သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဝန်ကြီးတို့ တွေ့ဆုံဖွယ်ရှိ


ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဝန်ကြီးတို့ တွေ့ဆုံဖွယ်ရှိ
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဝန်ကြီးတို့ တွေ့ဆုံဖွယ်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တနင်္လာနေ့ကျရင် အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဖို့ရှိတယ်လို့ မြန်မာနိုင်ငံကလာတဲ့ သတင်းတွေက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘက်ကတော့ ဒီတွေ့ဆုံမယ့်အစီအစဉ်ကို မသိသေးဘူးလို့ သတင်းတွေထဲမှာ ဆိုပါတယ်။ ဦးအောင်ကြည်ဟာ အရင်စစ်အစိုးရလက်ထက်တုန်းက စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ ဆက်ဆံရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား အရင်အစိုးရလက်ထက်က ၁၀ ကြိမ်လောက် တွေ့ဆုံခဲ့ဖူးပါတယ်။ တကယ်လို့သာ တနင်္လာနေ့မှာ တွေ့ဆုံဖြစ်မယ်ဆိုရင် ဒါဟာ အစိုးရသစ်လက်ထက်မှာ သူတို့နှစ်ယောက်ကြား ပထမဆုံး တွေ့ဆုံတာဖြစ်ပါလိမ့်မယ်။ တွေ့ဆုံဆွေးနွေးရေးလုပ်ပါလို့ အကြိမ်ကြိမ် တောင်းဆိုနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နဲ့ အရင် ဆက်ဆံရေးဝန်ကြီးတို့ကြား အကြိမ်ကြိမ် တွေ့ဆုံမှုကနေ ထူးခြားတဲ့ရလဒ်တွေ မရှိခဲ့ပါဘူး။ အစိုးရသစ်ကလည်း NLD ကို တရားမဝင်တဲ့ အဖွဲ့တခုအဖြစ်နဲ့ ပုံဖော်ပြောဆိုနေတဲ့အပြင် NLD နဲ့ တွေ့ဆုံဆွေးနွေးပွဲကို စိတ်ဝင်စားပုံ မပြခဲ့ပါဘူး။ ဒါ့အပြင် အစိုးရသတင်းစာတွေထဲမှာ NLD ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို မကြာခင်တုန်းကပဲ ခြိမ်းခြောက်ရေးသား ခဲ့ပါတယ်။

အခုတော့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် အစိုးရဘက်က ခြေလှမ်းကို မြန်မာ့အရေး လေ့လာသူတွေက စိတ်ဝင်စားနေကြပါတယ်။

XS
SM
MD
LG