သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Burkina Faso စစ္စခန္းအမ်ားအျပားမွာ ပစ္ခတ္သံမ်ားၾကားရ


Burkina Faso ႏုိင္ငံေျမပုံ။

(Zawgyi / Unicode)

အာဖရိကတုိက္ အေနာက္ပုိင္းႏုိင္ငံတခုျဖစ္တဲ့ Burkina Faso က စစ္စခန္းအေတာ္မ်ားမ်ားမွာ တနဂၤေႏြေန႔ အေစာပုိင္းက ေသနတ္ပစ္ခတ္မႈေတြ ေပၚေပါက္ခဲ့တယ္လို႔ အစိုးရကေျပာေပမယ့္ စစ္တပ္က အာဏာသိမ္းယူၿပီ ဆိုတာကိုေတာ့ ျငင္းဆန္ပါတယ္။

ၿမိဳ႔ေတာ္ Ouagadougou က Sangoule Lamizana စခန္းမွာ လက္နက္ႀကီး ပစ္ခတ္မႈေတြ ေပၚေပါက္ခဲ့တာပါ။ အဲဒီစခန္းမွာ အေထြေထြ စစ္ဘက္ဝန္ထမ္းေတြ တပ္စြဲထားသလို ၂၀၁၅ ခုႏွစ္ စစ္အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈမွာ ပါဝင္ခဲ့တဲ့ တပ္ဖြဲ႔ဝင္ေတြကိုပါ ထိန္းသိမ္းထားတဲ့ အက်ဥ္းေထာင္လည္း ရွိပါတယ္။

မနက္ ၅ နာရီေလာက္မွာ ပစ္ခတ္မႈေတြ စတင္ခဲ့တာလို႔ ႐ိုက္တာသတင္းတရပ္မွာ ေရးထားပါတယ္။

အခင္းျဖစ္ရာစခန္းဟာ Ouagadougou ေလဆိပ္နားမွာ ရိွတာျဖစ္ၿပီး စစ္သားေတြက မိုးေပၚေထာင္ၿပီး ေသနတ္ေတြ ပစ္ေဖာက္ၾကတာကိုလည္း သတင္းေထာက္က ေတြ႔ျမင္ခဲ့ရပါတယ္။ ဒါ့အျပင္ ၿမိဳ႔ေတာ္ Ouagadougou ေျမာက္ဘက္ ကိီလိုမီတာ ၁၀၀ အကြာေလာက္မွာရွိတဲ့ Kaya စစ္စခန္းမွာလည္း ေသနတ္သံေတြ ၾကားရတယ္လို႔ မ်က္ျမင္ေတြ႔သူတေယာက္က ေျပာပါတယ္။

စစ္စခန္းတခ်ိဳ႕မွာ ေသနတ္ပစ္ေဖာက္မႈေတြ ရွိတယ္ဆိုတာကို Burkina Faso အစိုးရက ဝန္ခံေျပာၾကားေပမယ့္ လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ေနသလို စစ္တပ္က အာဏာသိမ္းလိုက္ၿပီ ဆိုတာေတာ့ မဟုတ္ဘူးလို႔ ျငင္းဆိုပါတယ္။

သမၼတ Roch Marc Kabore ကို ဖမ္းဆီးသြားၿပီဆိုတဲ့ ေကာလာဟလေတြ မမွန္ဘူးလို႔ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး Bathelemy Simpore က ႏုိင္ငံေတာ္႐ုပ္သံကေန ေျပာၾကားခဲ့တာပါ။ ေသနတ္ပစ္ခတ္မႈေတြ ေပၚေပါက္ရတဲ့ အေၾကာင္းရင္းကိုေတာ့ မသိရေသးဘူးလို႔လည္း ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

Burkina Faso စစ်စခန်းအများအပြားမှာ ပစ်ခတ်သံများကြားရ

အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတခုဖြစ်တဲ့ Burkina Faso က စစ်စခန်းအတော်များများမှာ တနင်္ဂနွေနေ့ အစောပိုင်းက သေနတ်ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ အစိုးရကပြောပေမယ့် စစ်တပ်က အာဏာသိမ်းယူပြီ ဆိုတာကိုတော့ ငြင်းဆန်ပါတယ်။

မြို့တော် Ouagadougou က Sangoule Lamizana စခန်းမှာ လက်နက်ကြီး ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီစခန်းမှာ အထွေထွေ စစ်ဘက်ဝန်ထမ်းတွေ တပ်စွဲထားသလို ၂၀၁၅ ခုနှစ် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကိုပါ ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်လည်း ရှိပါတယ်။

မနက် ၅ နာရီလောက်မှာ ပစ်ခတ်မှုတွေ စတင်ခဲ့တာလို့ ရိုက်တာသတင်းတရပ်မှာ ရေးထားပါတယ်။

အခင်းဖြစ်ရာစခန်းဟာ Ouagadougou လေဆိပ်နားမှာ ရှိတာဖြစ်ပြီး စစ်သားတွေက မိုးပေါ်ထောင်ပြီး သေနတ်တွေ ပစ်ဖောက်ကြတာကိုလည်း သတင်းထောက်က တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် မြို့တော် Ouagadougou မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာလောက်မှာရှိတဲ့ Kaya စစ်စခန်းမှာလည်း သေနတ်သံတွေ ကြားရတယ်လို့ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။

စစ်စခန်းတချို့မှာ သေနတ်ပစ်ဖောက်မှုတွေ ရှိတယ်ဆိုတာကို Burkina Faso အစိုးရက ဝန်ခံပြောကြားပေမယ့် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေသလို စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုတာတော့ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

သမ္မတ Roch Marc Kabore ကို ဖမ်းဆီးသွားပြီဆိုတဲ့ ကောလာဟလတွေ မမှန်ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Bathelemy Simpore က နိုင်ငံတော်ရုပ်သံကနေ ပြောကြားခဲ့တာပါ။ သေနတ်ပစ်ခတ်မှုတွေ ပေါ်ပေါက်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့လည်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG