သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် အေလာ လေတပ်စခန်း ထပ်မံတိုက်ခိုက်ခံရ


နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၄၊ ၂၀၂၄)
နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၄၊ ၂၀၂၄)

နေပြည်တော်မှာရှိတဲ့ အေလာ လေတပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက ရှော့တိုက် ဒုံးတွေနဲ့ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးတာတွေရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ နေပြည်တော်က အေလာ လေတပ်စခန်းကို ဧပြီလ ၁၁ ရက်၊ ဒီကနေ့ မနက် ၄ နာရီ ၄၅ မိနစ်ခန့်က ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ Brave Warriors for Myanamar နဲ့ Moutain Knights–Civilian Defence Froce အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အေလာ လေတပ်ဟာ လုံခြုံပြီး အဆင့်မြင့်တဲ့ လေတပ်စခန်း တခုဖြစ်ပေမယ့် တော်လှန်ရေး အင်အားစုတွေရဲ့ လက်တကမ်းပစ်မှတ်မှာ ရောက်ရှိနေတယ်ဆိုတာကို သက်သေပြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ အေလာ လေတပ်အနီးမှာ နေထိုင်တဲ့ ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“၅ နာရီ မတ်တင်းမှာ အသံကြားရတာပေါ့၊ အသံတော့ တော်တော်ကျယ်တယ်။ ၃-၄ လုံးလောက်တော့ ရှိမယ်။ မီးလောင်တာတွေ ဘယ်ကို ဝင်သွားတယ်ဆိုတာတွေတော့ မမြင်ရဘူး။ လုံခြုံရေးအရ ဒေသခံတွေကတော့ အဲ့လေယာဉ်ကွင်းဘက်ကို မဝင်ဘူး။ သွားစရာရှိရင် သွားကြတယ်၊ လာကြတယ်။ စစ်ဆေးတာတွေ ဘာတွေတော့ မတွေ့ပါဘူး။”

ပစ်ခတ်ခံရပြီးနောက် လေတပ်ရဲ့ တောင်ဘက်မှာ ပေါက်ကွဲသံကြားခဲ့ရပြီး ပျက်စီး ဆုံးရှုံးမှု မသိရှိရသေးသလို ပစ်ခတ်ခံရတဲ့ လေယာဉ်ကွင်းအနီးမှာလည်း ထူးထူးခြားခြား လုံခြုံရေး တင်းကြပ်စစ်ဆေးတာမရှိဘဲ ပုံမှန်သွားလာနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Brave Warriors for Myanamar ကတော့ အေလာလေတပ်ကို ၄ ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုတိုက်ခိုက်မှုမှာ လေတပ်အရာရှိနဲ့ တပ်သားအချို့ သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ရုံးစိုက်တဲ့ စစ်ရုံးချုပ်နဲ့ အေလာ လေတပ်စခန်းတို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေက အဝေးထိန်း ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီ တိုက်ခိုက်မှုမှာတော့ ထိခိုက်ပျက်စီးတာမရှိဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဧပြီ ၈ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်လည်း ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

နေပြည်တော် အေလာ လေတပ်စခန်း ထပ်မံတိုက်ခိုက်ခံရ
please wait

No media source currently available

0:00 0:02:30 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG