သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 ကပ္ေဘးေၾကာင့္ ျမန္မာ့ေရြးေကာက္ပဲြ ထိခိုက္ႏိုင္လား


ေရြးေကာက္ပဲြမ်ား ေစာင့္ၾကည့္ေလ့လာေရးအဖဲြ႔မွ အမႈေဆာင္ညႊန္ၾကားေရးမွဴး မျမႏၵာသင္း
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္ကပ္ေရာဂါ အက်ပ္အတည္းေၾကာင့္ ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ပညာေရးအဘက္ဘက္မွ ရိုက္ခတ္မႈေတြ၊ ထိခိုက္မႈေတြ သက္ေရာက္မႈေတြ အေတာ္မ်ားမ်ားရိွေနပါတယ္။ အလားတူပဲ ျမန္မာႏုိင္ငံမွာလည္း ႀကံဳေတြ႔ေနရပါတယ္။ အထူးသျဖင့္ေတာ့ ႏွစ္ကုန္ပိုင္းမွာ က်င္းပဖုိ႔ရိွတဲ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ သက္ေရာက္မႈက တနည္းမဟုတ္၊ တနည္းကေတာ့ ႀကံဳရမွာျဖစ္ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ဘယ္လိုကုစားႏုိင္မလဲ။ ဘယ္ေလာက္မႈ သက္ေရာက္မႈရိွသလဲဆိုတာကို သိရိွႏိုင္ဖို႔ ေရြးေကာက္ပဲြမ်ား ေစာင့္ၾကည့္ေလ့လာေရးအဖဲြ႔ New Myanmar Foundation က အမႈေဆာင္ညႊန္ၾကားေရးမွဴး မျမႏၵာသင္း ကို ကိုသားညြန္႔ဦးက အြန္လိုင္းကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ က်ေနာ္ အခုနေျပာသြားသလိုပါပဲ အရင္ဆံုး လက္ရိွကမာၻ႔ကိုဗစ္-၁၉ အက်ပ္အတည္းေၾကာင့္မို႔ ျမန္မာႏုိင္ငံမွာ လက္ရိွႀကံဳေနရတဲ့ ေရြးေကာက္ပြဲ။ အထူးသျဖင့္ စည္းရံုးေရးကာလကလဲ နီးေနၿပီဆိုေတာ့ အဲဒီေပၚမွာ ဘယ္ေလာက္အထိ သက္ေရာက္မႈေတြ ရိွလာႏုိင္မလဲ။

ေျဖ ။ ။ ေရြးေကာက္ပြဲတစ္ခု လုပ္မယ္ဆိုရင္ေတာ့ စည္းရံုးေရးကေတာ့ ႏုိင္ငံေရးပါတီေတြအတြက္ေတာ့ အင္မတန္မွပဲ အေရးႀကီးပါတယ္။ ဆိုတဲ့အခါၾကေတာ့ က်မတုိ႔ကလည္း ေရြးေကာက္ပြဲကို ေလ့လာေနတဲ့အဖြဲ႔ျဖစ္ေတာ့ ဧၿပီေနာက္ဆံုးပတ္ သႀကၤန္ကာလေနာက္ပိုင္းကေန ဒီလ (၁၀) ရက္ေန႔ေလာက္အထိ ေမးခြန္းေလးေတြ၊ ႏုိင္ငံေရးပါတီေတြကို ဆက္သြယ္ၿပီးေတာ့ ဖုန္းနဲ႔ အင္တာဗ်ဴးေတြ လုပ္ျဖစ္ပါတယ္။ ဆိုေတာ့ အဲဒီမွာေတာ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေရးပါတီေတြ၊ အထူးသျဖင့္ တုိင္းရင္းသားေဒသမွာရိွတဲ့ ပါတီေတြက - သူတို႔မွာ စိုးရိမ္ပူပန္မႈေတြေတာ့ ရိွတယ္။ ဘယ္လိုမ်ဳိးလဲဆိုေတာ့ အခု (၅) ေယာက္ထက္ပိုၿပီးေတာ့ လူမစုရဘူးဆိုတာ ရိွတဲ့အခါၾကေတာ့ မဲဆြယ္စည္းရံုးေရးေတြမွာ အခက္အခဲေတြ ရိွႏိုင္တယ္။ တခ်ဳိ ႔ေတြၾကေတာ့လဲ Online Platform ကို သိပ္ၿပီးေတာ့ မသံုးတဲ့အတြက္ ရုတ္တရက္ ဒီလိုလုပ္ဖို႔အတြက္ကို အခ်ိန္မီ မလုပ္ႏုိင္ပါ။ စည္းရံုးေရးေတြ မလုပ္ႏိုင္မွာကို စိုးရိမ္ၾကတယ္။ အထူးသျဖင့္က ရြာေတြမ်ားတဲ့ မဲဆႏၵနယ္ေျမေတြဆုိရင္ ပိုၿပီးေတာ့ ဒီဟာကို အခ်ိန္မီ မေရာက္ႏိုင္တာ။ စည္းရံုးေရးလုပ္ရမယ့္အခ်ိန္မွာ တအိမ္တက္ဆင္း လိုက္လုပ္မယ္ဆိုရင္ေတာင္ အခ်ိန္မလံုေလာက္တာမ်ဳိးေတြ။ ေနာက္ၿပီးေတာ့ ေစတနာဝန္ထမ္းေတြ ရွာရမယ့္အလုပ္၊ လိုက္လုပ္ေပးမယ့္လူေတြ ရွာရမွာေတြ စသည္ျဖင့္ အခက္အခဲေတြကေတာ့ အမ်ားႀကီးပါ။

ဒီလိုအခက္အခဲေတြက ပါတီေတြ ေတာ္ေတာ္မ်ားမ်ားပါ စိတ္ပူပန္မႈေတြ ရိွေနၾကတယ္။ တခ်ဳိ ႔ပါတီေတြကေတာ့ လူမႈကြန္ရက္ကိုသံုးၿပီးေတာ့ မဲဆြယ္စည္းရံုးေရး နည္းလမ္းေတြကို ေျပာင္းဖို႔အတြက္ ႀကိဳးစားေနတဲ့ပါတီေတြလည္း ရိွပါတယ္။ ဆိုေတာ့ ဒီပါတီေတြအေနနဲ႔ကေတာ့ ေရြးေကာက္ပြဲမ်ား လုပ္ျဖစ္ခဲ့မယ္ဆိုရင္ သူတုိ႔အတြက္ စိန္ေခၚမႈေတြ အမ်ားႀကီးရိွၿပီးေတာ့ ေျပာင္းလဲမႈေတြ၊ ဒီအေျခအေနနဲ႔ ကိုက္ညီတဲ့ မဲဆြယ္စည္းရံုးမႈမ်ဳိးေတြကို လုပ္ဖို႔အတြက္ေတာ့ သူတုိ႔အေနနဲ႔ လိုအပ္ပါမယ္။

ေမး ။ ။ ဒီေနရာမွာ မျမႏၵာသင္းတို႔က ႏိုင္ငံေရးပါတီေတြနဲ႔ ေဆြးေႏြးၾကည့္တဲ့အခါမွာ ႏုိင္ငံေရးပါတီေတြရဲ ႔အျမင္က ဒီေရြးေကာက္ပြဲကို အခုလိုအေနအထားမ်ဳိးမွာ လုပ္သင့္မလုပ္သင့္ကို ဘယ္လိုမ်ား ရိွပါသလဲ။

ေျဖ ။ ။ က်မတို႔ ေမးျမန္းၾကည့္တဲ့အခါၾကေတာ့ ႏုိင္ငံေရးပါတီ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူတို႔က လုပ္ခ်င္စိတ္ရိွတယ္။ ဒါေပမဲ့ သူတုိ႔မွာ စုိးရိမ္ပူပန္တာက ဒီဟာကို ဘယ္လိုေက်ာ္လႊာမလဲေပါ့။ ေနာက္ ဘယ္လိုမ်ဳိး ေျဖရွင္းၾကမလဲ။ ေရြးေကာက္ပြဲကို လုပ္လိုက္မယ္ဆိုရင္ အားလံုးရဲ ႔ က်န္းမာေရး၊ လံုၿခံဳမႈတို႔ကို ဘယ္လိုအာမခံခ်က္ေတြ ေပးမလဲဆိုတဲ့အေပၚမွာေတာ့ စိတ္ပူပန္မႈေတြ ရိွၾကတယ္။ ေနာက္တခ်က္ကေတာ့ ဒီအေျခအေနမ်ဳိးမွာ သူတုိ႔အေနနဲ႔ ပါတီေတြကို ေရြးေကာက္ပြဲေကာ္မရွင္က ေခၚယူၿပီးေတာ့ ေတြ႔ဆံုေဆြးေႏြးမႈမ်ဳိးေလးေတြလည္း လုပ္သင့္တယ္။ ဒီကေနၿပီးမွ စုေပါင္းၿပီးေတာ့ အေျဖရွာသင့္တယ္လို႔ ေဆြးေႏြးခဲ့တဲ့အပိုင္းေလးေတြလည္း ရိွပါတယ္။

ေမး ။ ။ ဒီေနရာမွာ ေရြးေကာက္ပြဲေကာ္မရွင္ဘက္က အခုအေျခအေနမ်ဳိးမွာ ျပင္ဆင္ေဆာင္ရြက္ေနတာနဲ႔ ပတ္သက္လို႔ အားရေက်နပ္မႈ ရိွရဲ ႔လား။ လံုေလာက္ေနၿပီလား။ လုိအပ္ခ်က္ေတြ ရိွသလား။ ဘယ္လိုမ်ားျမင္ပါသလဲ။

ေျဖ ။ ။ ေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ သူလုပ္ရမယ့္တာဝန္ေတြကိုေတာ့ ဆက္လုပ္ေနတယ္။ ဒါေပမဲ့ တစ္ခုရိွတာကေတာ့ ဒီအခက္အခဲက အကုန္လံုးရဲ ႔ အခက္အခဲ ျဖစ္ေနတာဆုိေတာ့ သူ႔မွာလဲ မဲစာရင္းေကာက္တာကအစ၊ မဲရံုမွာ ဝန္ထမ္းေတြကို သင္တန္းေပးမယ္။ ဒါမွမဟုတ္ တျခားသင္တန္းေတြလုပ္မယ္။ တစ္ခုခုေပါ့ ျပင္ဆင္စရာ ရိွတဲ့ဟာေတြကို သူတို႔လဲ ရုတ္တရက္ ေျပာင္းလဲရမယ့္ အေျခအေန ျဖစ္ေနပါတယ္။ ကိုဗစ္ကပ္ေရာဂါ ျဖစ္ေနခ်ိန္မွာ ေရြးေကာက္ပြဲလုပ္ျဖစ္မယ္ဆိုရင္ - ဥပမာ မဲဆႏၵရွင္ေတြအတြက္ လမ္းညႊန္ခ်က္ေတြ ဘယ္လိုထုတ္မလဲဆိုတဲ့ဟာမ်ဳိးေတြ။ သူမ်ားႏုိင္ငံေတြမွာ ဘယ္လိုေအာင္ျမင္ေအာင္ လုပ္ခဲ့သလဲ။ ဒါေတြလဲ ျပင္ဆင္မႈေတြ လုပ္ရမယ့္အခါမွာ ေရြးေကာက္ပြဲေကာ္မရွင္ကိုယ္တိုင္ကေတာ့ အလုပ္ေတြမ်ားလာတယ္။ က်မတုိ႔နဲ႔ ႏုိင္ငံေရးပါတီေတြ ေဆြးေႏြးၾကည့္တဲ့အခါမွာေတာ့ ဒါကေတာ့ အကုန္လံုးမွာ ျဖစ္ေနတဲ့ အေျခအေနဆိုေတာ့ မေဝဖန္ခ်င္ဘူး။ ဒါေပမဲ့ ပိုၿပီးေတာ့ ေတြ႔ဆံုေဆြးေႏြးမႈေတြ ရိွတယ္။ ဒါမွမဟုတ္ အၿမဲတမ္း ထိေတြ႔ေနတယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့မွ ေကာင္းႏုိင္တယ္လို႔ေတာ့ ႏုိင္ငံေရးပါတီေတြက အဲဒီလိုမ်ဳိး ေျဖပါတယ္။

ေမး ။ ။ မျမႏၵာသင္းၾကေတာ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ေသခ်ာေလ့လာေနတဲ့ အဖြဲ႔အစည္းဆုိေတာ့ မျမႏၵာသင္းတို႔ရဲ ႔ အယူအဆက လက္ရိွေရြးေကာက္ပြဲကို လြတ္လပ္၊ မွ်မွ်တတနဲ႔ လုပ္သြားႏိုင္ဖုိ႔အေျခအေန၊ လုပ္သင့္မလုပ္သင့္ ဘယ္လိုမ်ား ယူဆပါသလဲ။ အခ်ိန္အခါ ေရႊ ႔သင့္သလား။ ဒီအေျခအေနမွာ လုပ္သင့္သလား။

ေျဖ ။ ။ က်မတို႔ကေတာ့ ေရြးေကာက္ပြဲေလ့လာေနတဲ့ အဖြဲ႔ဆိုတဲ့အခါၾကေတာ့ ေကာက္ခ်က္ေတြကိုေတာ့ ကိုယ္တိုင္ေတာ့ခ်ေလ့ မရိွပါဘူး။ တစ္ခုခုဆိုရင္ က်မတုိ႔လဲ လိုက္ေမးတယ္။ လိုက္ေမးတဲ့အခါမွာ ဒီကာလထဲမွာ မဲဆႏၵရွင္ (၇၀၀) ေက်ာ္ေလာက္ကို ေမးျဖစ္တယ္။ ဖုန္းအင္တာဗ်ဴးေတြနဲ႔ ေမးပါတယ္။ ရန္ကုန္ကို အဓိထားပါတယ္ - ရန္ကုန္က (၅၀) ရာခုိင္ႏႈန္း၊ ေနာက္တျခားျပည္နယ္နဲ႔ တိုင္းေတြမွာ က်မတုိ႔ (၅၀) ရာခိုင္ႏႈန္း ေမးတဲ့အခါမွာ မဲဆႏၵရွင္ေတြရဲ ႔ ေျဖတဲ့သူရဲ ႔ (၆၀) ရာခိုင္ႏႈန္းေလာက္က ေရြးေကာက္ပြဲကို ဒီပံုစံအတိုင္းပဲ က်င္းပေစခ်င္ပါတယ္လို႔ ေျဖပါတယ္။ က်န္တဲ့ (၄၀) ရာခိုင္ႏႈန္းကေတာ့ ေနာက္ဆုတ္သင့္တယ္လို႔ ေျဖပါတယ္။ ေနာက္ဆုတ္ရတဲ့အေၾကာင္းကေတာ့ ဥပမာ သူတုိ႔က ဘာစိတ္ပူတာလဲဆိုေတာ့ ေရြးေကာက္ပြဲေန႔မွာ ကူးစက္မႈေတြ ျဖစ္ႏိုင္တယ္။ ၿပီးေတာ့ တျခားအခက္အခဲ ေနအိမ္မွာပဲ ေနေနတယ္ဆိုေတာ့ ေရြးေကာက္ပြဲကိုသြားရင္ လူစုလူေဝးနဲ႔ ျဖစ္မလား။ တျခားအခက္အခဲေတြ ရိွမလား စသည္ျဖင့္ ဒီလိုအေျခအေနမ်ဳိးေတြေပၚ မူတည္ၿပီးေတာ့ စိတ္ပူၿပီးေတာ့ ေနာက္ဆုတ္ဖို႔အတြက္ ေျပာၾကပါတယ္။

အခုန မဲသြားေပးမယ္ေျပာတဲ့ အုပ္စုေတြကလဲ သူတို႔မွာ အႀကံျပဳခ်က္ေတြ ရိွတယ္။ ဥပမာ ေရြးေကာက္ပြဲကို လုပ္မယ္ဆုိရင္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း လုပ္ေဆာင္ေပးဖုိ႔။ ေနာက္ၿပီးေတာ့ Mask ေတြ၊ လက္အိတ္ေတြ ဒါမ်ဳိးေတြကိုလဲ ပံ့ပိုးေပးဖို႔ဟာမ်ဳိးေတြ။ ေနာက္ၿပီးေတာ့ သံုးေပအကြာ။ ေနာက္ မဲရံုေတြကို အမ်ားႀကီးလုပ္သင့္တယ္။ တစ္ေနရာထဲမွာ စုၿပံဳေနတယ္ဆိုရင္ သူတုိ႔အတြက္ အႏၱရာယ္ရိွတယ္။ ဒါေလးေတြကိုေတာ့ အာမခံၿပီးေတာ့ ေရြးေကာက္ပြဲကို လုပ္မယ္ဆိုတဲ့ အဖြဲ႔အစည္းေတြက အာမခံၿပီးေတာ့ လုပ္သင့္တယ္ ဆိုၿပီးေတာ့ အမ်ားႀကီးပဲ အႀကံျပဳခ်က္ေတြ ေပးၾကပါတယ္။ တခ်ဳိ ႔ဆိုရင္ ႀကိဳတင္မဲကိစၥမ်ဳိးကို ပိုၿပီးေတာ့ စဥ္းစားမလား။ ဒါမွမဟုတ္ Positive ျဖစ္ေနတဲ့ လူနာေတြအတြက္ ဘယ္လိုလုပ္မလဲ စသည္ျဖင့္ ဒီလိုဟာမ်ဳိးေတြကိုလဲ အႀကံေပးတာေတြလည္း ေတြ႔ရပါတယ္။

ေမး ။ ။ တခ်ဳိ ႔ၿပီးခဲ့တဲ့ အေထြေထြေရြးေကာက္ပြဲေတြကို ၾကည့္မယ္ဆိုရင္ တခ်ဳိ ႔ေနရာေတြမွာ လြတ္လပ္မွ်တတဲ့ ေရြးေကာက္ပြဲ က်င္းပဖို႔ ခဲယဥ္းတယ္ဆိုၿပီးေတာ့ တခ်ဳိ ႔မဲဆႏၵနယ္ေျမေတြကို ခ်န္ခဲ့တာေတြ ရိွပါတယ္။ အခု က်ေနာ္ေမးခ်င္တာက ရခိုင္ျပည္နယ္အေျခအေနပါ။ ေျပာမယ္ဆိုရင္ ရခိုင္ျပည္နယ္အေျခအေနက ပဋိပကၡေတြက ပိုၿပီးႀကီးလာတယ္။ ဒါ့အျပင္ မၾကာေသးခင္ကပဲ ရခုိင္ျပည္နယ္အတြင္းမွာ ကုိဗစ္ေရာဂါပိုး ရိွသူေတြကို စၿပီးေတာ့ ေတြ႔လာရတဲ့ အေျခအေန ျဖစ္လာတယ္။ ဒီမတိုင္မီကလဲ ရခုိင္ျပည္နယ္ထဲမွာ ေရြးေကာက္ပြဲလုပ္ႏုိင္ပါ့မလားဆိုတဲ့ သံသယေတြရိွေတာ့ အခုလိုအေနအထားမ်ဳိးမွာ လြတ္လပ္မွ်တတဲ့ ေရြးေကာက္ပြဲေတြ ရခိုင္ျပည္နယ္အပါအဝင္ တခ်ဳိ ႔ေနရာေတြမွာ ေရႊ ႔ရေကာင္းေရႊ ႔ရႏုိင္လား။ လုပ္ႏုိ္င္ပါ့မလား။

ေျဖ ။ ။ အဲဒီမွာလဲ အမ်ဳိးမ်ဳိးေတာ့ ယူဆေနၾကတယ္။ တခ်ဳိ ႔ေတြၾကေတာ့လဲ ဒီတုိက္ပြဲေတြ ျဖစ္ေနၾကတဲ့ ေနရာေတြမွာေတာ့ ေရႊ ႔ေျပာင္းေရႊ ႔သြားႏုိင္တယ္လို႔ စိတ္ပူပန္ေနတဲ့လူေတြလည္း ရိွတယ္။ က်မတို႔ ေစာင့္ၾကည့္ေရးအဖြဲ႔ေတြၾကေတာ့လဲ ဒါက ေရြးေကာက္ပြဲၿပီးမွပဲ တရားမွ်တမႈရိွလား၊ မရိွဘူးလားဆိုတာကို အတည္ျပဳၾကတယ္။ ဒီၾကားထဲမွာေတာ့ တစ္ခုရိွတာက အထူးသျဖင့္ကေတာ့ ပဋိပကၡျဖစ္ေနတဲ့ ေနရာေတြ၊ ေနာက္ စစ္ေဘးေရွာင္ေတြလည္း ရိွမယ္။ မၿငိမ္သက္တဲ့ေနရာေတြမွာ ကိုဗစ္ကလည္း ျဖစ္တယ္ဆိုရင္ေတာ့ စဥ္းစားစရာေတြကေတာ့ အမ်ားႀကီးေပါ့။ အဲဒီလိုမ်ဳိးအခါၾကေတာ့ ေရြးေကာက္ပြဲတစ္ခု လုပ္ျဖစ္ဖို႔အတြက္က အဲဒီေဒသမွာရိွတဲ့ Stakeholders ေတြအားလံုးရဲ ႔ ပါဝင္ပတ္သက္မႈနဲ႔ သူတုိ႔ရဲ ႔ စိတ္ဆႏၵပဲ အဓိကအေရးႀကီးပါတယ္။

ေမး ။ ။ က်ေနာ္ ေနာက္တစ္ခ်က္ကေတာ့ စည္းရံုးေရးကာလနဲ႔ ပတ္သက္လုိ႔ ေမးခ်င္ပါတယ္။ ေျပာရမယ္ဆိုရင္ ပါတီစည္းရံုးေရးကာလေတြက မၾကာမီ ေရာက္လာေတာ့မွာပါ။ ေရြးေကာက္ပြဲ လုပ္ျဖစ္မယ္ဆိုရင္။ အဲဒီေတာ့ အာဏာရပါတီႀကီးကေတာ့ ေျပာမယ္ဆိုရင္ေတာ့ သူ႔မွာ လူထုေထာက္ခံမႈ၊ လူထုအရိွန္အဝါကလည္း ႀကီးပါတယ္။ ဒါေပမဲ့ အခုေနာက္ပိုင္းက ပါတီငယ္ေတြ အမ်ားႀကီးေပၚလာတယ္။ သူတို႔အတြက္ စည္းရံုးေရးကာလက အေတာ္ေလးအေရးႀကီးပါတယ္။ အဲဒီေတာ့ အခုလို ကိုဗစ္ကာလ အေျခအေနနဲ႔ စည္းရံုးေရးကာလေတြ တိုသြားမယ္။ တစ္ခုခု ရိုက္ခတ္မႈေတြ ရိွလာမယ္ဆိုရင္ လြတ္လပ္မွ်တႏုိင္ပါ့မလား။ သူတုိ႔ပါတီငယ္ေတြအတြက္ မွ်မွ်တတ ျဖစ္ႏုိင္ပါ့မလား။ အခုအေနအထားအရ ဆိုိရင္ေပါ့။

ေျဖ ။ ။ အဲဒီဟာကလဲ ေျပာဆိုေနၾကတယ္။ ေတာ္ေတာ္မ်ားမ်ား ႏုိင္ငံေရးပါတီေတြကလဲ ဒီအေပၚမွာ စိုးရိမ္မႈေတြ ရိွၾကတယ္။ ပါတီငယ္ေလးေတြ အတြက္ဆိုရင္။ အမွန္မွာ ဘယ္လိုပဲျဖစ္ျဖစ္ က်မၾကေတာ့ ႏုိင္ငံေရးပါတီဆိုတာ အတူတူပဲ။ အတူတူပဲဆုိတာက မဲဆြယ္ရမယ့္ရက္ေတာ့ အတူတူပဲ ျဖစ္ေနတယ္။ ျဖစ္ေနတယ္ဆိုေတာ့ က်မတုိ႔က ေျပာင္းလဲတဲ့နည္းေတြ - အရင္လုိပဲ မဲဆြယ္စည္းရံုးမႈေတြ လုပ္လုိ႔မရဘူး။ ဥပမာ (၅) ေယာက္ထက္ပိုၿပီး စုလို႔မရဘူးဆိုရင္ ဘာလုပ္လို႔ရသလဲဆိုတဲ့ နည္းလမ္းေတြကို ပါတီအသီးသီးမွာရိွတဲ့ ေခါင္းေဆာင္ပိုင္းေတြက ဒါကို စဥ္းစားရမယ္။ ငါတုိ႔က ဘယ္လိုနည္းလမ္းနဲ႔ လုပ္မွာလဲ။ မဲဆႏၵရွင္ေတြကို ငါတို႔ စာတုိက္ကေနၿပီး ငါတုိ႔ရဲ ႔ ကိုယ္စားလွယ္ေလာင္းေတြ၊ ပါတီရဲ ႔မူဝါဒေတြ၊ ကိုယ္စားလွယ္ေလာင္းေတြရဲ ႔ ကိုယ္ေရးအက်ဥ္းေတြ ဒါေတြကို ငါတုိ႔ပို႔မလား။ ဒါမွမဟုတ္ တအိမ္တက္ဆင္း ငါတုိ႔လုပ္ဖို႔ အခ်ိန္မီသလား။ အခ်ိန္မမီဘူးဆိုရင္ message ပို႔ရမလား။ ဒါမွမဟုတ္ လူမႈကြန္ရက္ကိုသံုးၿပီးေတာ့ ကိုယ့္ရဲ ႔မဲဆႏၵနယ္ေျမက လူေတြသိေအာင္လုပ္မလား စသည္ျဖင့္ ဒီလိုနည္းလမ္းေတြကိုေတာ့ ေခါင္းေဆာင္ပိုင္းအသီးသီးက အၿမဲတမ္းစဥ္းစားေနဖို႔လိုတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုေနာက္ပိုင္းမွာဆိုရင္ေတာ့ နည္းပညာနဲ႔ သုေတသနပိုင္းေတြက ပိုၿပီးေတာ့မွ အခရာျဖစ္တယ္။ ဆိုလိုခ်င္တာက ကိုယ့္ရဲ ႔မဲဆႏၵနယ္ေျမမွာ ဘယ္သူက မဲေပးမလဲ။ အဲဒီမဲေပးတဲ့လူကို ကိုယ္ကရေအာင္ ဘယ္လိုလုပ္ရယူမလဲဆိုတဲ့ အပိုင္းေတြမွာေတာ့ က်မတို႔မွာ ယွဥ္ၿပိဳင္ရမယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ယွဥ္ၿပိဳင္ျခင္းသည္ ပိုမိုေကာင္းမြန္တဲ့ရလဒ္ေတြကို က်မတုိ႔က ရရိွေစတယ္။ မဲဆႏၵရွင္ေတြအတြက္ ပိုေကာင္းတယ္။ ပိုေတာ္တဲ့ ကိုယ္စားလွယ္ေလာင္းေတြက ဝင္ေရာက္ယွဥ္ၿပိဳင္မႈေတြ ျပင္းထန္မွပဲ ပိုေကာင္းတဲ့ကိုယ္စားလွယ္ေတြကို ရမယ္။ အဲဒီလိုမ်ဳိးဆိုေတာ့ ပါတီေတြအေနနဲ႔ ပါတီငယ္တယ္၊ ႀကီးတယ္ သေဘာမထားဘဲနဲ႔ ငါတို႔ဘယ္လိုလုပ္မလဲ။ ဘယ္လိုနည္းလမ္းကို ရွာမလဲဆိုတဲ့ ပံုစံမ်ဳိးနဲ႔ သြားမယ္ဆိုရင္ေတာ့ တရားမွ်တတဲ့ အေျခအေနတစ္ခုကို ေရာက္ဖို႔အတြက္ အနည္းငယ္တြန္းအားျဖစ္မယ္။

အဲဒီေလာက္နဲ႔လဲ က်မတို႔က မရဘူး။ ဘယ္လိုမ်ဳိး ရိွေသးလဲဆိုေတာ့ ဥပမာ လက္ရိွအစိုးရအဖြဲ႔အေနနဲ႔က တန္းတူညီမွ်ျဖစ္တဲ့ အေနအထားမ်ဳိးေတြ ဖန္တီးေပးရံုတင္မကဘဲ၊ ဥပမာ ဒီကာလမွာ ေအာင္ႏုိင္ေရးလုပ္ဖို႔ဆုိတာ မလြယ္ေတာ့ဘူး။ အဲဒီလိုမ်ဳိးဆိုရင္ အစိုးရရဲ ႔ မီဒီယာ၊ ျပည္သူပိုင္မီဒီယာေတြကို ပိုၿပီးေတာ့ ေပးသံုးတာမ်ဳိးေတြ။ ဘယ္တုန္းကေတာ့ (၁၀) မိနစ္၊ (၁၅) မိနစ္ Broadcast လုပ္ၿပီးေတာ့ ပါတီေတြအေၾကာင္းေျပာတယ္။ အဲဒီလိုမ်ဳိး မဟုတ္ေတာ့ဘူး။ မဲဆြယ္စည္းရံုးေရးလုပ္ရမယ့္ ႏွစ္လအတြင္းမွာ သူတုိ႔ကို ပိုၿပီးေတာ့ ေပးသံုးတာမ်ဳိးေတြ၊ ေရဒီယုိခ်န္နယ္လ္ေတြ ေပးလုပ္တာမ်ဳိး၊ ေပးၿပီးေတာ့သံုးခြင့္ျပဳထားမယ္၊ ေပးမွ်မယ္ အကုန္လံုး ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ႏုိင္ငံေရးပါတီေတြအတြက္ကို ယွဥ္ၿပိဳင္ႏုိင္မယ့္ လႈပ္သာကိုင္သာရိွမယ့္ အေနအထားမ်ဳိးေလးတစ္ရပ္ကို ဖန္တီးေပးႏိုင္မယ္ဆိုရင္ေတာ့ တရားမွ်တတဲ့ ေရြးေကာက္ပြဲတစ္ခု ျဖစ္လာမယ့္အေျခအေန ရိွပါတယ္။

ေမး ။ ။ တဆက္တည္း က်ေနာ္ေမးခ်င္တာက ေရြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြက ကိုဗစ္အေျခအေနနဲ႔ ကိုက္ညီေအာင္ ေျပာင္းလဲဖို႔ လုိေနတာေတြ ရိွပါလား။

ေျဖ ။ ။ လိုတယ္လို႔ ေျပာတဲ့လူေတြ ရိွသလို၊ မလိုဘူးလို႔လဲ ေဆြးေႏြးၾကတဲ့လူေတြ ရိွပါတယ္။ ဒါေပမဲ့ တစ္ခုရိွတာက က်မတို႔ ဘာေတြ႔ရသလဲဆိုရင္ တခ်ဳိ ႔ႏုိင္ငံေတြမွာ လႊတ္ေတာ္မွာ ဥပေဒတစ္ရပ္၊ ဥပေဒၾကမ္းကို တင္သြင္းၿပီးေတာ့ ကိုဗစ္ဥပေဒ။ ဥပမာ ဒီလိုကပ္ေရာဂါျဖစ္ရင္ ဘယ္လိုလုပ္မလဲဆိုတာမ်ဳိးကို လႊတ္ေတာ္မွာ သူတုိ႔ေဆြးေႏြးၾကတယ္။ အဲဒါမ်ဳိးလဲ က်မတုိ႔ လုပ္လို႔ရတယ္။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးတစ္ခ်က္ ေမးခ်င္ပါတယ္။ အခုန မျမႏၵာသင္း ေျပာသြားတဲ့အထဲမွာလဲ ပါပါတယ္။ အခု ကိုဗစ္ကာလ အက်ပ္အတည္္းမွာ ကမာၻ႔ႏုိ္င္ငံအခ်ဳိ ႔က ေရြးေကာက္ပြဲေတြကို မရရေအာင္ လုပ္သြားတာေတြ ရိွတယ္။ လုပ္သြားႏုိုင္တာေတြ ရိွတယ္။ ျမန္မာႏုိင္ငံမွာ အခုလိုအေျခအေနမ်ဳိး ေရြးေကာက္ပြဲေကာ္မရွင္ကလဲ အခုလိုအေနအထားမ်ဳိး။ ပါတီေတြရဲ ႔ အေနအထားမ်ဳိးနဲ႔ ေရြးေကာက္ပြဲကို ႏိုဝင္ဘာလထဲမွာ က်င္းပသြားမယ္ဆိုရင္ လြတ္လပ္မွ်တမႈကို တစံုတရာ ထိခိုက္သြားႏုိင္မယ့္ အေနအထားမ်ဳိး ရိွပါသလား။ မျမႏၵာသင္းရဲ ႔ အျမင္ကို သိခ်င္ပါတယ္။

ေျဖ ။ ။ အရင္ေလာက္ေတာ့ …. ေသခ်ာတာကေတာ့ တအားကို ခက္ခဲႏိုင္မယ္။ ဒါေပမဲ့လဲ ဘယ္ေလာက္အထိ လုပ္ႏုိ္င္သလဲ။ အခု အခ်ိန္ကရိွေနေသးေတာ့ ရိွတဲ့အခ်ိန္ေလးေပၚမွာ ဘယ္လိုမ်ဳိးျပင္ဆင္ၿပီးေတာ့ - ျပင္ဆင္တဲ့ေနရာမွာလဲ တဦိးတဖြဲ႔တည္းက မဟုတ္ဘဲနဲ႔ ဥပမာ ေရြးေကာက္ပြဲေကာ္မရွင္ဆိုရင္ မဲဆႏၵရွင္ေတြအတြက္ လံုၿခံဳေစမယ့္ မဲရံုေတြမွာ Mobile Clinic ေတြ ထားေပးမယ္။ အပူခ်ိန္ျမင့္ေနတဲ့ လူေတြဆိုရင္ေတာ့ မဲရံုထဲကို မဝင္ဘဲနဲ႔ အျပင္မွာပဲ ေပးမယ္။ ဥပမာ တံဆိပ္တံုးကို ထုမယ္ဆိုရင္ လူေတြအမ်ားႀကီးက ကိုင္ၾကမယ္ဆိုရင္ ကူးစက္မႈေတြ အႏၱရာယ္ေတြ ပိုရိွတာေၾကာင့္ ကိုယ့္ေဘာပင္ ကိုယ္ယူလာၿပီးေတာ့ အမွတ္ျခစ္မလား စသည္ျဖင့္ ဒါက ဘယ္လိုမ်ဳိး စီမံခန္္႔ခြဲဆိုတဲ့ အေျခအေနေပၚမွာ မူတည္ၿပီးေတာ့ ဘယ္ေလာက္အထိ ပြင့္လင္းျမင္သာမႈ ရိွၿပီးေတာ့ ေကာင္းမြန္တဲ့ ေရြးေကာက္ပြဲ ျဖစ္မလဲဆိုတာကေတာ့ အားလံုးရဲ ႔စိန္ေခၚမႈတစ္ခုပါ။

ေမး ။ ။ အခုလို ေျပာျပေပးတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ေျဖ ။ ။ က်မလည္း ေက်းဇူးတင္ပါတယ္။

==Unicode===

ကိုဗစ်ကပ်ရောဂါ အကျပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံအတော်များများမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးအဘက်ဘက်မှ ရိုက်ခတ်မှုတွေ၊ ထိခိုက်မှုတွေ သက်ရောက်မှုတွေ အတော်များများရှိနေပါတယ်။ အလားတူပဲ မြန်မာနိုင်ငံမှာလည်း ကြုံတွေ့နေရပါတယ်။ အထူးသဖြင့်တော့ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သက်ရောက်မှုက တနည်းမဟုတ်၊ တနည်းကတော့ ကြုံရမှာဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဘယ်လိုကုစားနိုင်မလဲ။ ဘယ်လောက်မှု သက်ရောက်မှုရှိသလဲဆိုတာကို သိရှိနိုင်ဖို့ ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအဖွဲ့ New Myanmar Foundation က အမှုဆောင်ညွှန်ကြားရေးမှူး မမြန္ဒာသင်း ကို ကိုသားညွန့်ဦးက အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ကျနော် အခုနပြောသွားသလိုပါပဲ အရင်ဆုံး လက်ရှိကမ္ဘာ့ကိုဗစ်-၁၉ အကျပ်အတည်းကြောင့်မို့ မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ရွေးကောက်ပွဲ။ အထူးသဖြင့် စည်းရုံးရေးကာလကလဲ နီးနေပြီဆိုတော့ အဲဒီပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲတစ်ခု လုပ်မယ်ဆိုရင်တော့ စည်းရုံးရေးကတော့ နိုင်ငံရေးပါတီတွေအတွက်တော့ အင်မတန်မှပဲ အရေးကြီးပါတယ်။ ဆိုတဲ့အခါကြတော့ ကျမတို့ကလည်း ရွေးကောက်ပွဲကို လေ့လာနေတဲ့အဖွဲ့ဖြစ်တော့ ဧပြီနောက်ဆုံးပတ် သင်္ကြန်ကာလနောက်ပိုင်းကနေ ဒီလ (၁၀) ရက်နေ့လောက်အထိ မေးခွန်းလေးတွေ၊ နိုင်ငံရေးပါတီတွေကို ဆက်သွယ်ပြီးတော့ ဖုန်းနဲ့ အင်တာဗျူးတွေ လုပ်ဖြစ်ပါတယ်။ ဆိုတော့ အဲဒီမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် တိုင်းရင်းသားဒေသမှာရှိတဲ့ ပါတီတွေက - သူတို့မှာ စိုးရိမ်ပူပန်မှုတွေတော့ ရှိတယ်။ ဘယ်လိုမျိုးလဲဆိုတော့ အခု (၅) ယောက်ထက်ပိုပြီးတော့ လူမစုရဘူးဆိုတာ ရှိတဲ့အခါကြတော့ မဲဆွယ်စည်းရုံးရေးတွေမှာ အခက်အခဲတွေ ရှိနိုင်တယ်။ တချို့တွေကြတော့လဲ Online Platform ကို သိပ်ပြီးတော့ မသုံးတဲ့အတွက် ရုတ်တရက် ဒီလိုလုပ်ဖို့အတွက်ကို အချိန်မီ မလုပ်နိုင်ပါ။ စည်းရုံးရေးတွေ မလုပ်နိုင်မှာကို စိုးရိမ်ကြတယ်။ အထူးသဖြင့်က ရွာတွေများတဲ့ မဲဆန္ဒနယ်မြေတွေဆိုရင် ပိုပြီးတော့ ဒီဟာကို အချိန်မီ မရောက်နိုင်တာ။ စည်းရုံးရေးလုပ်ရမယ့်အချိန်မှာ တအိမ်တက်ဆင်း လိုက်လုပ်မယ်ဆိုရင်တောင် အချိန်မလုံလောက်တာမျိုးတွေ။ နောက်ပြီးတော့ စေတနာဝန်ထမ်းတွေ ရှာရမယ့်အလုပ်၊ လိုက်လုပ်ပေးမယ့်လူတွေ ရှာရမှာတွေ စသည်ဖြင့် အခက်အခဲတွေကတော့ အများကြီးပါ။

ဒီလိုအခက်အခဲတွေက ပါတီတွေ တော်တော်များများပါ စိတ်ပူပန်မှုတွေ ရှိနေကြတယ်။ တချို့ပါတီတွေကတော့ လူမှုကွန်ရက်ကိုသုံးပြီးတော့ မဲဆွယ်စည်းရုံးရေး နည်းလမ်းတွေကို ပြောင်းဖို့အတွက် ကြိုးစားနေတဲ့ပါတီတွေလည်း ရှိပါတယ်။ ဆိုတော့ ဒီပါတီတွေအနေနဲ့ကတော့ ရွေးကောက်ပွဲများ လုပ်ဖြစ်ခဲ့မယ်ဆိုရင် သူတို့အတွက် စိန်ခေါ်မှုတွေ အများကြီးရှိပြီးတော့ ပြောင်းလဲမှုတွေ၊ ဒီအခြေအနေနဲ့ ကိုက်ညီတဲ့ မဲဆွယ်စည်းရုံးမှုမျိုးတွေကို လုပ်ဖို့အတွက်တော့ သူတို့အနေနဲ့ လိုအပ်ပါမယ်။

မေး ။ ။ ဒီနေရာမှာ မမြန္ဒာသင်းတို့က နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာ နိုင်ငံရေးပါတီတွေရဲ့အမြင်က ဒီရွေးကောက်ပွဲကို အခုလိုအနေအထားမျိုးမှာ လုပ်သင့်မလုပ်သင့်ကို ဘယ်လိုများ ရှိပါသလဲ။

ဖြေ ။ ။ ကျမတို့ မေးမြန်းကြည့်တဲ့အခါကြတော့ နိုင်ငံရေးပါတီ တော်တော်များများကတော့ သူတို့က လုပ်ချင်စိတ်ရှိတယ်။ ဒါပေမဲ့ သူတို့မှာ စိုးရိမ်ပူပန်တာက ဒီဟာကို ဘယ်လိုကျော်လွှာမလဲပေါ့။ နောက် ဘယ်လိုမျိုး ဖြေရှင်းကြမလဲ။ ရွေးကောက်ပွဲကို လုပ်လိုက်မယ်ဆိုရင် အားလုံးရဲ့ ကျန်းမာရေး၊ လုံခြုံမှုတို့ကို ဘယ်လိုအာမခံချက်တွေ ပေးမလဲဆိုတဲ့အပေါ်မှာတော့ စိတ်ပူပန်မှုတွေ ရှိကြတယ်။ နောက်တချက်ကတော့ ဒီအခြေအနေမျိုးမှာ သူတို့အနေနဲ့ ပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူပြီးတော့ တွေ့ဆုံဆွေးနွေးမှုမျိုးလေးတွေလည်း လုပ်သင့်တယ်။ ဒီကနေပြီးမှ စုပေါင်းပြီးတော့ အဖြေရှာသင့်တယ်လို့ ဆွေးနွေးခဲ့တဲ့အပိုင်းလေးတွေလည်း ရှိပါတယ်။

မေး ။ ။ ဒီနေရာမှာ ရွေးကောက်ပွဲကော်မရှင်ဘက်က အခုအခြေအနေမျိုးမှာ ပြင်ဆင်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ အားရကျေနပ်မှု ရှိရဲ့လား။ လုံလောက်နေပြီလား။ လိုအပ်ချက်တွေ ရှိသလား။ ဘယ်လိုများမြင်ပါသလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲကော်မရှင်ကတော့ သူလုပ်ရမယ့်တာဝန်တွေကိုတော့ ဆက်လုပ်နေတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ဒီအခက်အခဲက အကုန်လုံးရဲ့ အခက်အခဲ ဖြစ်နေတာဆိုတော့ သူ့မှာလဲ မဲစာရင်းကောက်တာကအစ၊ မဲရုံမှာ ဝန်ထမ်းတွေကို သင်တန်းပေးမယ်။ ဒါမှမဟုတ် တခြားသင်တန်းတွေလုပ်မယ်။ တစ်ခုခုပေါ့ ပြင်ဆင်စရာ ရှိတဲ့ဟာတွေကို သူတို့လဲ ရုတ်တရက် ပြောင်းလဲရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ကိုဗစ်ကပ်ရောဂါ ဖြစ်နေချိန်မှာ ရွေးကောက်ပွဲလုပ်ဖြစ်မယ်ဆိုရင် - ဥပမာ မဲဆန္ဒရှင်တွေအတွက် လမ်းညွှန်ချက်တွေ ဘယ်လိုထုတ်မလဲဆိုတဲ့ဟာမျိုးတွေ။ သူများနိုင်ငံတွေမှာ ဘယ်လိုအောင်မြင်အောင် လုပ်ခဲ့သလဲ။ ဒါတွေလဲ ပြင်ဆင်မှုတွေ လုပ်ရမယ့်အခါမှာ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကတော့ အလုပ်တွေများလာတယ်။ ကျမတို့နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးကြည့်တဲ့အခါမှာတော့ ဒါကတော့ အကုန်လုံးမှာ ဖြစ်နေတဲ့ အခြေအနေဆိုတော့ မဝေဖန်ချင်ဘူး။ ဒါပေမဲ့ ပိုပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိတယ်။ ဒါမှမဟုတ် အမြဲတမ်း ထိတွေ့နေတယ်ဆိုရင်တော့ ပိုပြီးတော့မှ ကောင်းနိုင်တယ်လို့တော့ နိုင်ငံရေးပါတီတွေက အဲဒီလိုမျိုး ဖြေပါတယ်။

မေး ။ ။ မမြန္ဒာသင်းကြတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သေချာလေ့လာနေတဲ့ အဖွဲ့အစည်းဆိုတော့ မမြန္ဒာသင်းတို့ရဲ့ အယူအဆက လက်ရှိရွေးကောက်ပွဲကို လွတ်လပ်၊ မျှမျှတတနဲ့ လုပ်သွားနိုင်ဖို့အခြေအနေ၊ လုပ်သင့်မလုပ်သင့် ဘယ်လိုများ ယူဆပါသလဲ။ အချိန်အခါ ရွှေ့သင့်သလား။ ဒီအခြေအနေမှာ လုပ်သင့်သလား။

ဖြေ ။ ။ ကျမတို့ကတော့ ရွေးကောက်ပွဲလေ့လာနေတဲ့ အဖွဲ့ဆိုတဲ့အခါကြတော့ ကောက်ချက်တွေကိုတော့ ကိုယ်တိုင်တော့ချလေ့ မရှိပါဘူး။ တစ်ခုခုဆိုရင် ကျမတို့လဲ လိုက်မေးတယ်။ လိုက်မေးတဲ့အခါမှာ ဒီကာလထဲမှာ မဲဆန္ဒရှင် (၇၀၀) ကျော်လောက်ကို မေးဖြစ်တယ်။ ဖုန်းအင်တာဗျူးတွေနဲ့ မေးပါတယ်။ ရန်ကုန်ကို အဓိထားပါတယ် - ရန်ကုန်က (၅၀) ရာခိုင်နှုန်း၊ နောက်တခြားပြည်နယ်နဲ့ တိုင်းတွေမှာ ကျမတို့ (၅၀) ရာခိုင်နှုန်း မေးတဲ့အခါမှာ မဲဆန္ဒရှင်တွေရဲ့ ဖြေတဲ့သူရဲ့ (၆၀) ရာခိုင်နှုန်းလောက်က ရွေးကောက်ပွဲကို ဒီပုံစံအတိုင်းပဲ ကျင်းပစေချင်ပါတယ်လို့ ဖြေပါတယ်။ ကျန်တဲ့ (၄၀) ရာခိုင်နှုန်းကတော့ နောက်ဆုတ်သင့်တယ်လို့ ဖြေပါတယ်။ နောက်ဆုတ်ရတဲ့အကြောင်းကတော့ ဥပမာ သူတို့က ဘာစိတ်ပူတာလဲဆိုတော့ ရွေးကောက်ပွဲနေ့မှာ ကူးစက်မှုတွေ ဖြစ်နိုင်တယ်။ ပြီးတော့ တခြားအခက်အခဲ နေအိမ်မှာပဲ နေနေတယ်ဆိုတော့ ရွေးကောက်ပွဲကိုသွားရင် လူစုလူဝေးနဲ့ ဖြစ်မလား။ တခြားအခက်အခဲတွေ ရှိမလား စသည်ဖြင့် ဒီလိုအခြေအနေမျိုးတွေပေါ် မူတည်ပြီးတော့ စိတ်ပူပြီးတော့ နောက်ဆုတ်ဖို့အတွက် ပြောကြပါတယ်။

အခုန မဲသွားပေးမယ်ပြောတဲ့ အုပ်စုတွေကလဲ သူတို့မှာ အကြံပြုချက်တွေ ရှိတယ်။ ဥပမာ ရွေးကောက်ပွဲကို လုပ်မယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်ပေးဖို့။ နောက်ပြီးတော့ Mask တွေ၊ လက်အိတ်တွေ ဒါမျိုးတွေကိုလဲ ပံ့ပိုးပေးဖို့ဟာမျိုးတွေ။ နောက်ပြီးတော့ သုံးပေအကွာ။ နောက် မဲရုံတွေကို အများကြီးလုပ်သင့်တယ်။ တစ်နေရာထဲမှာ စုပြုံနေတယ်ဆိုရင် သူတို့အတွက် အန္တရာယ်ရှိတယ်။ ဒါလေးတွေကိုတော့ အာမခံပြီးတော့ ရွေးကောက်ပွဲကို လုပ်မယ်ဆိုတဲ့ အဖွဲ့အစည်းတွေက အာမခံပြီးတော့ လုပ်သင့်တယ် ဆိုပြီးတော့ အများကြီးပဲ အကြံပြုချက်တွေ ပေးကြပါတယ်။ တချို့ဆိုရင် ကြိုတင်မဲကိစ္စမျိုးကို ပိုပြီးတော့ စဉ်းစားမလား။ ဒါမှမဟုတ် Positive ဖြစ်နေတဲ့ လူနာတွေအတွက် ဘယ်လိုလုပ်မလဲ စသည်ဖြင့် ဒီလိုဟာမျိုးတွေကိုလဲ အကြံပေးတာတွေလည်း တွေ့ရပါတယ်။

မေး ။ ။ တချို့ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေကို ကြည့်မယ်ဆိုရင် တချို့နေရာတွေမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ခဲယဉ်းတယ်ဆိုပြီးတော့ တချို့မဲဆန္ဒနယ်မြေတွေကို ချန်ခဲ့တာတွေ ရှိပါတယ်။ အခု ကျနော်မေးချင်တာက ရခိုင်ပြည်နယ်အခြေအနေပါ။ ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်အခြေအနေက ပဋိပက္ခတွေက ပိုပြီးကြီးလာတယ်။ ဒါ့အပြင် မကြာသေးခင်ကပဲ ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါပိုး ရှိသူတွေကို စပြီးတော့ တွေ့လာရတဲ့ အခြေအနေ ဖြစ်လာတယ်။ ဒီမတိုင်မီကလဲ ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲလုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေရှိတော့ အခုလိုအနေအထားမျိုးမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ရခိုင်ပြည်နယ်အပါအဝင် တချို့နေရာတွေမှာ ရွှေ့ရကောင်းရွှေ့ရနိုင်လား။ လုပ်နိုင်ပါ့မလား။

ဖြေ ။ ။ အဲဒီမှာလဲ အမျိုးမျိုးတော့ ယူဆနေကြတယ်။ တချို့တွေကြတော့လဲ ဒီတိုက်ပွဲတွေ ဖြစ်နေကြတဲ့ နေရာတွေမှာတော့ ရွှေ့ပြောင်းရွှေ့သွားနိုင်တယ်လို့ စိတ်ပူပန်နေတဲ့လူတွေလည်း ရှိတယ်။ ကျမတို့ စောင့်ကြည့်ရေးအဖွဲ့တွေကြတော့လဲ ဒါက ရွေးကောက်ပွဲပြီးမှပဲ တရားမျှတမှုရှိလား၊ မရှိဘူးလားဆိုတာကို အတည်ပြုကြတယ်။ ဒီကြားထဲမှာတော့ တစ်ခုရှိတာက အထူးသဖြင့်ကတော့ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေ၊ နောက် စစ်ဘေးရှောင်တွေလည်း ရှိမယ်။ မငြိမ်သက်တဲ့နေရာတွေမှာ ကိုဗစ်ကလည်း ဖြစ်တယ်ဆိုရင်တော့ စဉ်းစားစရာတွေကတော့ အများကြီးပေါ့။ အဲဒီလိုမျိုးအခါကြတော့ ရွေးကောက်ပွဲတစ်ခု လုပ်ဖြစ်ဖို့အတွက်က အဲဒီဒေသမှာရှိတဲ့ Stakeholders တွေအားလုံးရဲ့ ပါဝင်ပတ်သက်မှုနဲ့ သူတို့ရဲ့ စိတ်ဆန္ဒပဲ အဓိကအရေးကြီးပါတယ်။

မေး ။ ။ ကျနော် နောက်တစ်ချက်ကတော့ စည်းရုံးရေးကာလနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ပြောရမယ်ဆိုရင် ပါတီစည်းရုံးရေးကာလတွေက မကြာမီ ရောက်လာတော့မှာပါ။ ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုရင်။ အဲဒီတော့ အာဏာရပါတီကြီးကတော့ ပြောမယ်ဆိုရင်တော့ သူ့မှာ လူထုထောက်ခံမှု၊ လူထုအရှိန်အဝါကလည်း ကြီးပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းက ပါတီငယ်တွေ အများကြီးပေါ်လာတယ်။ သူတို့အတွက် စည်းရုံးရေးကာလက အတော်လေးအရေးကြီးပါတယ်။ အဲဒီတော့ အခုလို ကိုဗစ်ကာလ အခြေအနေနဲ့ စည်းရုံးရေးကာလတွေ တိုသွားမယ်။ တစ်ခုခု ရိုက်ခတ်မှုတွေ ရှိလာမယ်ဆိုရင် လွတ်လပ်မျှတနိုင်ပါ့မလား။ သူတို့ပါတီငယ်တွေအတွက် မျှမျှတတ ဖြစ်နိုင်ပါ့မလား။ အခုအနေအထားအရ ဆိုရင်ပေါ့။

ဖြေ ။ ။ အဲဒီဟာကလဲ ပြောဆိုနေကြတယ်။ တော်တော်များများ နိုင်ငံရေးပါတီတွေကလဲ ဒီအပေါ်မှာ စိုးရိမ်မှုတွေ ရှိကြတယ်။ ပါတီငယ်လေးတွေ အတွက်ဆိုရင်။ အမှန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ကျမကြတော့ နိုင်ငံရေးပါတီဆိုတာ အတူတူပဲ။ အတူတူပဲဆိုတာက မဲဆွယ်ရမယ့်ရက်တော့ အတူတူပဲ ဖြစ်နေတယ်။ ဖြစ်နေတယ်ဆိုတော့ ကျမတို့က ပြောင်းလဲတဲ့နည်းတွေ - အရင်လိုပဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်လို့မရဘူး။ ဥပမာ (၅) ယောက်ထက်ပိုပြီး စုလို့မရဘူးဆိုရင် ဘာလုပ်လို့ရသလဲဆိုတဲ့ နည်းလမ်းတွေကို ပါတီအသီးသီးမှာရှိတဲ့ ခေါင်းဆောင်ပိုင်းတွေက ဒါကို စဉ်းစားရမယ်။ ငါတို့က ဘယ်လိုနည်းလမ်းနဲ့ လုပ်မှာလဲ။ မဲဆန္ဒရှင်တွေကို ငါတို့ စာတိုက်ကနေပြီး ငါတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေ၊ ပါတီရဲ့မူဝါဒတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးအကျဉ်းတွေ ဒါတွေကို ငါတို့ပို့မလား။ ဒါမှမဟုတ် တအိမ်တက်ဆင်း ငါတို့လုပ်ဖို့ အချိန်မီသလား။ အချိန်မမီဘူးဆိုရင် message ပို့ရမလား။ ဒါမှမဟုတ် လူမှုကွန်ရက်ကိုသုံးပြီးတော့ ကိုယ့်ရဲ့မဲဆန္ဒနယ်မြေက လူတွေသိအောင်လုပ်မလား စသည်ဖြင့် ဒီလိုနည်းလမ်းတွေကိုတော့ ခေါင်းဆောင်ပိုင်းအသီးသီးက အမြဲတမ်းစဉ်းစားနေဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုနောက်ပိုင်းမှာဆိုရင်တော့ နည်းပညာနဲ့ သုတေသနပိုင်းတွေက ပိုပြီးတော့မှ အခရာဖြစ်တယ်။ ဆိုလိုချင်တာက ကိုယ့်ရဲ့မဲဆန္ဒနယ်မြေမှာ ဘယ်သူက မဲပေးမလဲ။ အဲဒီမဲပေးတဲ့လူကို ကိုယ်ကရအောင် ဘယ်လိုလုပ်ရယူမလဲဆိုတဲ့ အပိုင်းတွေမှာတော့ ကျမတို့မှာ ယှဉ်ပြိုင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ယှဉ်ပြိုင်ခြင်းသည် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို ကျမတို့က ရရှိစေတယ်။ မဲဆန္ဒရှင်တွေအတွက် ပိုကောင်းတယ်။ ပိုတော်တဲ့ ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယှဉ်ပြိုင်မှုတွေ ပြင်းထန်မှပဲ ပိုကောင်းတဲ့ကိုယ်စားလှယ်တွေကို ရမယ်။ အဲဒီလိုမျိုးဆိုတော့ ပါတီတွေအနေနဲ့ ပါတီငယ်တယ်၊ ကြီးတယ် သဘောမထားဘဲနဲ့ ငါတို့ဘယ်လိုလုပ်မလဲ။ ဘယ်လိုနည်းလမ်းကို ရှာမလဲဆိုတဲ့ ပုံစံမျိုးနဲ့ သွားမယ်ဆိုရင်တော့ တရားမျှတတဲ့ အခြေအနေတစ်ခုကို ရောက်ဖို့အတွက် အနည်းငယ်တွန်းအားဖြစ်မယ်။

အဲဒီလောက်နဲ့လဲ ကျမတို့က မရဘူး။ ဘယ်လိုမျိုး ရှိသေးလဲဆိုတော့ ဥပမာ လက်ရှိအစိုးရအဖွဲ့အနေနဲ့က တန်းတူညီမျှဖြစ်တဲ့ အနေအထားမျိုးတွေ ဖန်တီးပေးရုံတင်မကဘဲ၊ ဥပမာ ဒီကာလမှာ အောင်နိုင်ရေးလုပ်ဖို့ဆိုတာ မလွယ်တော့ဘူး။ အဲဒီလိုမျိုးဆိုရင် အစိုးရရဲ့ မီဒီယာ၊ ပြည်သူပိုင်မီဒီယာတွေကို ပိုပြီးတော့ ပေးသုံးတာမျိုးတွေ။ ဘယ်တုန်းကတော့ (၁၀) မိနစ်၊ (၁၅) မိနစ် Broadcast လုပ်ပြီးတော့ ပါတီတွေအကြောင်းပြောတယ်။ အဲဒီလိုမျိုး မဟုတ်တော့ဘူး။ မဲဆွယ်စည်းရုံးရေးလုပ်ရမယ့် နှစ်လအတွင်းမှာ သူတို့ကို ပိုပြီးတော့ ပေးသုံးတာမျိုးတွေ၊ ရေဒီယိုချန်နယ်လ်တွေ ပေးလုပ်တာမျိုး၊ ပေးပြီးတော့သုံးခွင့်ပြုထားမယ်၊ ပေးမျှမယ် အကုန်လုံး ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေအတွက်ကို ယှဉ်ပြိုင်နိုင်မယ့် လှုပ်သာကိုင်သာရှိမယ့် အနေအထားမျိုးလေးတစ်ရပ်ကို ဖန်တီးပေးနိုင်မယ်ဆိုရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာမယ့်အခြေအနေ ရှိပါတယ်။

မေး ။ ။ တဆက်တည်း ကျနော်မေးချင်တာက ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေက ကိုဗစ်အခြေအနေနဲ့ ကိုက်ညီအောင် ပြောင်းလဲဖို့ လိုနေတာတွေ ရှိပါလား။

ဖြေ ။ ။ လိုတယ်လို့ ပြောတဲ့လူတွေ ရှိသလို၊ မလိုဘူးလို့လဲ ဆွေးနွေးကြတဲ့လူတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကျမတို့ ဘာတွေ့ရသလဲဆိုရင် တချို့နိုင်ငံတွေမှာ လွှတ်တော်မှာ ဥပဒေတစ်ရပ်၊ ဥပဒေကြမ်းကို တင်သွင်းပြီးတော့ ကိုဗစ်ဥပဒေ။ ဥပမာ ဒီလိုကပ်ရောဂါဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုတာမျိုးကို လွှတ်တော်မှာ သူတို့ဆွေးနွေးကြတယ်။ အဲဒါမျိုးလဲ ကျမတို့ လုပ်လို့ရတယ်။

မေး ။ ။ ကျနော် နောက်ဆုံးတစ်ချက် မေးချင်ပါတယ်။ အခုန မမြန္ဒာသင်း ပြောသွားတဲ့အထဲမှာလဲ ပါပါတယ်။ အခု ကိုဗစ်ကာလ အကျပ်အတည်းမှာ ကမ္ဘာ့နိုင်ငံအချို့က ရွေးကောက်ပွဲတွေကို မရရအောင် လုပ်သွားတာတွေ ရှိတယ်။ လုပ်သွားနိုင်တာတွေ ရှိတယ်။ မြန်မာနိုင်ငံမှာ အခုလိုအခြေအနေမျိုး ရွေးကောက်ပွဲကော်မရှင်ကလဲ အခုလိုအနေအထားမျိုး။ ပါတီတွေရဲ့ အနေအထားမျိုးနဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလထဲမှာ ကျင်းပသွားမယ်ဆိုရင် လွတ်လပ်မျှတမှုကို တစုံတရာ ထိခိုက်သွားနိုင်မယ့် အနေအထားမျိုး ရှိပါသလား။ မမြန္ဒာသင်းရဲ့ အမြင်ကို သိချင်ပါတယ်။

ဖြေ ။ ။ အရင်လောက်တော့ …. သေချာတာကတော့ တအားကို ခက်ခဲနိုင်မယ်။ ဒါပေမဲ့လဲ ဘယ်လောက်အထိ လုပ်နိုင်သလဲ။ အခု အချိန်ကရှိနေသေးတော့ ရှိတဲ့အချိန်လေးပေါ်မှာ ဘယ်လိုမျိုးပြင်ဆင်ပြီးတော့ - ပြင်ဆင်တဲ့နေရာမှာလဲ တဦိးတဖွဲ့တည်းက မဟုတ်ဘဲနဲ့ ဥပမာ ရွေးကောက်ပွဲကော်မရှင်ဆိုရင် မဲဆန္ဒရှင်တွေအတွက် လုံခြုံစေမယ့် မဲရုံတွေမှာ Mobile Clinic တွေ ထားပေးမယ်။ အပူချိန်မြင့်နေတဲ့ လူတွေဆိုရင်တော့ မဲရုံထဲကို မဝင်ဘဲနဲ့ အပြင်မှာပဲ ပေးမယ်။ ဥပမာ တံဆိပ်တုံးကို ထုမယ်ဆိုရင် လူတွေအများကြီးက ကိုင်ကြမယ်ဆိုရင် ကူးစက်မှုတွေ အန္တရာယ်တွေ ပိုရှိတာကြောင့် ကိုယ့်ဘောပင် ကိုယ်ယူလာပြီးတော့ အမှတ်ခြစ်မလား စသည်ဖြင့် ဒါက ဘယ်လိုမျိုး စီမံခန့််ခွဲဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ ကောင်းမွန်တဲ့ ရွေးကောက်ပွဲ ဖြစ်မလဲဆိုတာကတော့ အားလုံးရဲ့စိန်ခေါ်မှုတစ်ခုပါ။

မေး ။ ။ အခုလို ပြောပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ ။ ။ ကျမလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG