သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘရာဇီး ကာကြယ္ေရးဦးစီးခ်ဳပ္ ရာထူးက ဖယ္႐ွားခံရ


FILE PHOTO: Aftermath of Brazil's anti-democratic riots

ဒီႏွစ္ ဇန္နဝါရီလ ၈ ရက္ေန႔က လက်္ာစြန္း ဆႏၵျပသူေတြ အုံႂကြတာကို တခ်ဳိ ႔တပ္ေတြက ခြင့္ျပဳခဲ့တယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာၿပီးတဲ့ေနာက္ ဘရာဇီးလ္ သမၼတက ဘရာဇီးလ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို စေနေန႔က ရာထူး ဖယ္႐ွားလိုက္ပါတယ္။ သမၼတ Luiz Inacio Lula da Silva က ဗိုလ္ခ်ဳပ္ႀကီး Julio Cesar de Arruda ကို ဖယ္႐ွားလိုက္တယ္လို႔ ဘရာဇီးလက္နက္ကိုင္တပ္ဖြဲ႔ေတြရဲ႕ တရားဝင္ အင္တာနက္စာမ်က္ႏွာက ေျပာပါတယ္။ ကာကြယ္ေရး ဦးစီးခ်ဳပ္ေနရာကို အေ႐ွ႕ေတာင္ပိုင္းေဒသ စစ္တိုင္းမႉး ဗိုလ္ခ်ဳပ္ႀကီး Tomás Miguel Ribeiro Paiva ကို ခန္႔ထားလိုက္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး သမၼတက လူသိ႐ွင္ၾကား ဘာမွ မေျပာေပမဲ့၊ စေနညေနပိုင္းမွာ ကာကြယ္ေရး ဝန္ႀကီး Jose Mucio, သမၼတ႐ုံး အႀကီးအကဲ Rui Costa နဲ႔ ကာကြယ္ေရး ဦးစီးခ်ဳပ္အသစ္တို႔နဲ႔ စေနေန႔ညေနပိုင္းမွာ သမၼတက ေတြ႔ဆုံခဲ့ပါတယ္။ တပ္မေတာ္ ထိပ္ပိုင္းအႀကီးအကဲေတြ ၾကားမွာ ဇန္နဝါရီ ၈ ရက္ အုံႂကြမႈေၾကာင့္ ယုံၾကည္မႈပ်က္ျပားခဲ့ရၿပီး၊ အေျပာင္းအလဲ လိုအပ္ေနတယ္လို႔ အစိုးရက ဆုံးျဖတ္ခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီး Jose Mucio က ေတြ႔ဆုံပြဲအၿပီး သတင္းေထာက္ေတြကို ေျပာၾကားပါတယ္။

ယခင္ သမၼတ Jair Bolsonaro ကို ေထာက္ခံသူေတြက လႊတ္ေတာ္၊ သမၼတအိမ္ေတာ္နဲ႔ အျခား အစိုးရအေဆာက္အအုံေတြကို သိမ္းပိုက္ဖို႔ ႀကိဳးစားခဲ့ၿပီးတဲ့ေနာက္၊ သမၼတ လူလာက စစ္တပ္ကို ေဝဖန္ခဲပါတယ္။ အဲဒီ ျဖစ္ရပ္ေၾကာင့္ ဘရာဇီးႏိုင္ငံမွာ လက္ဝဲ၊ လက်္ာ ႏိုင္ငံေရး အျဖစ္ကြဲျပားသြားခဲ့ပါတယ္။

=== Unicode ===

ဒီနှစ် ဇန်နဝါရီလ ၈ ရက်နေ့က လကျာ်စွန်း ဆန္ဒပြသူတွေ အုံကြွတာကို တချို့တပ်တွေက ခွင့်ပြုခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြီးတဲ့နောက် ဘရာဇီးလ် သမ္မတက ဘရာဇီးလ် ကာကွယ်ရေးဦးစီးချုပ်ကို စနေနေ့က ရာထူး ဖယ်ရှားလိုက်ပါတယ်။ သမ္မတ Luiz Inacio Lula da Silva က ဗိုလ်ချုပ်ကြီး Julio Cesar de Arruda ကို ဖယ်ရှားလိုက်တယ်လို့ ဘရာဇီးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တရားဝင် အင်တာနက်စာမျက်နှာက ပြောပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်နေရာကို အရှေ့တောင်ပိုင်းဒေသ စစ်တိုင်းမှူး ဗိုလ်ချုပ်ကြီး Tomás Miguel Ribeiro Paiva ကို ခန့်ထားလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတက လူသိရှင်ကြား ဘာမှ မပြောပေမဲ့၊ စနေညနေပိုင်းမှာ ကာကွယ်ရေး ဝန်ကြီး Jose Mucio, သမ္မတရုံး အကြီးအကဲ Rui Costa နဲ့ ကာကွယ်ရေး ဦးစီးချုပ်အသစ်တို့နဲ့ စနေနေ့ညနေပိုင်းမှာ သမ္မတက တွေ့ဆုံခဲ့ပါတယ်။ တပ်မတော် ထိပ်ပိုင်းအကြီးအကဲတွေ ကြားမှာ ဇန်နဝါရီ ၈ ရက် အုံကြွမှုကြောင့် ယုံကြည်မှုပျက်ပြားခဲ့ရပြီး၊ အပြောင်းအလဲ လိုအပ်နေတယ်လို့ အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Jose Mucio က တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို ပြောကြားပါတယ်။

ယခင် သမ္မတ Jair Bolsonaro ကို ထောက်ခံသူတွေက လွှတ်တော်၊ သမ္မတအိမ်တော်နဲ့ အခြား အစိုးရအဆောက်အအုံတွေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက်၊ သမ္မတ လူလာက စစ်တပ်ကို ဝေဖန်ခဲပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် ဘရာဇီးနိုင်ငံမှာ လက်ဝဲ၊ လကျာ် နိုင်ငံရေး အဖြစ်ကွဲပြားသွားခဲ့ပါတယ်။

XS
SM
MD
LG