သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်အပြောင်းအလဲရဲ့ အစလို့ ဘန်ကီမွန်းမျှော်လင့်


မြန်မာပြည်အပြောင်းအလဲရဲ့ အစလို့ ဘန်ကီမွန်းမျှော်လင့်
မြန်မာပြည်အပြောင်းအလဲရဲ့ အစလို့ ဘန်ကီမွန်းမျှော်လင့်

မြန်မာစစ်အစိုးရရဲ့ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နိုင်ငံတော်သမ္မတအဖြစ် အခုကျင်းပနေတဲ့ လွှတ်တော်မှာ မနေ့ကပဲ ရွေးချယ်လိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အစပြုတဲ့သဘောပဲလို့ မျှော်လင့်တယ်၊ မြန်မာပြည်အတွက် အရေးကြီးတဲ့ အခွင့်အလမ်းတရပ်ဆိုတဲ့ သဘောပဲလို့ဆိုပါတယ်။ ကုလသမဂ္ဂဟာ မြန်မာပြည်က အစိုးရသစ်အပြင် တိုင်းပြည်မှာအရေးပါတဲ့ အင်အားစုတွေရဲ့ ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီထွန်းကားရေး၊ တိုင်းပြည် တိုးတက်ရေးနဲ့ တည်ငြိမ်းရေးတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားဖို့ အသင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးသိန်းစိန် သမ္မတ အရွေးခံရတာ အံ့သြစရာမဟုတ်ဘူး၊ မျှော်လင့်ထားပြီးသားပါလို့ ဆိုပါတယ်။ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကပဲ ဗိုလ်ချုပ်ကြီးရာထူးက အနားယူပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ဥက္ကဌ ပြောင်းလုပ်ခဲ့တာပါ။ နိုဝင်ဘာလဆန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တခြား နိုင်ငံရေးပါတီတွေ အများအပြား ဝင်ပြိုင်ခဲ့ကြပေမဲ့လည်း ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲ အနိုင်ရခဲ့ပြီး လွှတ်တော်က အရေးကြီးတဲ့ နေရာတွေမှာလည်း စစ်တပ်ကနေ မကြာခင်ကမှ ဦးသိန်းစိန်လို ပြောင်းလာခဲ့ကြတဲ့ သူတို့ပါတီကလူတွေ အများစုကပဲ ထိန်းချုပ်ထားတာပါ။

သမ္မတရဲ့ ပထမဆုံးလုပ်ရမယ့်အလုပ်တွေထဲမှာ အစိုးရသစ် ဖွဲ့စည်းရေးလည်း ပါဝင်ပါတယ်။ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေ စိုးရိမ်နေကြတာတခုကတော့ အရပ်သားအုပ်ချုပ်မှုရဲ့ နောက်ကနေ စစ်တပ်အာဏာ သုံးပြီး အုပ်ချုပ်နေမလား ဆိုတာပါပဲ။ သမ္မတအဖြစ် ရွေးချယ်ဖို့ တင်မြှောက်ခံရတဲ့သူတွေထဲမှာ ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးနဲ့ ရှမ်းပြည်နယ်မှာ ဆေးကုသနေတဲ့ ဒေါက်တာ စိုင်းမောဝ်ခမ်းတို့ ပါဝင်ကြပါတယ်။

XS
SM
MD
LG