သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် အင်းစိန်ထောင်မှာ ပေါက်ကွဲမှုဖြစ်


အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)
အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

ရန်ကုန် အင်းစိန် အကျဉ်းထောင်အနောက်ဖက်ဂိတ်မှာ ဒီကနေ့ နေ့လည်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ အခုချိန်ထိ ထိခိုက် ဒဏ်ရာရသူမရှိဘူးလို့ ဖြစ်စဉ်ကို သိရှိလိုက်တဲ့ မျက်မြင် သက်သေတချို့က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီး ထောင်လုံခြုံရေးဘက်က ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး တင်ပြပေးပါမယ်။

ရန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင် အနောက်ဖက်ဂိတ်မှာ ဒီကနေ့ နေ့လည် ၁၁နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်တာတွေရှိခဲ့တယ်လို့ အင်းစိန်တရားရုံးနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

“အဲလောက်မဟုတ်ပါဘူး၊ တံခါးဖက်ထိပ်မှာ အစအနမသိတဲ့ ဗုံးတခုက ပေါက်ကွဲတာ။ အပြန်အလှန်ပစ်ခတ်တာတော့ မရှိပါဘူး။ အကျဉ်းထောင်လုံခြုံရေးအဖွဲ့က ပြန်ပစ်တာ နှစ်ချက်၊ သုံးချက် ဒီလောက်ပါပဲ။ ထိခိုက်ဒဏ်ရာရတာလည်း မရှိသလို အပျက်အစီးလည်း များများ စားစားမရှိပါဘူး။”

လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်စဉ်ကို အတိအကျမသိရသေးသလို ဘယ်သူ့ လက်ချက်ဖြစ်တယ်ဆိုတာလည်း အတိအကျ မသိရသေးပါဘူး။ လောလောဆယ်မှာ ထောင်အတွင်းလုံခြုံရေးကို တင်းကျပ်ထားတယ်လို့ အဲဒီ ရှေ့နေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် အောက်တိုဘာလတုန်းကလည်း အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာလက်ခံဌာနမှာ ဗုံးပေါက်ကွဲပြီးတော့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အရပ်သားအပါအဝင် လူ ၈ဦးထက်မနည်း သေဆုံးပြီး ၁၃ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်င်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ်တွေမှာလည်း ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ မကြာခဏဖြစ်နေတာမှာ အထူးသဖြင့် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ အဆောက်အဦးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွါးလေ့ ရှိပါတယ်။

{Unicode}








XS
SM
MD
LG