သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်ကို PDF တွေ ဒရုန်းနဲ့တိုက်ခိုက်


နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၄၊ ၂၀၂၄)
နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၄၊ ၂၀၂၄)

မြန်မာစစ်ကောင်စီရဲ့ စစ်ရုံးချုပ် (ကက-ကြည်း) တည်ရှိတဲ့ နေပြည်တော်နဲ့ အေလာ လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ၄ ရက် ၄ လ ၂၀၂၄ ရက်စွဲနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကို တိုက်ခိုက်တာ ဖြစ်ပြီး PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ Lethal Prop တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။ တခြား အသေးစိတ်ကိုတော့ မဖေါ်ပြထားပါဘူး။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ နေပြည်တော် လေဆိပ် အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်တို့က ပျံသန်းလာတဲ့ ဒရုန်း စုစုပေါင်း ၇ စင်းကို လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း၊ လူနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း viber ကနေ သတင်းထုတ်ပြန်ပါတယ်။

VOA က သီးခြားအတည်ပြုချက်နဲ့ တခြား အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး စုံစမ်းသိရှိသမျှ အချက်အလက်တွေကို ဆက်လက်ဖေါ်သွားပါမယ်။

နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၄၊ ၂၀၂၄)
နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၄၊ ၂၀၂၄)

နေပြည်တော်ကို PDF တွေ ဒရုန်းနဲ့တိုက်ခိုက်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG