သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ရွေးကောက်ပွဲ ဇွန်လ ၈ရက် ကျင်းပမည်

၀န်ကြီးချုပ် Theresa May
၀န်ကြီးချုပ် Theresa May

ဗြိတိန်နိုင်ငံမှာ လာမယ့်နှစ်တွေအတွင်း တိုင်းပြည်အခြေအနေ တည်တည်ငြိမ်ငြိမ်နဲ့ ရေရေရာရာ ရှိဖို့ဆိုရင် တခုတည်းသောနည်းလမ်းက ရွေးကောက်ပွဲ အစောတလျင် ကျင်းပတာဖြစ်တယ်လို့ ဆိုပြီး လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရွေးကောက်ပွဲကို အချိန်စောကျင်းပဖို့ ဝန်ကြီးချုပ် Theresa May က ဒီကနေ့ ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲ စောပြီး ကျင်းပခြင်းအားဖြင့် ဥရောပသမဂ္ဂ အီးယူကနေ ဗြိတိန်နိုင်ငံ ခွဲထွက်မယ့် လုပ်ငန်းစဉ်တွေ စေ့စပ်ညှိနှိုင်းရာမှာ ပိုပြီး ခိုင်မာအားကောင်းလာဖို့ ဝန်ကြီး မေ က မျှော်လင့်နေတာပါ။ ဥရောပသမဂ္ဂ နဲ့ ပတ်သက်တဲ့ Lisbon သဘောတူညီချက် အပိုဒ် ၅၀ ကို ထောက်ပြပြီး အီးယူထဲကနေ ဗြိတိန်ခွဲထွက်ခဲ့ချိန်ကစလို့ ၂ နှစ်ကြာ ခွဲထွက်ရေး လုပ်ငန်းစဉ်တွေအတွင်းမှာ အလုပ်သမားပါတီနဲ့ စကော့တလန်ဆိုင်ရာ ဝန်ကြီး Nicola Sturgeon ဦးဆောင်ပြီး ဗြိတိန်ခွဲထွက်ရေးကို ဆန့်ကျင်တဲ့ အတိုက်အခံတွေရဲ့ ဆန္ဒပြမှုတွေ ရှိလာနေတာပါ။

လာမယ့် ၂၀၂၀ ခုနှစ်ကျမှ ကျင်းပရမယ့် ရွေးကောက်ပွဲကို အချိန်အများကြီး စောပြီး ဒီနှစ်ထဲကျင်းပဖို့ ကြိုးစားတာဟာ ဝန်ကြီးမေ အနေနဲ့ ကွန်ဆာဗေးတစ်တွေရဲ့ အာဏာကို ပိုမိုခိုင်မာအောင်လုပ်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

ဗြိတိန်ရွေးကောက်ပွဲ ဇွန်လ၈ရက် ကျင်းပမည်
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG