သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လန္ဒန္ျမန္မာသံ႐ုံးမွာ ႐ုံးတြင္းအာဏာသိမ္းမႈ သေဘာျဖစ္ေပၚေန  


လန္ဒန္ျမန္မာသံ႐ုံး

(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕က ျမန္မာသံ႐ုံးမွာ ႐ုံးတြင္းအာဏာသိမ္းမႈ သေဘာျဖစ္ေပၚေနပါတယ္။ ဗုဒၶဟူးေန႔ေႏွာင္းပိုင္းက ျမန္မာသံအမတ္ႀကီး ေခတၱအျပင္သြားေနတဲ့ အခ်ိန္မွာ သံ၀န္ထမ္းတခ်ဳိ႕က အထဲကေန တံခါးပိတ္ထားၿပီး အ၀င္ခံဖို႔ ျငင္းဆန္ခဲ့တာလို႔လည္း သံ႐ုံးအျပင္က အေျခအေနကို လူမႈကြန္ရက္မွာ တိုက္႐ိုက္ထုတ္လႊင့္ေနသူေတြက ေျပာပါတယ္။

လန္ဒန္ျမန္မာသံ႐ုံး (Aung Zin fb live )
လန္ဒန္ျမန္မာသံ႐ုံး (Aung Zin fb live )

သံအမတ္ႀကီး ဦးေက်ာ္စြာမင္းကေတာ့ သံ႐ုံးအျပင္ဖက္က ကားေပၚမွာရွိေနၿပီး သံ႐ုံးတြင္းျပန္၀င္ခြင့္ရဖို႔ ၿဗိတိသွ်ရဲတပ္ဖဲြ႕ကို အကူအညီေတာင္းခံထားေပမဲ့ သံတမန္ပိုင္နက္နယ္ေျမ ျဖစ္တာေၾကာင့္ အေရးယူေဆာင္ရြက္ေပးလို႔ မရေၾကာင္း တုံ႔ျပန္ခဲ့တယ္လို႔လည္း လူမႈကြန္ရက္ထုတ္လႊင့္မႈေတြမွာ ေျပာဆိုခဲ့တာ ေတြ႕ရပါတယ္။

သံ႐ုံးျပင္ပကို ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားတခ်ဳိ႕ကိုေတာ့ လူစုခဲြဖို႔ ရဲတပ္ဖဲြ႕က သတိေပးခဲ့တာေၾကာင့္ လူစုလူေ၀း ႀကီးႀကီးမားမားေတာ့ မရွိခဲ့ပါဘူး။

သံ႐ုံးအျပင္မွာ ျပင္၀င္ခြင့္ရဖို႔ ေစာင့္ဆိုင္းေနတဲ့ သံအမတ္ႀကီး ဦးေက်ာ္စြာမင္းကို ဗြီအိုေအက ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးပမ္းရာမွာေတာ့ လတ္တေလာ မွတ္ခ်က္မေပးလိုေသးေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္းဟာ ၿပီးခဲ့တဲ့ မတ္လ ၈ ရက္ေန႔မွာတုန္းက ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီး Dominic Raab နဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္၊ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထားတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္တို႔ကို ျပန္လႊတ္ေပးဖို႔လည္း ေၾကညာခ်က္ထုတ္ျပန္ တိုက္တြန္းခဲ့ဖူးပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြမွာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး အပါအ၀င္ ႏိုင္ငံတကာမွာ ရွိေနတဲ့ သံတမန္ ၀န္ထမ္းေတြ ေတာ္ေတာ္မ်ားမ်ားလည္း ပူးေပါင္းပါ၀င္ခဲ့ၾကတာ ျဖစ္ပါတယ္။

လန္ဒန္ျမန္မာသံ႐ုံး သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ကို သံရံုးေရွ႕ေတြ႔ရစဥ္ (ၤFB live-July Myat Tun)
လန္ဒန္ျမန္မာသံ႐ုံး သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ကို သံရံုးေရွ႕ေတြ႔ရစဥ္ (ၤFB live-July Myat Tun)

..............

လန်ဒန်မြန်မာသံရုံးမှာ ရုံးတွင်းအာဏာသိမ်းမှု သဘောဖြစ်ပေါ်နေ
(Unicode)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးမှာ ရုံးတွင်းအာဏာသိမ်းမှု သဘောဖြစ်ပေါ်နေပါတယ်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက မြန်မာသံအမတ်ကြီး ခေတ္တအပြင်သွားနေတဲ့ အချိန်မှာ သံဝန်ထမ်းတချို့က အထဲကနေ တံခါးပိတ်ထားပြီး အဝင်ခံဖို့ ငြင်းဆန်ခဲ့တာလို့လည်း သံရုံးအပြင်က အခြေအနေကို လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်နေသူတွေက ပြောပါတယ်။ သံအမတ်ကြီး ဦးကျော်စွာမင်းကတော့ သံရုံးအပြင်ဖက်က ကားပေါ်မှာရှိနေပြီး သံရုံးတွင်းပြန်ဝင်ခွင့်ရဖို့ ဗြိတိသျှရဲတပ်ဖွဲ့ကို အကူအညီတောင်းခံထားပေမဲ့ သံတမန်ပိုင်နက်နယ်မြေ ဖြစ်တာကြောင့် အရေးယူဆောင်ရွက်ပေးလို့ မရကြောင်း တုံ့ပြန်ခဲ့တယ်လို့လည်း လူမှုကွန်ရက်ထုတ်လွှင့်မှုတွေမှာ ပြောဆိုခဲ့တာ တွေ့ရပါတယ်။

သံရုံးပြင်ပကို ရောက်လာတဲ့ မြန်မာနိုင်ငံသားတချို့ကိုတော့ လူစုခွဲဖို့ ရဲတပ်ဖွဲ့က သတိပေးခဲ့တာကြောင့် လူစုလူဝေး ကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး။

သံရုံးအပြင်မှာ ပြင်ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ သံအမတ်ကြီး ဦးကျော်စွာမင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းရာမှာတော့ လတ်တလော မှတ်ချက်မပေးလိုသေးကြောင်း တုံ့ပြန်ခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်စွာမင်းဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာတုန်းက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab နဲ့ တွေ့ဆုံခဲ့ပြီးနောက်၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့လည်း ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အပါအဝင် နိုင်ငံတကာမှာ ရှိနေတဲ့ သံတမန် ဝန်ထမ်းတွေ တော်တော်များများလည်း ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG