သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်စတွန် မာရသွန်ဗုံးခွဲသူ ပြစ်မှုထင်ရှားရင် သေဒဏ်ပေးမည်


ဘော်စတွန်ဗုံးခွဲသူ Tsarnaev
ဘော်စတွန်ဗုံးခွဲသူ Tsarnaev
အမေရိကန်မှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ မာရသွန် အပြေးပြိုင်ပွဲအတွင်း ဗုံးခွဲမှုအတွက် သံသယရှိသူကို သေဒဏ်အပြစ်ပေးဖို့ အစိုးရရှေ့နေတွေက ကြိုးစားနေပါတယ်။ အသက် ၂၀ အရွယ် Dzhokhar Tsarnaev အနေနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်မယ်ဆိုရင် သေဒဏ်အပြစ်ပေးဖို့ အစိုးရရှေ့နေတွေ လျှောက်လဲမှာ ဖြစ်တဲ့အကြောင်း ရှေ့နေချုပ် Eric Holder က ကြာသပတေးနေ့မှာပဲ ကြေညာခဲ့တာပါ။ Tsarnaev ကိုတော့ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာတုန်းက လူ ၃ ဦး သေဆုံးပြီး ၂၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဘော်စတွန်မြို့ တာဝေးအပြေးပြိုင်ပွဲမှာ အိမ်တွင်းဖြစ်ဗုံး ၂ လုံး ဖောက်ခွဲမှုအတွက် တာဝန်ရှိတယ်ဆိုပြီး စွတ်စွဲထားတာ ဖြစ်ပါတယ်။

အမေရိကန် ဗဟိုအစိုးရ အနေနဲ့ကတော့ အပြစ် ကျူးလွန်သူတွေ အပေါ် သေဒဏ်စီရင်ဖို့ လျှောက်လဲတာမျိုး အနည်းအကျဉ်းလောက် သာရှိခဲ့ပြီး ၁၉၈၈ ခုနှစ်ကနေ ၃ ဦးသာ သေဒဏ်စီရင်ခဲ့ဖူးပါတယ်။ ရှေ့နေချုပ်ကတော့ အမှုရဲ့ သဘာဝနဲ့ ဘော်စတွန် ဗုံးခွဲမှုကြောင့် ထိခိုက်မှု အတိုင်းအတာတွေအပေါ် မူတည်ပြီး သေဒဏ် အပြစ်ပေးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုမှာ ၁၀ နှစ်လောက် နေထိုင်ခဲ့ကြတဲ့ Chechens လူမျိုး Tsarnaev နဲ့ သေဆုံးသွားတဲ့ အကိုဖြစ်သူ Tamerlan Tsarnaev တို့ဟာ မွတ်ဆလင်နိုင်ငံတွေမှာ အမေရိကန်က စစ်ရေးအရ ပါဝင် စွက်ဖက်နေတာတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ထမင်းပေါင်းအိုးနဲ့ လုပ်ထားတဲ့ အိမ်တွင်းဖြစ် ဗုံး ၂ လုံးကို မာရသွန်အပြေးပြိုင်ပွဲ ပန်းဝင်မယ့်နေရာ အနီးမှာ ထောင်ထားခဲ့တယ်လို့ တရားလို ရှေ့နေတွေက စွတ်စွဲထားပါတယ်။

လူအများအပြား သေကြေစေတဲ့ လက်နက်တွေကို အသုံးပြုမှု အပါအဝင် အမှုပေါင်း ၃၀ လောက်နဲ့ ရင်ဆိုင်နေရတဲ့ Tsarnaev အတွက် ရုံးချိန်းရက်ကိုတော့ သတ်မှတ်ရသေးပါဘူး။
XS
SM
MD
LG