သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန် ကမ္ဘာ့ဖလား တတိယဆုရ


နယ်သာလန်က Georginio Wijnaldum သွင်းတဲ့ဂိုး လွတ်သွားတဲ့ ဘရာဇီး ဂိုးသမား Julio Cesar (ဂျူလိုင် ၁၂၊ ၂၀၁၄)
နယ်သာလန်က Georginio Wijnaldum သွင်းတဲ့ဂိုး လွတ်သွားတဲ့ ဘရာဇီး ဂိုးသမား Julio Cesar (ဂျူလိုင် ၁၂၊ ၂၀၁၄)

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို ဘရာဇီးနဲ့ နယ်သာလန်အသင်းတို့ စနေနေ့က ကစားကြတာမှာ အိမ်ရှင် ဘရာဇီးအသင်းက နယ်သာလန်ကို ၃ ဂိုး ဂိုးမရှိနဲ့ မရှုမလှ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါဟာ အိမ်ရှင် ဘရာဇီးအသင်းအနေနဲ့ ဒုတိယအကြိမ်မြောက် အရှုံးကြီး ရှုံးရခြင်းလည်း ဖြစ်ပါတယ်။

Bralilia မြို့မှာ ကျင်းပတဲ့ ပွဲစဉ်အတွင်း တကွင်းလုံး ဘရာဇီးပရိတ်သတ်တွေနဲ့ ပြည့်နေခဲ့ပေမယ့် နယ်သာလန်အသင်းက Robin van Persie နဲ့ Daley Blind တို့က အစောပိုင်းမှာကတည်းက ၁ ဂိုးစီသွင်းပြီး ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာကြောင့် ဘရာဇီးအသင်းအတွက် စိတ်ဓါတ်ကျစရာဖြစ်သွားခဲ့ပါတယ်။ နယ်သာလန်အတွက် တတိယနဲ့ နောက်ဆုံးဂိုးကိုတော့ Georginio Wijnaldum (ဝိုင်လန်းဒမ်) က ပွဲပြီးခါနီးမှာ သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချံပီယံဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ အိမ်ရှင် ဘရာဇီးအသင်းဟာ ဂျာမနီနဲ့ကစားတဲ့ ဆီးမီးဖိုင်နယ်ပွဲမှာ ၇ ဂိုး ၁ ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အတွက် ပထမဂိုးကိုတော့ Van Persie က ပွဲစပြီး ၃ မိနစ်အကြာမှာ ပင်နယ်တီကန်သွင်းပြီး ရယူပေးလိုက်တာ ဖြစ်ပါတယ်။ ဘရာဇီးနောက်တန်းလူ အသင်းကပ္ပတိန် Thiago Silva က Arjen Robben ကို ပင်နယ်စည်းဝိုင်းအပြင်ဖက်မှာ လက်နဲ့ဆွဲချလိုက်တာ ဖြစ်ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီပေးလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG