း ပါဝင်ပါတယ်။ ဂျိန်းစဘွန်းရှင်ရှင်ထဲမှာလည်း ဒီလေယာဉ်တွေပါခဲ့ပါတယ်။ ဝေလငါးတွေ၊ ငါးမန်းတွေ၊ ရှေးဟောင်းတရုတ်စစ်သည်တော် Terra Cotta အရုပ်တွေလို ပစ္စည်းတွေအပါအဝင် ကုန်ပစ္စည်းတွေလည်း သယ်ယူပို့ဆောင်ခဲ့ပါတယ်။
ဒီလေယာဉ်တွေဟာ အမေရိကန်လေတပ်အတွက် ကွပ်ကဲရေးလုပ်ငန်းတွေမှာ အသုံးပြုခဲ့သလို NASA အာကာသ စူးစမ်းရေးအတွက် အာကာသယာဉ်သယ်ဆောင်ရာမှာလည်း အသုံးပြုခဲ့ပါတယ်။ နေ့စဉ်လည်း ခရီးဝေးလေယာဉ်စီးခရီးသည်တွေအတွက်လည်း ဈေးနှုန်းသက်သာပြီး သက်တောင့်သက်သာနဲ့စီးနင်းလိုက်ပါနိုင်ခဲ့ပါတယ်။
747 လေယဉ်မှူးဟောင်း Eugene Vezzetti က သူ့အတွေ့အကြုံကို အခုလိုပြန်ပြောပြပါတယ်။
“ကျနော်က ဒီ အထူးတန်း ခုံနံပါတ် ၁ မှာထိုင်စီးခဲ့တာပါ။ ပထမဆုံး 747 လေယာဉ်ဟာ ဖေဖေါ်ဝါရီလ ၉ ရက် ၁၉၆၉ ခုနှစ်မှာပျံသန်းခဲ့တာပါ။ အထူးတန်းဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတွမှာ ဇိမ်ခံခရီးသွားလာရေးအတွက်စံနမူနာတခုဖြစ်ခဲ့ပါတယ်။
747 ယှဉ်နိုင်တဲ့ လေယာဉ်မရှိဘူးလို့ Vezzetti ကတော့ပြောပါတယ်။
“အင်ဂျင် ၄ လုံးနဲ့အင်ပြည့်အားပြည့် ပျံနိုင်ပါတယ်။ တကယ်လို့ အင်ဂျင်တလုံးပျက်သွားတယ်၊ နှစ်လုံးပျက်သွားတယ်၊ ၃ လုံးပျက်တယ်ထား၊ အင်ဂျင်တလုံးတည်းနဲ့ ပျံသန်းနိုင်ပါတယ်။”
အခုချိန်အထိ ရာနဲ့ချီတဲ့ 747 လေယဉ်တွေဟာ ပျံသန်းနေဆဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒီလေယာဉ်တွေရဲ့ရှည်လျားတဲ့သမိုင်းကြောင်းဟာ နောက်ထပ် ဆန်းသစ်တီထွင်မှုတွေအတွက် ဆက်လက်ပြီး တွန်းအားပေးနေဆဲဖြစ်ပါတယ်လို့ Beoing ကုမ္ပဏီ အမှုဆောင်ချုပ်က ပြောခဲ့ပါတယ်။