သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပိတ်ဆို့မှုထောက်ခံတဲ့အတွက် ဒေါ်စုကိုတောင်းပန်ခိုင်း


စီးပွားရေးပိတ်ဆို့မှုထောက်ခံတဲ့အတွက် ဒေါ်စုကိုတောင်းပန်ခိုင်း
စီးပွားရေးပိတ်ဆို့မှုထောက်ခံတဲ့အတွက် ဒေါ်စုကိုတောင်းပန်ခိုင်း

အခုရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရသတင်းစာတွေမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အရင်တုန်းကလိုပဲ ထိုးနှက်တိုက်ခိုက်ရေးသားတဲ့ ဆောင်းပါးတွေ ဆက်တိုက် ဖော်ပြနေခဲ့ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စစ်အစိုးရသတင်းစာက ဆောင်းပါးတပုဒ်မှာတော့ မြန်မာနိုင်ငံမှာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်မှုတွေဖြစ်ပေါ်စေတဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေကို အားပေးထောက်ခံနေသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုကို ဝန်ချတောင်းပန်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒီဆောင်းပါးအကြောင်းရေးသားထားတဲ့ ရိုက်တာသတင်းထဲမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်က စစ်အစိုးရ သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သမိုင်းနိဂုံး အဆုံးသတ် သွားတာကို ရင်ဆိုင်ရမှာဖြစ်တဲ့အကြောင်းနဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရအနေနဲ့ ပျော့ပျော့ပြောင်းပြောင်း မရပ်တည်ဖို့ တိုက်တွန်းပါကြောင်းတွေကို ဖော်ပြထားတဲ့ ဆောင်းပါးတွေကိုလည်း သတင်းစာတွေမှာ တွေ့ခဲ့ရပါတယ်။

မြန်မာစစ်အစိုးရဟာ ဈေးကွက်စီးပွားရေးအတွက် တံခါးဖွင့်ထားပေးပေမဲ့လည်း အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု တွေကြောင့် စိတ်ကျေနပ်စရာ ရှိလောက်အောင် တွန်းအားတွေမဖြစ်ခဲ့ဘူးလို့လည်း ရေးသားထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ပြည်သူလူထု ထိခိုက်နစ်နာနေရတာဟာ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်သာဖြစ်ပြီး အရေးယူ ပိတ်ဆို့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့်မဟုတ်ဘူးလို့ NLD ကပြောဆိုနေတာ မှားယွင်းကြောင်းနဲ့ NLD ဖန်တီး ခဲ့လို့ဖြစ်ပေါ်လာခဲ့ရတဲ့ ပြဿနာတရပ်ကို NLD ကဖြေရှင်းပေးဖို့တာဝန်ရှိကြောင်းနဲ့ ပုဆိန်ရိုးတွေရဲ့ စီးပွားရေးပိတ်ဆို့ဖို့ တောင်းဆိုတာတွေမရှိခဲ့ရင် မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေထက် အလျှံပယ် ဖွံ့ဖြိုး တိုးတက် ကောင်းမွန်သာလွန်နေပြီလို့လည်း အဲဒီဆောင်းပါးမှာ ရေးသားထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG