လန်ဒန်မြို့က ပြဇာတ်ရုံတခုရဲ့ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြိုကျခဲ့တာမှာ လူပေါင်း၈၈ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲမှာ ၅ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ Apollo ကဇာတ်ရုံမှာ ကြာသပတေးနေ့ ညနေခင်းက The Curious Incident of the Dog in the Night-Time ဆိုတဲ့ ပြဇာတ် ကနေချိန်မှာ အခုလို ပြိုကျခဲ့တာပါ။
ထိုင်ခုံပေါင်း ၇၇၅ ခုံရှိတဲ့ ဒီပြဇာတ်ရုံ ပြိုကျချိန်မှာ ပိတ်မိနေသူအားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြိုကျပျက်စီးတဲ့နေရာမှာ ရှိနေတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ ပြဇာတ်ကနေချိန်မှာ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြုတ်ကျလာချိန်မှာ၊ ဒါဟာ ပြဇာတ်ထဲမှာ ပါတဲ့အရာ မဟုတ်ဘူးလို့ သိလိုက်တာနဲ့ ဇာတ်ရုံထဲက လူတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။
ဘာကြောင့် ခုလို ပြိုကျရလဲဆိုတာ သေချာမသိရသေးပေမဲ့၊ ဒါဟာ တမင်တကာ တိုက်ခိုက်မှုတခုခုကြောင့် ဖြစ်တာမျိုးတော့ မတွေ့ရသေးဘူးလို့ ရဲက ပြောပါတယ်။