သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဖွံ့ဖြိုးရေးကူညီမှု ဗြိတိန်လွှတ်တော်မှာ ကြားနာ


 ဗြိတိန်အစိုးရဌာနတွေကို ကြီးကြပ်တဲ့ Cabinet ဝန်ကြီး Alan Duncan
ဗြိတိန်အစိုးရဌာနတွေကို ကြီးကြပ်တဲ့ Cabinet ဝန်ကြီး Alan Duncan
မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်အပြောင်းအလဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗြိတိန်အစိုးရ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေးဌာန DIFID ရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ဗြိတိန်ပါလီမန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးကော်မတီမှာ ဒီကနေ့ ကြားနာပွဲလုပ်ခဲ့ပါတယ်။

ဒီကြားနာပွဲမှာ ဗြိတိန်အစိုးရဌာနတွေကို ကြီးကြပ်တဲ့ Cabinet ဝန်ကြီး Alan Duncan နဲ့ DIFID ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူ Gavin McGillivray တို့က မြန်မာနိုင်ငံ အခြေအနေအပေါ် သူတို့အမြင်တွေကို ရှင်းပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ တာဝန်သိရင်းနှီးမြှုပ်နှံရေးတွေအတွက် DIFID ကပေးနေတဲ့ အကူအညီတွေ ဘယ်လောက် ထိရောက်မှုရှိသလဲဆိုတာတွေအပေါ် ရှင်းပြဆွေးနွေးခဲ့ကြပါတယ်။

၂ နိုင်ငံ စစ်တပ်က အဆင်မြင့်အကြီးအကဲတွေကြား အပြန်အလှန် အဆက်အဆံလုပ်သင့်သလားဆိုတဲ့ကိစ္စကို စဉ်းစားနေတဲ့အကြောင်း Cabinet ဝန်ကြီး Alan Duncan ကပြောခဲ့သလို ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာတွေအပေါ် နက်နက်နဲနဲ နားလည်အောင်လို့ လေ့လာတဲ့အခါမှာ ရှုပ်ထွေးနေတဲ့ ပြဿနာတခုဆိုတာ သဘောပေါက်တယ်လို့ Mr. Duncan က ပြောကြားသွားပါတယ်။

လွှတ်တော်စနစ်ခိုင်မာရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အကူအညီပေးသင့်တဲ့ကိစ္စတွေကိုလည်း အကြံပြုဆွေးနွေးကြပါတယ်။ ဒီကြားနာပွဲမှာ လက်ရှိဗြိတိန်အစိုးရက ပေးနေတဲ့ အကူအညီတွေအပြင် မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် နောင်မှာ ဘယ်လို အကူအညီတွေ ပေးသွားမယ်ဆိုတဲ့ အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
XS
SM
MD
LG