သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kavanaugh ကို စွပ်စွဲသူ အမျိုးသမီး တရားရေးကော်မီတီရှေ့ အစစ်ခံမည်


အမေရိကန် တရားရုံးချုပ် တရားသူကြီးတဦးအဖြစ် ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အမည်တင်သွင်းထားသူ Brett Kavanaugh
အမေရိကန် တရားရုံးချုပ် တရားသူကြီးတဦးအဖြစ် ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အမည်တင်သွင်းထားသူ Brett Kavanaugh

အမေရိကန် တရားရုံးချုပ် တရားသူကြီးတဦးအဖြစ် ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အမည်တင်သွင်းထားသူ Brett Kavanaugh က လိင်ပိုင်းဆိုင်ရာမတော်မတရားလုပ်တာ ခံခဲ့ရတယ်လို့ စွပ်စွဲထားသူအမျိုးသမီးက ရှေ့သီတင်းပတ်ကျရင် အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှာ ထွက်ဆိုဖို့ သဘောတူလိုက်ပြီလို့ သတင်းတွေမှာ ပြောနေကြပါတယ်။

စွပ်စွဲထားသူအမျိုးသမီး Christine Blasey Ford က ကော်မတီရှေ့ထွက်ဆိုဖို့ ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီလို့ ပြောထားတဲ့ အီးမေးလ်တစောင်ကို Ford ရဲ့ရှေ့နေတွေက ပို့လိုက်တာပါ။

“အီးမေးလ်ကနေတဆင့် ပေးပို့ထားတဲ့ ဖိတ်ချက်ကြားထဲမှာ ဖော်ပြ ထားတာအများအပြားဟာ သူ့ရဲ့စွပ်စွဲချက်တွေအပေါ် မျှတပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်မယ်လို့ ကော်မတီက ကတိ ပေးထားတာနဲ့ လုံးဝ ကိုက်ညီမှုမရှိသလို သတင်းပေါက်ကြားမှုနဲ့ လုပ်ငန်းစဉ်ကို ထိခိုက်စေတဲ့ အနိုင့်အထက် လုပ်မှုတွေအပေါ် မိမိတို့ စိတ်ပျက်ရပေမဲ့လည်း အသေးစိတ်တွေအပေါ် သဘောတူနိုင်ကြမယ်လို့ မိမိတို့ မျှော်လင့်ထားပါကြောင်း” ရှေ့နေတွေ ပြန်ပို့တဲ့ အီးမေးလ်ထဲမှာ ဖော်ပြထားပါတယ်။

ထွက်ဆိုပွဲလုပ်မယ့် အခန်းထဲကို သတင်းမီဒီယာတွေ ဝင်ရောက်ခွင့် ကန့်သတ်ဖို့နဲ့ အဲဒီအချိန်မှာ မစ္စတာ Kavanaugh ရှိမနေဖို့ အစောပိုင်းမှာ Ford နဲ့ သူ့ရဲ့ရှေ့နေတွေက တောင်းဆိုထားတာပါ။

ထွက်ဆိုဖို့ကိစ္စ အကြောင်းပြန်ဖို့အတွက် အထက်လွှတ်တော်ကော်မတီက သောကြာနေ့ည ၁၀ နာရီကို နောက်ဆုံးသတ်မှတ်ပေး ခဲ့တာပါ။ ဒါပေမဲ့ သောကြာည ၁၀ နာရီ မထိုးခင် မိနစ်ပိုင်းအလိုမှာပဲ နောက်ထပ်တရက် တိုးပေးဖို့ Ford ရဲ့ ရှေ့နေတွေက ပန်ကြားခဲ့တာဖြစ်ပါတယ်။

Kavanaugh ကို စွပ်စွဲသူ အမျိုးသမီး တရားရေးကော်မီတီရှေ့ အစစ်ခံမည်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG