သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပခေါင်းဆောင် ၄၅ ယောက်ကျော်နဲ့ ဗြိတိန်ဝန်ကြီးချုပ် တွေ့ဆုံမည်


ဗြိတိန်နိုင်ငံ Oxford မြို့မှာ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေတဲ့ ဗြိတိန်ဝန်ကြီးချဒပ် Keir Starmer (ဒု-ယာ) (ဇူလိုင် ၁၈၊ ၂၀၂၄)
ဗြိတိန်နိုင်ငံ Oxford မြို့မှာ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေတဲ့ ဗြိတိန်ဝန်ကြီးချဒပ် Keir Starmer (ဒု-ယာ) (ဇူလိုင် ၁၈၊ ၂၀၂၄)

ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer ဟာ ဗြိတိန် နဲ့ ဥရောပနိုင်ငံတွေကြား ဆက်ဆံရေးပြန်လည် တည်ဆောက်တဲ့အနေနဲ့ ဥရောပခေါင်းဆောင် ၄၅ ယောက်ကျော် နဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီ အစိုးရလက်ထက်မှာ ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေ နှုတ်ထွက်ခဲ့တာကြာင့် ဗြိတိန်နဲ့ ဥရောပကြား ဆက်ဆံရေးထိခိုက်ခဲ့တာကို ပြန်တည်ဆောက်တဲ့အနေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဥရောပနိုင်ငံရေးအသိုက်အဝန်းက ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ယူကရိန်းအရေးကိစ္စ၊ တရားမဝင်အခြေချရွှေ့ပြောင်း. နေထိုင်မှုတွေ နဲ့ စွမ်းအင်လုံခြုံရေးကိစ္စရပ်တွေကို ဒီဆွေးနွေးပွဲအတွင်းမှာ အဓိကထားဆွေးနွေကြမှာဖြစ်ပြီး ဒီဆွေးနွေးပွဲကို ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ Winston Churchill ရဲ့ မွေးတဲ့နေရာ Blenheim Palace မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲကို ယူကရိန်းသမ္မတ Volodymyr Zelenskyy လည်း တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ဗြိတိန် နဲ့ ဥရောပနိုင်ငံတွေဟာ ယူကရိန်းကို အကူအညီပေးတာကနေ လူကုန်ကူးတဲ့ဂိုဏ်းတွေကို နှိမ်နှင်းတာတွေအထိ စိန်ခေါ်မှုတွေ အများအပြားနဲ့ ရင်ဆိုင်နေရတာအမျှ၊ ဗြိတိန်နဲ့ ဥရောပမဟာမိတ်တွေရဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ လုပ်သွားမယ်လို့ ဝန်ကြီးချုပ်သစ် Starmer က ကတိပြုပြောကြားခဲ့ပါတယ်။

ဗြိတိန်အစိုးရရဲ့ ဥရောပအပေါ် ချဉ်းကပ်မှုအသစ်ကို ဥရောပနိုင်ငံရေးအသိုက်အဝန်းထိပ်သီးဆွေးနွေးပွဲနဲ့ စတင်မှာဖြစ်ပြီး၊ ဒီချဉ်းကပ်မှုအသစ်က အခုလက်ရှိ ကျနော်တို့အတွက်ပဲ အကျိုးရှိစေမှာ မဟုတ်ဘဲ၊ နောက်လာမယ့် မျိုးဆက်တွေအတွက်လည်း အကျိုးရှိစေမှာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် Starmer က ဆွေးနွေးပွဲမတိုင်ခင်မှာ ပြောကြားလိုက်ပါတယ်။ လူတွေရဲ့ ဘဝတွေကို ပိုအကျိုးရှိစေမယ့် အကျိုးတူဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ဖို့၊ ဗြိတိန်အနေနဲ့ ကမ္ဘာ့ဇတ်ခုံမှာ ဒီထက်ပိုပြီး တက်တက်ကြွကြွ နဲ့ ဦးဆောင် ပါဝင်သွားမယ်ဆိုတာကို ဝန်ကြီးချုပ် Starmer အနေနဲ့ ပြောကြားသွားမှာ ဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ဥရောပခေါင်းဆောင် ၄၅ ယောက်ကျော်နဲ့ ဗြိတိန်ဝန်ကြီးချုပ် တွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG