သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံအမတ္ႀကီး ဦးေက်ာ္စြာမင္းကို ၿဗိတိန္မွာဆက္ေနဖို႔ ၿဗိတိန္အစိုးရခြင့္ျပဳ


ရာထူးကဖယ္ရွားခံရသူ ၿဗိတိန္ဆိုင္ရာ ျမန္မာသံအမတ္ ဦးေက်ာ္စြာမင္း

ရာထူးကဖယ္ရွားခံရသူ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္းကို သူ႔ေရွ႕ေရးအတြက္ စဥ္းစားဆုံးျဖတ္ေနခ်ိန္ ဆက္ၿပီးေနခြင့္ျပဳထားမယ္လို႔ ၿဗိတိန္အစိုးရက ေသာၾကာေန႔၊ ဒီကေန႔မွာ ေျပာလိုက္ပါတယ္။

ZAWGYI/UNICODE ရာထူးကဖယ္ရွားခံရသူ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္းကို သူ႔ေရွ႕ေရးအတြက္ စဥ္းစားဆုံးျဖတ္ေနခ်ိန္ ဆက္ၿပီးေနခြင့္ျပဳထားမယ္လို႔ ၿဗိတိန္အစိုးရက ေသာၾကာေန႔၊ ဒီကေန႔မွာ ေျပာလိုက္ပါတယ္။

ဦးေက်ာ္စြာမင္းဟာ ဧၿပီလ ၈ ရက္ေန႔က သံ႐ုံးအျပင္ဘက္ကို ေခတၱထြက္သြားခဲ့တဲ့အခ်ိန္ စစ္သံမႉး ဗိုလ္မႉးႀကီးစိုးေအာင္နဲ႔ သံမႉးႀကီး ဦးခ်စ္ဝင္းတို႔ေပါင္းၿပီး သံ႐ုံးကို ယူလိုက္ၿပီးေတာ့ သံအမတ္ႀကီး ဦးေက်ာ္စြာမင္းကို သံ႐ုံးထဲ ေပးမဝင္ေတာ့တာျဖစ္ပါတယ္။
သံအမတ္ႀကီးကို သံ႐ုံးထဲဝင္ခြင့္မေပးဘဲ ပိတ္ပင္ခဲ့တဲ့ ျမန္မာစစ္တပ္ရဲ႕ လန္ဒန္ၿမိဳ႕ကလုပ္ရပ္ကို ျပစ္တင္ရႈတ္ခ်တယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဌာနရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ျမန္မာျပည္သူေတြအတြက္ သတၱိရွိရွိ ရပ္တည္ေဆာင္႐ြက္ေပးခဲ့တဲ့ ဦးေက်ာ္စြာမင္းရဲ႕ လုပ္ရပ္ေတြအတြက္ ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္းလည္း ေဖာ္ျပပါတယ္။ ဦးေက်ာ္စြာမင္းကို အႏိုင္က်င့္တဲ့လုပ္ရပ္ေၾကာင့္ သူ႔ရဲ႕ဘဝေရွ႕ေရးအတြက္ စဥ္းစားဆုံးျဖတ္ေနခ်ိန္ အႏၲရာယ္ကင္းကင္းေနႏိုင္ေရးအတြက္ အဂၤလန္ႏိုင္ငံမွာ ဆက္လက္ေနထိုင္ခြင့္ေပးသြားမွာျဖစ္ပါတယ္လို႔လည္း ၿဗိတိန္ႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
UNICODE ရာထူးကဖယ်ရှားခံရသူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို သူ့ရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်နေချိန် ဆက်ပြီးနေခွင့်ပြုထားမယ်လို့ ဗြိတိန်အစိုးရက သောကြာနေ့၊ ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ဦးကျော်စွာမင်းဟာ ဧပြီလ ၈ ရက်နေ့က သံရုံးအပြင်ဘက်ကို ခေတ္တထွက်သွားခဲ့တဲ့အချိန် စစ်သံမှူး ဗိုလ်မှူးကြီးစိုးအောင်နဲ့ သံမှူးကြီး ဦးချစ်ဝင်းတို့ပေါင်းပြီး သံရုံးကို ယူလိုက်ပြီးတော့ သံအမတ်ကြီး ဦးကျော်စွာမင်းကို သံရုံးထဲ ပေးမဝင်တော့တာဖြစ်ပါတယ်။
သံအမတ်ကြီးကို သံရုံးထဲဝင်ခွင့်မပေးဘဲ ပိတ်ပင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လန်ဒန်မြို့ကလုပ်ရပ်ကို ပြစ်တင်ရှုတ်ချတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအတွက် သတ္တိရှိရှိ ရပ်တည်ဆောင်ရွက်ပေးခဲ့တဲ့ ဦးကျော်စွာမင်းရဲ့ လုပ်ရပ်တွေအတွက် ချီးကျူးဂုဏ်ပြုပါကြောင်းလည်း ဖော်ပြပါတယ်။ ဦးကျော်စွာမင်းကို အနိုင်ကျင့်တဲ့လုပ်ရပ်ကြောင့် သူ့ရဲ့ဘဝရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်နေချိန် အန္တရာယ်ကင်းကင်းနေနိုင်ရေးအတွက် အင်္ဂလန်နိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်ပေးသွားမှာဖြစ်ပါတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG