သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတန် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည်


ကာကွယ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ Downing Street ဝန်ကြီးချုပ်ရုံးခန်းမှ ထုတ်ပြန်ပြောဆိုနေသည့် ဝန်ကြီးချုပ် Keir Starmer။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅) (AP)
ကာကွယ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ Downing Street ဝန်ကြီးချုပ်ရုံးခန်းမှ ထုတ်ပြန်ပြောဆိုနေသည့် ဝန်ကြီးချုပ် Keir Starmer။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅) (AP)

ရုရှားရဲ့ ရန်လို ခြိမ်းခြောက်မှုတွေကြောင့် ဗြိတိန်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၇ မှာ တိုးမြှင့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က အင်္ဂါနေ့က ပြောပါတယ်။

ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၁၇ ဘီလီယံ နှစ်စဥ် တိုးသွားပြီး ပြည်ပ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို ဖြတ်တောက်သွားမယ်လို့ Starmer က လွှတ်တော်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပူတင်လို အာဏာရှင်တွေက အင်အားကိုသာ တုံ့ပြန်တတ်တာမို့ ဒါက လိုအပ်တယ်လို့ Starmer က ပြောပါတယ်။

"ယူကရိန်းနဲ့ ကျနော်တို့ အတူရပ်ကြရပါမယ်။ တာရှည်ခံမယ့် ငြိမ်းချမ်းရေးမရရင် စီးပွါးရေး မတည်မငြိမ်ဖြစ်ပြီး လုံခြုံရေး ခြိမ်းခြောက်တာက ကြီးမားလာမှာပါပဲ" လို့ Starmer က ပြောပါတယ်။ သူက ကြာသပတေးနေ့ ဝါရှင်တန် မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ကာကွယ်ရေး အသုံးစရိတ်ကို တမျိုးသားလုံး ထုတ်ကုန်တန်ဖိုး ဂျီဒီပီရဲ့ ၂.၅% အထိ တိုးမြှင့်မယ်လို့ အရင်တုန်းကတည်းက ပြောခဲ့ပေမဲ့ ဘယ်တော့ စ တိုးမယ်ဆိုတာကို ခုမှ ပြောတာပါ။

မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ်အဖွဲ့ (NATO) မှာ နိုင်ငံ ၃၂ နိုင်ငံ ပါပြီး အဖွဲ့ဝင်တွေရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီရဲ့ ၂% သုံးဖို့ သတ်မှတ်ထားတာပါ။ နေတိုးအဖွဲ့ဝင် နိုင်ငံ ၂၃ နိုင်ငံကပဲ ဒီသတ်မှတ်ချက်ကို ပြည့်မီပါတယ်။ ဥရောပနိုင်ငံတွေက ပိုပြီး တာဝန်ယူဖို့ အမေရိကန် က ဖိအားပေးနေတာပါ။

ဗြိတန် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG