သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်နိုင်ငံကို တိုက်ခိုက်ခဲ့မှု မှားယွင်းကြောင်း ဗြိတိန်စုံစမ်းတွေ့ရှိ


အီရတ်စစ်ပွဲ မှာ ဗြိတိန်နိုင်ငံရဲ့ အခန်းကဏ္ဍအပေါ် စုံစမ်းစစ်ဆေးမှုတခုကို ဦးဆောင်လုပ်ခဲ့သူ ဗြိတိသျှအစိုးရ ဝန်ထမ်းဟောင်း John Chilcot
အီရတ်စစ်ပွဲ မှာ ဗြိတိန်နိုင်ငံရဲ့ အခန်းကဏ္ဍအပေါ် စုံစမ်းစစ်ဆေးမှုတခုကို ဦးဆောင်လုပ်ခဲ့သူ ဗြိတိသျှအစိုးရ ဝန်ထမ်းဟောင်း John Chilcot

အီရတ်စစ်ပွဲဟာ ဆိုးရွားစွာ မှားယွင်းခဲ့ပြီး ဒီကနေ့အချိန်ထိ အကျိုးဆက်တွေ ခံစားနေရတဲ့ စွက်ဖက်မှုတခုဖြစ်တယ်လို့ အီရတ်စစ်ပွဲ မှာ ဗြိတိန်နိုင်ငံရဲ့ အခန်းကဏ္ဍအပေါ် စုံစမ်းစစ်ဆေးမှုတခုကို ဦးဆောင်လုပ်ခဲ့သူက ဒီကနေ့ ပြောလိုက်ပါတယ်။

အချိန်အတော်ကြာ စောင့်နေခဲ့ကြရတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ချိန်မှာပဲ ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခဲ့သူ ဗြိတိသျှအစိုးရ ဝန်ထမ်းဟောင်း John Chilcot က အခုလို ပြောလိုက်တာပါ။ ဒီစုံစမ်းစစ်ဆေးမှုမှာ အများပြည်သူရှေ့မှောက် ကြားနာတာတွေကို နှစ်ပေါင်းများစွာ လုပ်ခဲ့သလို အထောက်အထားပေါင်း တသိန်းခွဲကို ဆန်းစစ်လေ့လာခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်မှုကိုလုပ်ဖို့ တကယ်ပဲ လိုအပ်ခဲ့သလား၊ ကျူးကျော် သိမ်းပိုက်ပြီး တဲ့နောက်ပိုင်း ဖြစ်လာတဲ့ မတည်မငြိမ်အခြေအနေ တွေကို ကြိုပြီး မျှော်လင့်ထားခဲ့သလား စတဲ့မေးခွန်းတွေအတွက် အဖြေရဖို့ အခုလို စုံစမ်း စစ်ဆေးတာပါ။

အီရတ်မှာ စစ်ရေးအရ လုပ်ဆောင်ဖို့ အခြေအနေတခုမှာ လိုအပ်ကောင်း လိုအပ်နိုင်ခြေ ရှိခဲ့ပေမဲ့ ၂၀၀၃ ခုနှစ် မတ်လတုန်းက တော့ ဆက်ဒမ် ဟူစိန်ဆီကနေ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှု မရှိခဲ့ဘူးလို့ Chilcot ကပြောပါတယ်။

အီရတ်စစ်ပွဲဆင်နွှဲဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရှေ့မှာ ဆုံးဖြတ်ခဲ့တာဟာ အီရတ်ကို ထိန်းချုပ်ပြီး လက်နက်ဖြုတ်သိမ်းရေး အခွင့် အလန်းတွေ လက်လွတ်သွားစေ ခဲ့တယ်လို့ သူကဆိုပါတယ်။ ဒ့ါအပြင် လူအစုအဝေးလိုက် သေစေနိုင်တဲ့ လက်နက်တွေရဲ့ ခြိမ်းခြောက်မှုဆိုတာကလည်း ကျိုးကြောင်းသင့်လျော် မှန်ကန်တဲ့ အချက်တခု လုံးဝမဟုတ်ဘူးလို့ Chilcot ကပြောပါတယ်။ လူအမြောက်အများ သေစေနိုင်တဲ့ ဘယ်လို လက်နက် မျိုးကိုမှ အီရတ်မှာ မတွေ့ခဲ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG