သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး ဖြတ်တောက်မှု ဆင်းရဲတဲ့ နိုင်ငံတွေ ထိခိုက်နိုင်


ဘဏ္ဍာရေး ဖြတ်တောက်မှု ဆင်းရဲတဲ့ နိုင်ငံတွေ ထိခိုက်နိုင်

အသုံးစရိတ် ဘတ်ဂျက် အကျပ်အတည်း ဖြစ်နေတဲ့ အစိုးရတွေက နိုင်ငံခြား ထောက်ပံ့မှုတွေကို လျှော့ချဖို့ စဉ်းစားနေတာဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အသက်ကယ်တင်နိုင်မယ့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့နဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အထောက်ပံ့တွေ ရရှိနိုင်ဖို့ အခက်ကြုံနေရတယ်လို့ အမေရိကန် ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ်စ် (Bill Gates) က ပြောလိုက်ပါတယ်။

ကမ္ဘာကြီးမှာ ကျန်းမာနေကြဖို့နဲ့ တည်ငြိမ်မှုရှိဖို့ ဆင်းရဲတဲ့ နိုင်ငံတွေကို ထောက်ပံ့တာဟာ ချမ်းသာတဲ့ နိုင်ငံတွေ အတွက်လည်း အကျိုးရှိတယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ စာမျက်နှာ ၂၄ မျက်နှာပါ စာတမ်းထဲမှာ မစ္စတာဂိတ်စ်က ပြောထားပါတယ်။

ပိုလီယို၊ ငှက်ဖျားနဲ့ AIDS ရောဂါတွေ အပါအဝင် ကမ္ဘာ့ ကျန်းမာရေး ပြဿနာတွေ တိုက်ဖျက်ရေးအတွက် ငွေကြေးတွေ ဆက်လက် သုံးစွဲသင့်တယ်လို့လည်း မစ္စတာဂိတ်စ်က မီးမောင်းထိုးပြထားပါတယ်။

လက်ရှိ ရှိနေတဲ့ ကုသမှုတွေကို ဒီ့ထက် စရိတ်နည်းအောင် ဘယ်လိုလုပ်သင့်လဲ ဆိုတာကိုလည်း အဓိက အာရုံစိုက်သင့်တယ်လို့ ဆိုပါတယ်။

ကြိုတင်ကာကွယ်ရေးဟာ ကုသရေးထက်ကို အများကြီး စရိတ်နည်းတာကိုလည်း သူက ထောက်ပြပါတယ်။ ကလေးသူငယ်တွေကို ကာကွယ်ဆေးထိုး ဆေးတိုက်ကျွေးခြင်းရဲ့ အကျိုးအဖြစ် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမယ့် ရောဂါတွေကို ကာကွယ်နိုင်တယ်လို့လည်း ပြောပါတယ်။

လယ်သမားတွေရဲ့ ထုတ်လုပ်မှု အင်အားနဲ့ အာဟာရ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကိုလည်း လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ဆက်ပြီး ပေးသွားကြပါလို့ အမေရိကန် ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG