သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူမွ ျပည္သူသို႔ မွ်ေဝျခင္း


Mandalay Technology နည္းပညာကုမၸဏီရဲ ႔ အမွဳေဆာင္အရာရိွခ်ဳပ္ ကိုေဇာ္ႏုိင္
please wait

No media source currently available

0:00 0:14:03 0:00
တိုက္႐ိုက္ လင့္ခ္


ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ဝင္ေငြထိခိုက္ေနတဲ့ ရန္ကုန္ၿမိဳ ႔အေျခခံလူတန္းစားေတြထဲက အေႏွးယာဥ္လုပ္သား ေထာင္နဲ႔ခ်ီကို အေျခခံစားကုန္ေတြ တႏိုင္တပိုင္ လွဴဒါန္းဖို႔ စီစဥ္ခဲ့သူ Mandalay Technology နည္းပညာကုမၸဏီရဲ ႔ အမွဳေဆာင္အရာရိွခ်ဳပ္ ကိုေဇာ္ႏုိင္ ကို မစုျမတ္မြန္ က Skype မွတဆင့္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါရွင့္ ကိုေဇာ္ႏိုင္တို႔က ရန္ကုန္ၿမိဳ ႔နယ္ ေတာ္ေတာ္မ်ားမ်ားမွာရိွတဲ့ ဆိုက္ကားဆရာေတြ၊ အေႏွးယာဥ္လုပ္သားေတြအတြက္ကို အလွဴေတြ လုပ္ခဲ့တယ္ဆိုေတာ့ အဲဒီလိုလုပ္တဲ့အခါမွာ ကိုယ္ရတဲ့ ပီတိကို အရင္ဆံုးေျပာျပေပးပါရွင့္။
ေျဖ ။ ။ အရမ္းေက်နပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အကိုတို႔က အခုလက္ရိွေတာ့ ဆိုက္ကားဆရာေတြကို focus လုပ္ၿပီးေတာ့ လွဴဒါန္းေနတာ။ အဲဒီအခါၾကေတာ့ သူတို႔ေတြရဲ ႔ မ်က္ႏွာကိုၾကည့္ရတာ အရမ္းကို သူတို႔ ဒီဟာကို လိုအပ္ေနလို႔ အလွဴလာခံတာမ်ဳိးကို ေတြ႔ရပါတယ္။ ဥပမာ အကိုတုိ႔က မနက္ (၁၀) နာရီမွာ သူတုိ႔အတြက္ကို ဆန္၊ ဆီ၊ ငရုတ္၊ ၾကက္သြန္ေတြ လွဴမယ္လို႔ေျပာေတာ့ မနက္ (၇) နာရီခြဲ (၈) နာရီေလာက္ထဲက ေရာက္ေနၾကတယ္။ ၿပီးတဲ့အခါၾကေတာ့ တန္းစီးၿပီးေတာ့ အလွဴခံၾကတယ္။ ၿပီးေတာ့ သူတုိ႔ေတြ ေပ်ာ္ေနၾကတယ္။ ဆန္တစ္အိတ္၊ ေနာက္တခါ ဆီ၊ ငရုတ္သီး၊ ၾကက္သြန္ေလးေတြရတာ ဒို႔အတြက္ကေတာ့ တန္းဖိုးမမ်ားဘူး။ လွဴတဲ့လူေတြအတြက္က စုၿပီးလွဴလိုက္ၾကတာ။ တေယာက္နည္းနည္းနဲ႔ စုၿပီးလွဴလိုက္ၾကတာ။ အဲဒီလို တန္းဖိုးမမ်ားဘူး ထင္ရေပမယ့္ သူတို႔အတြက္ၾကေတာ့ အဲဒါသည္ တန္းဖိုးလည္းႀကီးတယ္။
ေနာက္ၿပီးေတာ့ ဘာျဖစ္လဲဆိုေတာ့ ဆိုက္ကားဆရာႀကီးတေယာက္ကဆို သူအျပင္ထြက္လာတဲ့အခ်ိန္မွာ အဲဒီနားမွာ မတ္တပ္ရပ္ၿပီးေတာ့ ဘာေျပာသလဲဆိုေတာ့ “ဒါဆိုရင္ ဆရာရယ္ .. က်ေနာ္တို႔ ဒီသႀကၤန္အတြင္းကေတာ့ အလုပ္လဲလုပ္လို႔ရမွာ မဟုတ္ဘူး။ က်ေနာ္ ေကာင္းေကာင္းနားလို႔ရၿပီ” လို႔ေျပာတယ္။ အဲဒီအခါၾကေတာ့ “မိသားစု ဘယ္ေလာက္ရိွတာလဲ။” ဆိုေတာ့ “က်ေနာ္တုိ႔က (၃) ေယာက္ထဲ ရိွတာပါ။ အဲဒီေတာ့ ႏွစ္ပတ္စာေလာက္ေတာ့ ေလာက္သြားၿပီ။ ဆန္ (၆) ျပည္၊ ငရုတ္သီး၊ ၾကက္သြန္၊ ဆီ ပါတယ္။” ဆိုေတာ့ အကိုတို႔က တကယ္တမ္းေတာ့ တစ္ေသာင္းဖိုးလွဴတာ။ သို႔ေသာ္ တျခားအလွဴရွင္ေတြကလာတဲ့ အလွဴ၊ တျခားပစၥည္းေတြလည္းပါေသးတယ္။ ေနာက္ၿပီးေတာ့ ဒီဟာလွဴတာ ဆန္ကုန္သည္ေတြက ေလွ်ာ့ေပးထားတာလည္းပါေတာ့ အားလံုးေပါင္း ႏွစ္ေသာင္းဖိုးေလာက္ေတာ့ ရိွမွာေပါ့။ အဲဒီႏွစ္ေသာင္းဖိုး လွဴလိုက္တာဟာ သူတုိ႔အတြက္ ႏွစ္ပတ္စာေလာက္ ရသြားၿပီဆိုေတာ့ အလြန္ဝမ္းသာပါတယ္။ ၿပီးေတာ့ ဒီေန႔ဆိုရင္ လူအေယာက္ (၄၀၀)။ မေန႔ကဆိုရင္ အေယာက္ (၆၀၀)၊ တေန႔ကဆိုရင္ အေယာက္ (၅၀၀) အဲဒီလို လွဴခဲ့ရေတာ့ အရမ္းဝမ္းသာပါတယ္။

ေမး ။ ။ ကိုေဇာ္ႏိုင္တို႔ အခုလို လွဴႏုိင္ဖို႔ ဒါလုပ္တာ တစ္ပတ္အတြင္းမွာ ျဖစ္လာတယ္လို႔ သိရပါတယ္။ နားလည္ထားပါတယ္။ အဲဒီလိုမ်ဳိး လွဴဖို႔ စလုပ္ကတည္းက ဒီေလာက္အတိုင္းအတာ အမ်ားႀကီးလွဴဖို႔အတြက္ အစီအစဥ္နဲ႔ လုပ္ခဲ့တာလားရွင့္။

ေျဖ ။ ။ ပထမ စစီစဥ္တုန္းကေတာ့ ဘယ္ေလာက္လွဴမယ္ဆိုတာလဲ မခန္႔မွန္းတတ္ပါဘူး။ သို႔ေသာ္လဲ အကိုအေနနဲ႔ အမ်ားႀကီးလဲ မဟုတ္ဘူး၊ ဆယ္သိန္းေလာက္ေလး မတည္လိုက္တယ္။ ၿပီးေတာ့ သူငယ္ခ်င္းေတြကိုေျပာတယ္ “ထည့္ဝင္ၾကပါအံုး။ အခုလိုမ်ဳိးပဲ တေန႔လုပ္မွ တေန႔စား လက္လုပ္လက္စားေတြ၊ အေျခခံလူတန္းစားေတြမွာ ခက္ခဲေနၿပီ။ ဒါေပမဲ့ အခုေတာ့ စခ်င္တာေတာ့ ဆိုက္ကားဆရာေတြနဲ႔ စခ်င္တယ္။ အဲဒီအတြက္ေၾကာင့္ ကူၾကပါအံုး” လို႔ ေျပာလိုက္တဲ့အခါၾကေတာ့ ဥပမာ တစ္ေယာက္က တစ္သိန္းလွဴတယ္။ ေနာက္တစ္ေယာက္က ႏွစ္သိန္းလွဴတယ္။ ေနာက္တစ္ေယာက္က ငါးသိန္းလွဴတယ္။ ေနာက္တစ္ေယာက္က ႏွစ္သိန္းလွဴတယ္ အစရိွသျဖင့္ နည္းနည္းနဲ႔ စုလိုက္တာ သိန္း (၄၀) ရရိွတဲ့အခ်ိန္မွာ ဒို႔က အခုနေျပာတဲ့ တစ္ေသာင္းတန္ အစု package ေလးေတြ (၄၀၀) ရၿပီ။ အဲဒီ (၄၀၀) ကေန စၿပီးေတာ့ လွဴမယ္ဆိုၿပီး လွဴလိုက္တာ အခုေတာ့ စုစုေပါင္း အဲဒီလို package (၂၀၀၀) ေက်ာ္ေလာက္ လွဴခဲ့ၿပီးပါၿပီ။ အဲဒီေတာ့ ဒီသႀကၤန္ကာလအတြင္းေတာ့ ခဏနားပါမယ္။ သႀကၤန္ကာလၿပီးတဲ့အခ်ိန္ၾကရင္ ဆက္လွဴပါအံုးမယ္။ အကိုထင္တယ္ သႀကၤန္ၿပီးတဲ့ကာလအခ်ိန္မွာလည္း ဒီအေျခခံလူတန္းစားေတြအတြက္ေတာ့ ခက္ခဲမႈေတြ ရိွေနအံုးမယ္လို႔ ထင္တယ္။ အဲဒီေတာ့ အကိုတို႔ ဆက္လွဴသြားပါမယ္။

ေမး ။ ။ ကိုေဇာ္ႏိုင္တို႔က တႏိုင္တပိုင္ ပရဟိတ လွဴဒါန္းၾကသူေတြ။ အဲဒီလိုမ်ဳိး လွဴတဲ့ေနရာမွာ စည္ပင္ေတြ သက္ဆိုင္ရာၿမိဳ ႔နယ္ေတြက စည္ပင္ရံုးေတြနဲ႔ ဆက္သြယ္ၿပီးမွ ေတာ္ေတာ္ေလး စနစ္တက်လွဴတာကို ေတြ႔ရပါတယ္။ အဲဒီလုပ္ဖို႔ အစီအစဥ္လုပ္တဲ့အခါမွာ အခက္အခဲ ေတြ႔ရပါလားရွင့္။

ေျဖ ။ ။ မရိွပါဘူး။ စည္ပင္အဖြဲ႔ေတြကို အကိုတုိ႔ သြားေျပာပါတယ္။ သြားေျပာတဲ့အခါမွာလည္း သူတုိ႔ေတြက ေက်းဇူးတင္တယ္။ သူတုိ႔ေတြ အကုန္လံုးက စည္ပင္သာယာေရး အကုန္လံုးက ေက်းဇူးတင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ကိုယ္တိုင္ကလဲ ပထမဦးဆံုးတခုက သူတုိ႔စည္ပင္ဝန္ထမ္းေတြကိုေတာင္ သူတုိ႔ေထာက္ပံ့ဖို႔ေတာင္ အခက္အခဲေတြ ရိွေနတယ္။ ဒုတိယတခုက သူုတို႔ၿမိဳ ႔နယ္ေတြထဲမွာ ဒီလိုမ်ဳိး လက္လုပ္လက္စားေတြ၊ အေျခခံလူတန္းစားေတြကို ကူညီေထာက္ပံ့ဖို႔ သူတုိ႔မွာ ခက္ခဲတယ္။ အဲဒီေတာ့ သူတုိ႔ကိုယ္တိုင္က မေပးႏိုင္ေတာ့ အကိုတို႔က လာၿပီးလွဴတဲ့အခ်ိန္မွာ သူုတို႔က ဝမ္းသာပါတယ္။ ၿပီးေတာ့ အကိုတုိ႔ေမးတယ္ - ဥပမာအားျဖင့္ ေတာင္ဥကၠလာဆိုရင္ ဘယ္ေလာက္လွဴမွာလဲေပါ့။ က်ေနာ္တို႔ ဆိုက္ကားဆရာ ေလးရာေလာက္ကို လွဴခ်င္ပါတယ္ဆိုေတာ့ ဆိုက္ကားဆရာက တစ္ေထာင့္ႏွစ္ရာေက်ာ္ရိွတာ စာရင္းထဲမွာ - အဲဒါကို အကုန္မလွဴႏုိင္ဘူး။ အဲဒီအခ်ိန္တုန္းက ေလးရာေလာက္ပဲ လွဴႏုိင္တာဆိုတဲ့အခါၾကေတာ့ - ေလးရာေလာက္ပဲ စုေပးပါမယ္ဆိုၿပီး အဲဒီမွာ ဆိုက္ကားဆရာ တစ္ကေန ေလးရာအတြင္း စုေပးလိုက္တဲ့အခ်ိန္မွာ ေလးရာရဲ ႔ ေနာက္ပိုင္းက ဆိုက္ကားဆရာေတြလည္းလာတယ္။ ဒါေပမဲ့ ဒို႔က မလွဴႏိုင္ဘူး။ ဒါေပမဲ့ အဲဒီ ေလးရာေလာက္ကိုပဲ လွဴရာတာကို ဒို႔ကေက်နပ္ေနၿပီ။ သို႔ေသာ္လဲ အမွန္တကယ္ေတာ့ အလွဴခံ ပုဂၢိဳလ္ေတြက အမ်ားႀကီး ရိွေနတယ္။ သူတုိ႔အေနနဲ႔လဲ မလုပ္ႏုိင္ေသးေတာ့ သူတို႔အေနနဲ႔ ကူညီပါတယ္။

ထို႔နည္းတူပဲ ေျမာက္ဥကၠလာ၊ အင္းစိန္၊ လိႈင္ၿမိဳ ႔နယ္၊ ဒလ ေနရာတိုင္းက ဝမ္းသာအားရ ႀကိဳဆိုၾကပါတယ္။ ဝမ္းသာအားရ ကူညီၾကပါတယ္။ လိုအပ္တာ အကုန္လံုးကို ျဖည့္ဆည္းကူညီေဆာင္ရြက္ေပးၾကပါတယ္။ သူတို႔ကို ေက်းဇူးတင္ရပါမယ္။

ေမး ။ ။ ေနာက္ၿပီးေတာ့ ကိုဗစ္-၁၉ မျဖစ္ခင္ကတည္းက အေႏွးယာဥ္လုပ္သားေတြဆိုတာက ဝင္ေငြနည္း လူတန္းစားထဲမွာ ပါပါတယ္။ ကိုေဇာ္ႏုိင္တုိ႔ လုပ္ထားတဲ့ research အရေတာ့ သူတုိ႔ရဲ ႔ တေန႔ပ်မ္မွ်ဝင္ေငြက ရွစ္ေထာင္ကေန တစ္ေသာင္းခြဲၾကားမွာ ရိွတယ္ဆိုေတာ့ အခုလိုမ်ဳိး ဒီလိုအေျခအေနျဖစ္တဲ့အခါၾကေတာ့ သူတို႔ ဘယ္ေလာက္အထိ ထိခိုက္ေနပါသလဲရွင့္။

ေျဖ ။ ။ အခုလက္ရိွအေျခအေနက အခုနစစ္တမ္း ေကာက္လိုက္တဲ့အခ်ိန္မွာ ေတြ႔ရတာေတာ့ သူတုိ႔က သံုးေထာင္နဲ႔ ေလးေထာင္ငါးရာေလာက္ပဲ ဝင္ေတာ့တယ္။ ဒါေပမဲ့ အခုရက္ပိုင္းမွာဆို တျဖည္းျဖည္းနဲ႔ ပိုဆိုးသြားတယ္။ အခုရက္ပိုင္းအတြင္းမွာဆို တေန႔တျခား ပိုနည္းလာတဲ့သေဘာ ရိွတယ္။ ဥပမာအားျဖင့္ ညေန (၅) နာရီေလာက္အထိ တမနက္လံုးဆြဲလာတာေတာင္မွ တစ္ေထာင္၊ တစ္ေထာင္ငါးရာပဲ ရေသးတဲ့လူေတြ ရိွေသးတယ္။ အဲဒီအခါၾကေတာ့ သူတုိ႔အေနနဲ႔က တစ္ေန႔တစ္ျခား ပိုဆိုးလာတယ္။ သႀကၤန္အတြင္းဆိုရင္ သူတုိ႔နားကိုနားရေတာ့မွာ။ အဲဒီေတာ့ သူတုိ႔ရဲ ႔ အေျခအေနက ဘယ္လိုေျပာရမလဲဆိုေတာ့ စားဝတ္ေနေရးအတြက္ကို ေလာက္ငဖို႔ေတာင္ မရိွေတာ့ဘူး။ Owner အံုနာခံလည္း ေပးရေသးတယ္။ ဆိုက္ကားဆရာ အမ်ားစုက အေႏွးယာဥ္လုပ္သားေတြ အမ်ားစုက ဆိုက္ကားအံုနာေတြကို အံုနာခေပးရေသးတယ္။ အဲဒီအခါၾကေတာ့ သူတို႔ေတြမွာ ေတာ္ေတာ္ေလး ၾကပ္တည္းပါတယ္။ ေနာက္ၿပီးေတာ့ သူတို႔မိသားစုေတြထဲမွာ အခ်ဳိ ႔မိသားစုေတြမွာ သားသမီးေတြက အရင္တုန္းက အလုပ္လုပ္ေနၾကတယ္။ အခု အဲဒီသားသမီးေတြကလည္း အလုပ္ရပ္သြားၾကၿပီိ။ တခ်ဳိ ႔ေတြက အလုပ္ကိုျပဳတ္သြားၾကတာ။ အဲဒီအခါၾကေတာ့ သူတို႔ဆီမွာ ပိုၿပီးေတာ့ ၾကပ္တည္းတဲ့အေျခအေနမ်ဳိးေတြ ေတြ႔ရပါတယ္။

ေမး ။ ။ ဒါကေတာ့ ကိုေဇာ္ႏုိင္တို႔ စစ္တမ္းေကာက္ထားတာ အေႏွးယာဥ္လုပ္သား၊ ဆိုက္ကားသမား အေႏွးယာဥ္လုပ္သားေတြ။ တျခားလက္လုပ္လက္စား ေန႔စားအေျခခံလူတန္းစားေတြေကာ ဘယ္ေလာက္အထိ အၾကပ္အတည္း ျဖစ္ေနတယ္လို႔ သိရပါလဲရွင့္။

ေျဖ ။ ။ တေန႔က ဒဂံုၿမိဳ ႔သစ္ အေရွ ႔ဘက္မွာရိွတဲ့ တူမတစ္ေယာက္က အလည္လာတယ္။ အလည္လာတာလုိ႔ ေျပာတာထက္ အကူအညီ လာေတာင္းတယ္။ သူုတို႔ေတြလည္း အလုပ္ေတြရပ္သြားလို႔ “ဦးရယ္ သမီးတို႔ကို နည္းနည္းေလး ကူညီလို႔ရတာ ကူညီပါအံုး” ဆိုၿပီး ေတာင္းဆိုတယ္။ မတတ္ႏိုင္ဘူး သူတို႔ေတြကလဲ ကိုယ့္ရဲ ႔ေဆြမ်ဳိးမကင္းသူေတြျဖစ္ေတာ့ ကူလိုက္ပါတယ္။ ၿပီးေတာ့ သူက ထိုင္ၿပီးေျပာေနရွာတယ္။ သူတုိ႔ဘက္မွာ တခ်ဳိ ႔ရပ္ကြက္ေတြမွာဆိုရင္ ဥပမာ ေစ်းဆိုင္ေလးေတြ ရိွတယ္။ ေစ်းဆိုင္ထဲမွာလာၿပီးေတာ့ ဥပမာ ဆန္က ႏွစ္ျပည္၊ ငရုတ္သီးက ဘယ္ေလာက္ဖိုး၊ ၾကက္သြန္က ဘယ္ေလာက္ဖိုး၊ အာလူးက ဘယ္ေလာက္ဖိုး စသည္ျဖင့္ ဝယ္တဲ့ပံုစံမ်ဳိး ထုတ္ခိုင္းတယ္။ အားလံုးထုတ္ခိုင္းၿပီးေတာ့ ငါ့မွာ ပိုက္ဆံမပါဘူး။ ငါယူသြားၿပီး ဒါပဲဆိုၿပီး ေျပာကာ ခပ္တည္တည္နဲ႔ ယူသြားတာမ်ဳိး။ ဒါကို ေအးဓျမလို႔ ေျပာရမလား မသိဘူး။ အဲဒီလိုမ်ဳိးေတြ ျဖစ္ေနတယ္။ ဆိုင္ရွင္ကလဲ လိုက္ရမွာလား၊ မလိုက္ရဘူးလား။ အဲဒီေတာ့ သူ႔ဆီမွာလဲ ခက္သြားၿပီ။ အဲဒီလိုမ်ဳိးေတြနဲ႔ ေနာက္တခါ ဆိုင္ထဲကို ခပ္တည္တည္နဲ႔ ဝင္လာၿပီး ယူသြားတာမ်ဳိးေတြ အခုရိွေနတယ္ဆိုေတာ့ ဒါက အခုအခ်ိန္က တကယ္တမ္းၾကေတာ့ အရမ္းႀကီးဆိုးဝါးေနတဲ့ အခ်ိန္မဟုတ္ေသးဘူး။ ဒါေပမဲ့ တျဖည္းျဖည္းနဲ႔ အေျခခံလူတန္းစားေတြမွာ ဝင္ေငြက နည္းသထက္နည္းလာၿပီးေတာ့ ေနာက္ဆံုး သူတို႔ေတြက တေန႔လုပ္မွ တေန႔စားရတာ။ ဝင္ေငြမရိွေတာ့တဲ့အခ်ိန္ၾကရင္ ဘာျဖစ္မလဲဆိုတာ ေတာ္ေတာ္ေျပာရခက္ပါတယ္။

ေမး ။ ။ ကိုေဇာ္ႏုိင္ေျပာသလိုဆိုရင္ စိတ္ပူစရာ အေျခအေနေတြလဲ ျဖစ္လာႏိုင္တာေပါ့။

ေျဖ ။ ။ ရာဇဝတ္မႈေတြ ျဖစ္လာႏုိင္ေျခလဲ ရိွတာေပါ့။ အဲဒီလိုပဲ ေျပာရမလား မသိဘူး။

ေမး ။ ။ အဲဒီလိုမ်ဳိး ဒုကၡေရာက္ေနတဲ့ အေျခခံလူတန္းစားေတြအတြက္ အေႏွးယာဥ္လုပ္သားေတြမွ မဟုတ္ဘဲ။ အားလံုးကို လွဴဒါန္းႏုိင္ဖို႔အတြက္ ကိုေဇာ္ႏုိင္တို႔ ေနာက္အစီအစဥ္ေတြ ရိွပါလားရွင့္။

ေျဖ ။ ။ ခက္တယ္။ ဘယ္လို ေျပာရမလဲဆိုေတာ့ ဒို႔ေတြကေတာ့ အခုန အကိုတို႔ အဖြဲ႔အေနနဲ႔ မဟုတ္ဘဲနဲ႔ ပထမေတာ့ သူငယ္ခ်င္းေတြစုၿပီး လွဴၾကတာ။ အခုေတာ့ အဖြဲ႔ေလး နာမည္ေပးရေအာင္ဆိုၿပီး ေပးလိုက္ပါတယ္။ “ဲျပည္သူမွ ျပည္သူသို႔ မွ်ဝျခင္း” ဆိုေပမယ့္လဲ အကိုတို႔အုပ္စုထဲမွာပါတဲ့ လူ (၇၀) ေလာက္ကေန အခုဆို လူ (၂၁၀၀) ေလာက္ကို ဒို႔က မွ်ေဝႏုိင္ခဲ့တယ္။ ဒီေန႔အထိေပါ့။ အဲဒါဆိုရင္ (၇၀) ကေန (၂၁၀၀) ဆိုေတာ့ ဒို႔တစ္ေယာက္ခ်င္းဆီက ပ်မ္းမွ်အားျဖင့္ဆိုရင္ အေယာက္ (၃၀) ေလာက္ကို မွ်ေဝႏိုင္တာေပါ့။ ဟုတ္ၿပီ ဒါေပမဲ့ တစ္ခုရိွတယ္ - ျမန္မာႏုိင္ငံတႏိုင္ငံလံုးမွာရိွတဲ့ လူဦးေရက သန္း (၅၀) ေက်ာ္။ သန္း (၅၀) ေက်ာ္အတြက္ကို မွ်ေဝဖို႔ဆိုရင္ (၃၀) နဲ႔စားလိုက္ လူ (၁) သန္းခြဲေလာက္ကေန ဝိုင္းၿပီးမွ်ေဝၾကရမွာ။ ဒါေပမဲ့ အဲဒီ (၁) သန္းခြဲ အကုန္လံုးက ေခ်ာင္ေခ်ာင္လည္လည္ရိွတဲ့ (၁) သန္းခြဲလာဆိုတာ အဲဒါ မေျပာတတ္ဘူး။

အဲဒီေတာ့ အစိုးရ အေရးႀကီးပါတယ္။ အခုဆိုရင္ အစိုးရက စီစဥ္ေနၿပီ။ အေျခခံ ပံုမွန္ဝင္ေငြ မရိွတဲ့ အေျခခံလူတန္းစားေတြကို ကူညီဖို႔ ေထာက္ပံ့ဖို႔ စေနၿပီ။ အဲဒီေတာ့ အဲဒီဟာကို ၾကည့္ရမွာေပါ့။ အဲဒီေနရာေတြမွာ ကြက္လပ္ေတြ ရိွေနအံုးမယ္ထင္တယ္။ အဲဒီကြက္လပ္ေတြကို ျဖည့္ႏုိင္ၾကမယ္ဆိုိရင္ေတာ့ မဆိုးဘူးလို႔ ထင္ပါတယ္။

ေမး ။ ။ အခုဟာကေတာ့ ကိုဗစ္-၁၉ ကပ္ေရာဂါ အေရးေပၚအေျခအေန ျဖစ္တဲ့အခ်ိန္မွာ ကိုေဇာ္ႏုိင္က လွဴဖို႔စီစဥ္ၿပီးေတာ့ လွဴခဲ့တာေပါ့။ ေနာက္ေကာ ဒီဟာကို ပံုမွန္ပရဟိတ အလွဴတစ္ခုအေနနဲ႔ လုပ္သြားဖို႔ အစီအစဥ္ ရိွပါသလားရွင့္။

ေျဖ ။ ။ အမွန္တကယ္ေတာ့ ေနာက္ကိစၥကို ခဏထားၿပီးေတာ့ အခု ကိုဗစ္-၁၉ ကိစၥပဲ စေျပာရင္ - အကိုထင္တယ္ ဒါက အစပိုင္းေလးပဲ ရိွေသးတယ္လို႔ပဲ ေျပာရမလား မသိဘူး။ မေျပာတတ္ဘူး။ ဘယ္ေလာက္ၾကာမလဲဆိုတာ။ ေနာက္တခုက အခု lock down လုပ္တယ္။ သႀကၤန္ကာလ (၁၀) ရက္။ Lock down ၿပီးသြားရင္ တကယ္ၿပီးသြားမွာလား။ ဘယ္သူမွ မေျပာႏိုင္ဘူး။ ဘယ္ေလာက္ တာရွည္မလဲဆိုတာ မေျပာႏိုင္ဘူး။ ေနာက္တခါ တကယ္လို႔ ၿပီးသြားၿပီဆိုပါေတာ့ Lock down လဲ မလုပ္ေတာ့ဘူး ဆိုပါေတာ့ လူေတြက ရဲရဲဝံ့ဝံ့ ေစ်းေတြထဲကို သြားရဲေသးလား။ လူေတြ ရဲရဲဝံ့ဝံ့ ရံုးျပန္တက္ရဲၿပီလား။ မေျပာတတ္ဘူး။ အဲဒီေတာ့ အခုနေျပာတဲ့ လက္လုပ္လက္စား အေျခခံလူတန္းစားက သူတုိ႔ရဲ ႔ စီးပြားေရးျပန္ေကာင္းလာၿပီလား။ ဒီလက္လုပ္လက္စား အေျခခံလူတန္းစားက သႀကၤန္ေက်ာ္တာနဲ႔ သူတုိ႔လုပ္ငန္းခြင္ေတြထဲ ျပန္ဝင္သြားၿပီးေတာ့ ပံုမွန္ဝင္ေငြ ျပန္ရၿပီလား။ မေျပာတတ္ေသးဘူး။ အကိုတုိ႔က အေဝးႀကီးကို အခုေတာ့ မေမွ်ာ္ေသးဘူး။ ဒီကိုဗစ္ကာလ၊ ဒီ ၁၉ ကာလေလး အတြင္းမွာပဲ - ဒီကာလေလးဆိုတာလဲ ဘယ္ေလာက္ၾကာမယ္ မသိေသးဘူး။ ကာလရွည္မွာလား၊ တုိမွာလား မသိတဲ့အတြက္ေၾကာင့္ ဒီကာလအတြက္ကိုပဲ လက္ရိွ Present ကာလေလး - Live Now ေပါ့ - အခုအခ်ိန္ေလးအတြက္ကို အာရံုစိုက္လိုက္ပါအံုးမယ္။ အဲဒီေတာ့ ေနာင္လာတဲ့ အခ်ိန္အတြက္ကိုေတာ့ ေနာက္တခု စဥ္းစားၾကတာေပါ့။ ဒါေပမဲ့ ေနာက္တခုက ဘာလဲဆိုေတာ့ တကယ္တမ္း အခုဟာက အေရးေပၚကာလလို႔ ျဖစ္ေနတဲ့အခါျဖစ္ေတာ့ Emergency Response လုပ္ေနရတာ ျဖစ္ပါတယ္။ အဲဒီအခါၾကေတာ့ Emergency Response လုပ္ေနတဲ့ အခ်ိန္ဆိုေတာ့ ဒို႔ေတြက ဒီလိုမ်ဳိး လွဴေနတန္းေနတာသည္ လက္တေလာအေနနဲ႔ ေဆးၿမီးတိုလိုမ်ဳိး ျဖစ္ရင္ျဖစ္ေနမွာေပါ့။ တကယ္လို႔ ၾကာလာရင္ ဘာလုပ္မလဲ။ ဒါက ထပ္ၿပီးေတာ့ စဥ္းစားရမယ့္ကိစၥ ျဖစ္သြားၿပီ။ အဲဒီေတာ့ ေနာက္တခါၾကရင္ ေနာက္တမ်ဳိး ထပ္စဥ္းစားရမယ္ထင္တယ္။ အဲဒီေတာ့ ေသခ်ာ မသိေသးဘူး ညီမ။

ေမး ။ ။ အခုလိုမ်ဳိး အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္ အမ်ားႀကီးေက်းဇူးတင္ပါတယ္။ ေနာင္လဲ အမ်ားႀကီး ကူညီႏိုင္ပါေစရွင့္။

ေျဖ ။ ။ ေက်းဇူးတင္ပါတယ္။ VOA ကိုလည္း ေက်းဇူးတင္ပါတယ္။ ညီိမတုိ႔ အကုန္လံုးလည္း အေမရိကမွာရိွေနတဲ့ VOA ဝန္ထမ္းေတြနဲ႔ ျမန္မာျပည္မွာရိွေနတဲ့ VOA ဝန္ထမ္းေတြအားလံုး ကိုဗစ္-၁၉ ေဘးရန္ကေန ကင္းကြာၾကပါေစ။ VOA ရဲ ႔ ေသာတရွင္ပရိသတ္ေတြအားလံုးလည္း ကိုဗစ္-၁၉ ေဘးရန္ကေန ကင္းကြာၾကပါေစ။ က်န္းမာၾကပါေစလုိ႔ ဆုေတာင္းေပးလိုက္ပါတယ္။

==Unicode==

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝင်ငွေထိခိုက်နေတဲ့ ရန်ကုန်မြို့အခြေခံလူတန်းစားတွေထဲက အနှေးယာဉ်လုပ်သား ထောင်နဲ့ချီကို အခြေခံစားကုန်တွေ တနိုင်တပိုင် လှူဒါန်းဖို့ စီစဉ်ခဲ့သူ Mandalay Technology နည်းပညာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ကိုဇော်နိုင် ကို မစုမြတ်မွန် က Skype မှတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါရှင့် ကိုဇော်နိုင်တို့က ရန်ကုန်မြို့နယ် တော်တော်များများမှာရှိတဲ့ ဆိုက်ကားဆရာတွေ၊ အနှေးယာဉ်လုပ်သားတွေအတွက်ကို အလှူတွေ လုပ်ခဲ့တယ်ဆိုတော့ အဲဒီလိုလုပ်တဲ့အခါမှာ ကိုယ်ရတဲ့ ပီတိကို အရင်ဆုံးပြောပြပေးပါရှင့်။
ဖြေ ။ ။ အရမ်းကျေနပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကိုတို့က အခုလက်ရှိတော့ ဆိုက်ကားဆရာတွေကို focus လုပ်ပြီးတော့ လှူဒါန်းနေတာ။ အဲဒီအခါကြတော့ သူတို့တွေရဲ့ မျက်နှာကိုကြည့်ရတာ အရမ်းကို သူတို့ ဒီဟာကို လိုအပ်နေလို့ အလှူလာခံတာမျိုးကို တွေ့ရပါတယ်။ ဥပမာ အကိုတို့က မနက် (၁၀) နာရီမှာ သူတို့အတွက်ကို ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်တွေ လှူမယ်လို့ပြောတော့ မနက် (၇) နာရီခွဲ (၈) နာရီလောက်ထဲက ရောက်နေကြတယ်။ ပြီးတဲ့အခါကြတော့ တန်းစီးပြီးတော့ အလှူခံကြတယ်။ ပြီးတော့ သူတို့တွေ ပျော်နေကြတယ်။ ဆန်တစ်အိတ်၊ နောက်တခါ ဆီ၊ ငရုတ်သီး၊ ကြက်သွန်လေးတွေရတာ ဒို့အတွက်ကတော့ တန်းဖိုးမများဘူး။ လှူတဲ့လူတွေအတွက်က စုပြီးလှူလိုက်ကြတာ။ တယောက်နည်းနည်းနဲ့ စုပြီးလှူလိုက်ကြတာ။ အဲဒီလို တန်းဖိုးမများဘူး ထင်ရပေမယ့် သူတို့အတွက်ကြတော့ အဲဒါသည် တန်းဖိုးလည်းကြီးတယ်။
နောက်ပြီးတော့ ဘာဖြစ်လဲဆိုတော့ ဆိုက်ကားဆရာကြီးတယောက်ကဆို သူအပြင်ထွက်လာတဲ့အချိန်မှာ အဲဒီနားမှာ မတ်တပ်ရပ်ပြီးတော့ ဘာပြောသလဲဆိုတော့ “ဒါဆိုရင် ဆရာရယ် .. ကျနော်တို့ ဒီသင်္ကြန်အတွင်းကတော့ အလုပ်လဲလုပ်လို့ရမှာ မဟုတ်ဘူး။ ကျနော် ကောင်းကောင်းနားလို့ရပြီ” လို့ပြောတယ်။ အဲဒီအခါကြတော့ “မိသားစု ဘယ်လောက်ရှိတာလဲ။” ဆိုတော့ “ကျနော်တို့က (၃) ယောက်ထဲ ရှိတာပါ။ အဲဒီတော့ နှစ်ပတ်စာလောက်တော့ လောက်သွားပြီ။ ဆန် (၆) ပြည်၊ ငရုတ်သီး၊ ကြက်သွန်၊ ဆီ ပါတယ်။” ဆိုတော့ အကိုတို့က တကယ်တမ်းတော့ တစ်သောင်းဖိုးလှူတာ။ သို့သော် တခြားအလှူရှင်တွေကလာတဲ့ အလှူ၊ တခြားပစ္စည်းတွေလည်းပါသေးတယ်။ နောက်ပြီးတော့ ဒီဟာလှူတာ ဆန်ကုန်သည်တွေက လျှော့ပေးထားတာလည်းပါတော့ အားလုံးပေါင်း နှစ်သောင်းဖိုးလောက်တော့ ရှိမှာပေါ့။ အဲဒီနှစ်သောင်းဖိုး လှူလိုက်တာဟာ သူတို့အတွက် နှစ်ပတ်စာလောက် ရသွားပြီဆိုတော့ အလွန်ဝမ်းသာပါတယ်။ ပြီးတော့ ဒီနေ့ဆိုရင် လူအယောက် (၄၀၀)။ မနေ့ကဆိုရင် အယောက် (၆၀၀)၊ တနေ့ကဆိုရင် အယောက် (၅၀၀) အဲဒီလို လှူခဲ့ရတော့ အရမ်းဝမ်းသာပါတယ်။

မေး ။ ။ ကိုဇော်နိုင်တို့ အခုလို လှူနိုင်ဖို့ ဒါလုပ်တာ တစ်ပတ်အတွင်းမှာ ဖြစ်လာတယ်လို့ သိရပါတယ်။ နားလည်ထားပါတယ်။ အဲဒီလိုမျိုး လှူဖို့ စလုပ်ကတည်းက ဒီလောက်အတိုင်းအတာ အများကြီးလှူဖို့အတွက် အစီအစဉ်နဲ့ လုပ်ခဲ့တာလားရှင့်။

ဖြေ ။ ။ ပထမ စစီစဉ်တုန်းကတော့ ဘယ်လောက်လှူမယ်ဆိုတာလဲ မခန့်မှန်းတတ်ပါဘူး။ သို့သော်လဲ အကိုအနေနဲ့ အများကြီးလဲ မဟုတ်ဘူး၊ ဆယ်သိန်းလောက်လေး မတည်လိုက်တယ်။ ပြီးတော့ သူငယ်ချင်းတွေကိုပြောတယ် “ထည့်ဝင်ကြပါအုံး။ အခုလိုမျိုးပဲ တနေ့လုပ်မှ တနေ့စား လက်လုပ်လက်စားတွေ၊ အခြေခံလူတန်းစားတွေမှာ ခက်ခဲနေပြီ။ ဒါပေမဲ့ အခုတော့ စချင်တာတော့ ဆိုက်ကားဆရာတွေနဲ့ စချင်တယ်။ အဲဒီအတွက်ကြောင့် ကူကြပါအုံး” လို့ ပြောလိုက်တဲ့အခါကြတော့ ဥပမာ တစ်ယောက်က တစ်သိန်းလှူတယ်။ နောက်တစ်ယောက်က နှစ်သိန်းလှူတယ်။ နောက်တစ်ယောက်က ငါးသိန်းလှူတယ်။ နောက်တစ်ယောက်က နှစ်သိန်းလှူတယ် အစရှိသဖြင့် နည်းနည်းနဲ့ စုလိုက်တာ သိန်း (၄၀) ရရှိတဲ့အချိန်မှာ ဒို့က အခုနပြောတဲ့ တစ်သောင်းတန် အစု package လေးတွေ (၄၀၀) ရပြီ။ အဲဒီ (၄၀၀) ကနေ စပြီးတော့ လှူမယ်ဆိုပြီး လှူလိုက်တာ အခုတော့ စုစုပေါင်း အဲဒီလို package (၂၀၀၀) ကျော်လောက် လှူခဲ့ပြီးပါပြီ။ အဲဒီတော့ ဒီသင်္ကြန်ကာလအတွင်းတော့ ခဏနားပါမယ်။ သင်္ကြန်ကာလပြီးတဲ့အချိန်ကြရင် ဆက်လှူပါအုံးမယ်။ အကိုထင်တယ် သင်္ကြန်ပြီးတဲ့ကာလအချိန်မှာလည်း ဒီအခြေခံလူတန်းစားတွေအတွက်တော့ ခက်ခဲမှုတွေ ရှိနေအုံးမယ်လို့ ထင်တယ်။ အဲဒီတော့ အကိုတို့ ဆက်လှူသွားပါမယ်။

မေး ။ ။ ကိုဇော်နိုင်တို့က တနိုင်တပိုင် ပရဟိတ လှူဒါန်းကြသူတွေ။ အဲဒီလိုမျိုး လှူတဲ့နေရာမှာ စည်ပင်တွေ သက်ဆိုင်ရာမြို့နယ်တွေက စည်ပင်ရုံးတွေနဲ့ ဆက်သွယ်ပြီးမှ တော်တော်လေး စနစ်တကျလှူတာကို တွေ့ရပါတယ်။ အဲဒီလုပ်ဖို့ အစီအစဉ်လုပ်တဲ့အခါမှာ အခက်အခဲ တွေ့ရပါလားရှင့်။

ဖြေ ။ ။ မရှိပါဘူး။ စည်ပင်အဖွဲ့တွေကို အကိုတို့ သွားပြောပါတယ်။ သွားပြောတဲ့အခါမှာလည်း သူတို့တွေက ကျေးဇူးတင်တယ်။ သူတို့တွေ အကုန်လုံးက စည်ပင်သာယာရေး အကုန်လုံးက ကျေးဇူးတင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင်ကလဲ ပထမဦးဆုံးတခုက သူတို့စည်ပင်ဝန်ထမ်းတွေကိုတောင် သူတို့ထောက်ပံ့ဖို့တောင် အခက်အခဲတွေ ရှိနေတယ်။ ဒုတိယတခုက သူုတို့မြို့နယ်တွေထဲမှာ ဒီလိုမျိုး လက်လုပ်လက်စားတွေ၊ အခြေခံလူတန်းစားတွေကို ကူညီထောက်ပံ့ဖို့ သူတို့မှာ ခက်ခဲတယ်။ အဲဒီတော့ သူတို့ကိုယ်တိုင်က မပေးနိုင်တော့ အကိုတို့က လာပြီးလှူတဲ့အချိန်မှာ သူုတို့က ဝမ်းသာပါတယ်။ ပြီးတော့ အကိုတို့မေးတယ် - ဥပမာအားဖြင့် တောင်ဥက္ကလာဆိုရင် ဘယ်လောက်လှူမှာလဲပေါ့။ ကျနော်တို့ ဆိုက်ကားဆရာ လေးရာလောက်ကို လှူချင်ပါတယ်ဆိုတော့ ဆိုက်ကားဆရာက တစ်ထောင့်နှစ်ရာကျော်ရှိတာ စာရင်းထဲမှာ - အဲဒါကို အကုန်မလှူနိုင်ဘူး။ အဲဒီအချိန်တုန်းက လေးရာလောက်ပဲ လှူနိုင်တာဆိုတဲ့အခါကြတော့ - လေးရာလောက်ပဲ စုပေးပါမယ်ဆိုပြီး အဲဒီမှာ ဆိုက်ကားဆရာ တစ်ကနေ လေးရာအတွင်း စုပေးလိုက်တဲ့အချိန်မှာ လေးရာရဲ့ နောက်ပိုင်းက ဆိုက်ကားဆရာတွေလည်းလာတယ်။ ဒါပေမဲ့ ဒို့က မလှူနိုင်ဘူး။ ဒါပေမဲ့ အဲဒီ လေးရာလောက်ကိုပဲ လှူရာတာကို ဒို့ကကျေနပ်နေပြီ။ သို့သော်လဲ အမှန်တကယ်တော့ အလှူခံ ပုဂ္ဂိုလ်တွေက အများကြီး ရှိနေတယ်။ သူတို့အနေနဲ့လဲ မလုပ်နိုင်သေးတော့ သူတို့အနေနဲ့ ကူညီပါတယ်။

ထို့နည်းတူပဲ မြောက်ဥက္ကလာ၊ အင်းစိန်၊ လှိုင်မြို့နယ်၊ ဒလ နေရာတိုင်းက ဝမ်းသာအားရ ကြိုဆိုကြပါတယ်။ ဝမ်းသာအားရ ကူညီကြပါတယ်။ လိုအပ်တာ အကုန်လုံးကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးကြပါတယ်။ သူတို့ကို ကျေးဇူးတင်ရပါမယ်။

မေး ။ ။ နောက်ပြီးတော့ ကိုဗစ်-၁၉ မဖြစ်ခင်ကတည်းက အနှေးယာဉ်လုပ်သားတွေဆိုတာက ဝင်ငွေနည်း လူတန်းစားထဲမှာ ပါပါတယ်။ ကိုဇော်နိုင်တို့ လုပ်ထားတဲ့ research အရတော့ သူတို့ရဲ့ တနေ့ပျမ်မျှဝင်ငွေက ရှစ်ထောင်ကနေ တစ်သောင်းခွဲကြားမှာ ရှိတယ်ဆိုတော့ အခုလိုမျိုး ဒီလိုအခြေအနေဖြစ်တဲ့အခါကြတော့ သူတို့ ဘယ်လောက်အထိ ထိခိုက်နေပါသလဲရှင့်။

ဖြေ ။ ။ အခုလက်ရှိအခြေအနေက အခုနစစ်တမ်း ကောက်လိုက်တဲ့အချိန်မှာ တွေ့ရတာတော့ သူတို့က သုံးထောင်နဲ့ လေးထောင်ငါးရာလောက်ပဲ ဝင်တော့တယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာဆို တဖြည်းဖြည်းနဲ့ ပိုဆိုးသွားတယ်။ အခုရက်ပိုင်းအတွင်းမှာဆို တနေ့တခြား ပိုနည်းလာတဲ့သဘော ရှိတယ်။ ဥပမာအားဖြင့် ညနေ (၅) နာရီလောက်အထိ တမနက်လုံးဆွဲလာတာတောင်မှ တစ်ထောင်၊ တစ်ထောင်ငါးရာပဲ ရသေးတဲ့လူတွေ ရှိသေးတယ်။ အဲဒီအခါကြတော့ သူတို့အနေနဲ့က တစ်နေ့တစ်ခြား ပိုဆိုးလာတယ်။ သင်္ကြန်အတွင်းဆိုရင် သူတို့နားကိုနားရတော့မှာ။ အဲဒီတော့ သူတို့ရဲ့ အခြေအနေက ဘယ်လိုပြောရမလဲဆိုတော့ စားဝတ်နေရေးအတွက်ကို လောက်ငဖို့တောင် မရှိတော့ဘူး။ Owner အုံနာခံလည်း ပေးရသေးတယ်။ ဆိုက်ကားဆရာ အများစုက အနှေးယာဉ်လုပ်သားတွေ အများစုက ဆိုက်ကားအုံနာတွေကို အုံနာခပေးရသေးတယ်။ အဲဒီအခါကြတော့ သူတို့တွေမှာ တော်တော်လေး ကြပ်တည်းပါတယ်။ နောက်ပြီးတော့ သူတို့မိသားစုတွေထဲမှာ အချို့မိသားစုတွေမှာ သားသမီးတွေက အရင်တုန်းက အလုပ်လုပ်နေကြတယ်။ အခု အဲဒီသားသမီးတွေကလည်း အလုပ်ရပ်သွားကြပြီ။ တချို့တွေက အလုပ်ကိုပြုတ်သွားကြတာ။ အဲဒီအခါကြတော့ သူတို့ဆီမှာ ပိုပြီးတော့ ကြပ်တည်းတဲ့အခြေအနေမျိုးတွေ တွေ့ရပါတယ်။

မေး ။ ။ ဒါကတော့ ကိုဇော်နိုင်တို့ စစ်တမ်းကောက်ထားတာ အနှေးယာဉ်လုပ်သား၊ ဆိုက်ကားသမား အနှေးယာဉ်လုပ်သားတွေ။ တခြားလက်လုပ်လက်စား နေ့စားအခြေခံလူတန်းစားတွေကော ဘယ်လောက်အထိ အကြပ်အတည်း ဖြစ်နေတယ်လို့ သိရပါလဲရှင့်။

ဖြေ ။ ။ တနေ့က ဒဂုံမြို့သစ် အရှေ့ဘက်မှာရှိတဲ့ တူမတစ်ယောက်က အလည်လာတယ်။ အလည်လာတာလို့ ပြောတာထက် အကူအညီ လာတောင်းတယ်။ သူုတို့တွေလည်း အလုပ်တွေရပ်သွားလို့ “ဦးရယ် သမီးတို့ကို နည်းနည်းလေး ကူညီလို့ရတာ ကူညီပါအုံး” ဆိုပြီး တောင်းဆိုတယ်။ မတတ်နိုင်ဘူး သူတို့တွေကလဲ ကိုယ့်ရဲ့ဆွေမျိုးမကင်းသူတွေဖြစ်တော့ ကူလိုက်ပါတယ်။ ပြီးတော့ သူက ထိုင်ပြီးပြောနေရှာတယ်။ သူတို့ဘက်မှာ တချို့ရပ်ကွက်တွေမှာဆိုရင် ဥပမာ ဈေးဆိုင်လေးတွေ ရှိတယ်။ ဈေးဆိုင်ထဲမှာလာပြီးတော့ ဥပမာ ဆန်က နှစ်ပြည်၊ ငရုတ်သီးက ဘယ်လောက်ဖိုး၊ ကြက်သွန်က ဘယ်လောက်ဖိုး၊ အာလူးက ဘယ်လောက်ဖိုး စသည်ဖြင့် ဝယ်တဲ့ပုံစံမျိုး ထုတ်ခိုင်းတယ်။ အားလုံးထုတ်ခိုင်းပြီးတော့ ငါ့မှာ ပိုက်ဆံမပါဘူး။ ငါယူသွားပြီး ဒါပဲဆိုပြီး ပြောကာ ခပ်တည်တည်နဲ့ ယူသွားတာမျိုး။ ဒါကို အေးဓမြလို့ ပြောရမလား မသိဘူး။ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။ ဆိုင်ရှင်ကလဲ လိုက်ရမှာလား၊ မလိုက်ရဘူးလား။ အဲဒီတော့ သူ့ဆီမှာလဲ ခက်သွားပြီ။ အဲဒီလိုမျိုးတွေနဲ့ နောက်တခါ ဆိုင်ထဲကို ခပ်တည်တည်နဲ့ ဝင်လာပြီး ယူသွားတာမျိုးတွေ အခုရှိနေတယ်ဆိုတော့ ဒါက အခုအချိန်က တကယ်တမ်းကြတော့ အရမ်းကြီးဆိုးဝါးနေတဲ့ အချိန်မဟုတ်သေးဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အခြေခံလူတန်းစားတွေမှာ ဝင်ငွေက နည်းသထက်နည်းလာပြီးတော့ နောက်ဆုံး သူတို့တွေက တနေ့လုပ်မှ တနေ့စားရတာ။ ဝင်ငွေမရှိတော့တဲ့အချိန်ကြရင် ဘာဖြစ်မလဲဆိုတာ တော်တော်ပြောရခက်ပါတယ်။

မေး ။ ။ ကိုဇော်နိုင်ပြောသလိုဆိုရင် စိတ်ပူစရာ အခြေအနေတွေလဲ ဖြစ်လာနိုင်တာပေါ့။

ဖြေ ။ ။ ရာဇဝတ်မှုတွေ ဖြစ်လာနိုင်ခြေလဲ ရှိတာပေါ့။ အဲဒီလိုပဲ ပြောရမလား မသိဘူး။

မေး ။ ။ အဲဒီလိုမျိုး ဒုက္ခရောက်နေတဲ့ အခြေခံလူတန်းစားတွေအတွက် အနှေးယာဉ်လုပ်သားတွေမှ မဟုတ်ဘဲ။ အားလုံးကို လှူဒါန်းနိုင်ဖို့အတွက် ကိုဇော်နိုင်တို့ နောက်အစီအစဉ်တွေ ရှိပါလားရှင့်။

ဖြေ ။ ။ ခက်တယ်။ ဘယ်လို ပြောရမလဲဆိုတော့ ဒို့တွေကတော့ အခုန အကိုတို့ အဖွဲ့အနေနဲ့ မဟုတ်ဘဲနဲ့ ပထမတော့ သူငယ်ချင်းတွေစုပြီး လှူကြတာ။ အခုတော့ အဖွဲ့လေး နာမည်ပေးရအောင်ဆိုပြီး ပေးလိုက်ပါတယ်။ “ဲပြည်သူမှ ပြည်သူသို့ မျှဝခြင်း” ဆိုပေမယ့်လဲ အကိုတို့အုပ်စုထဲမှာပါတဲ့ လူ (၇၀) လောက်ကနေ အခုဆို လူ (၂၁၀၀) လောက်ကို ဒို့က မျှဝေနိုင်ခဲ့တယ်။ ဒီနေ့အထိပေါ့။ အဲဒါဆိုရင် (၇၀) ကနေ (၂၁၀၀) ဆိုတော့ ဒို့တစ်ယောက်ချင်းဆီက ပျမ်းမျှအားဖြင့်ဆိုရင် အယောက် (၃၀) လောက်ကို မျှဝေနိုင်တာပေါ့။ ဟုတ်ပြီ ဒါပေမဲ့ တစ်ခုရှိတယ် - မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ လူဦးရေက သန်း (၅၀) ကျော်။ သန်း (၅၀) ကျော်အတွက်ကို မျှဝေဖို့ဆိုရင် (၃၀) နဲ့စားလိုက် လူ (၁) သန်းခွဲလောက်ကနေ ဝိုင်းပြီးမျှဝေကြရမှာ။ ဒါပေမဲ့ အဲဒီ (၁) သန်းခွဲ အကုန်လုံးက ချောင်ချောင်လည်လည်ရှိတဲ့ (၁) သန်းခွဲလာဆိုတာ အဲဒါ မပြောတတ်ဘူး။

အဲဒီတော့ အစိုးရ အရေးကြီးပါတယ်။ အခုဆိုရင် အစိုးရက စီစဉ်နေပြီ။ အခြေခံ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေကို ကူညီဖို့ ထောက်ပံ့ဖို့ စနေပြီ။ အဲဒီတော့ အဲဒီဟာကို ကြည့်ရမှာပေါ့။ အဲဒီနေရာတွေမှာ ကွက်လပ်တွေ ရှိနေအုံးမယ်ထင်တယ်။ အဲဒီကွက်လပ်တွေကို ဖြည့်နိုင်ကြမယ်ဆိုရင်တော့ မဆိုးဘူးလို့ ထင်ပါတယ်။

မေး ။ ။ အခုဟာကတော့ ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်အခြေအနေ ဖြစ်တဲ့အချိန်မှာ ကိုဇော်နိုင်က လှူဖို့စီစဉ်ပြီးတော့ လှူခဲ့တာပေါ့။ နောက်ကော ဒီဟာကို ပုံမှန်ပရဟိတ အလှူတစ်ခုအနေနဲ့ လုပ်သွားဖို့ အစီအစဉ် ရှိပါသလားရှင့်။

ဖြေ ။ ။ အမှန်တကယ်တော့ နောက်ကိစ္စကို ခဏထားပြီးတော့ အခု ကိုဗစ်-၁၉ ကိစ္စပဲ စပြောရင် - အကိုထင်တယ် ဒါက အစပိုင်းလေးပဲ ရှိသေးတယ်လို့ပဲ ပြောရမလား မသိဘူး။ မပြောတတ်ဘူး။ ဘယ်လောက်ကြာမလဲဆိုတာ။ နောက်တခုက အခု lock down လုပ်တယ်။ သင်္ကြန်ကာလ (၁၀) ရက်။ Lock down ပြီးသွားရင် တကယ်ပြီးသွားမှာလား။ ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်လောက် တာရှည်မလဲဆိုတာ မပြောနိုင်ဘူး။ နောက်တခါ တကယ်လို့ ပြီးသွားပြီဆိုပါတော့ Lock down လဲ မလုပ်တော့ဘူး ဆိုပါတော့ လူတွေက ရဲရဲဝံ့ဝံ့ ဈေးတွေထဲကို သွားရဲသေးလား။ လူတွေ ရဲရဲဝံ့ဝံ့ ရုံးပြန်တက်ရဲပြီလား။ မပြောတတ်ဘူး။ အဲဒီတော့ အခုနပြောတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားက သူတို့ရဲ့ စီးပွားရေးပြန်ကောင်းလာပြီလား။ ဒီလက်လုပ်လက်စား အခြေခံလူတန်းစားက သင်္ကြန်ကျော်တာနဲ့ သူတို့လုပ်ငန်းခွင်တွေထဲ ပြန်ဝင်သွားပြီးတော့ ပုံမှန်ဝင်ငွေ ပြန်ရပြီလား။ မပြောတတ်သေးဘူး။ အကိုတို့က အဝေးကြီးကို အခုတော့ မမျှော်သေးဘူး။ ဒီကိုဗစ်ကာလ၊ ဒီ ၁၉ ကာလလေး အတွင်းမှာပဲ - ဒီကာလလေးဆိုတာလဲ ဘယ်လောက်ကြာမယ် မသိသေးဘူး။ ကာလရှည်မှာလား၊ တိုမှာလား မသိတဲ့အတွက်ကြောင့် ဒီကာလအတွက်ကိုပဲ လက်ရှိ Present ကာလလေး - Live Now ပေါ့ - အခုအချိန်လေးအတွက်ကို အာရုံစိုက်လိုက်ပါအုံးမယ်။ အဲဒီတော့ နောင်လာတဲ့ အချိန်အတွက်ကိုတော့ နောက်တခု စဉ်းစားကြတာပေါ့။ ဒါပေမဲ့ နောက်တခုက ဘာလဲဆိုတော့ တကယ်တမ်း အခုဟာက အရေးပေါ်ကာလလို့ ဖြစ်နေတဲ့အခါဖြစ်တော့ Emergency Response လုပ်နေရတာ ဖြစ်ပါတယ်။ အဲဒီအခါကြတော့ Emergency Response လုပ်နေတဲ့ အချိန်ဆိုတော့ ဒို့တွေက ဒီလိုမျိုး လှူနေတန်းနေတာသည် လက်တလောအနေနဲ့ ဆေးမြီးတိုလိုမျိုး ဖြစ်ရင်ဖြစ်နေမှာပေါ့။ တကယ်လို့ ကြာလာရင် ဘာလုပ်မလဲ။ ဒါက ထပ်ပြီးတော့ စဉ်းစားရမယ့်ကိစ္စ ဖြစ်သွားပြီ။ အဲဒီတော့ နောက်တခါကြရင် နောက်တမျိုး ထပ်စဉ်းစားရမယ်ထင်တယ်။ အဲဒီတော့ သေချာ မသိသေးဘူး ညီမ။

မေး ။ ။ အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ နောင်လဲ အများကြီး ကူညီနိုင်ပါစေရှင့်။

ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။ VOA ကိုလည်း ကျေးဇူးတင်ပါတယ်။ ညီမတို့ အကုန်လုံးလည်း အမေရိကမှာရှိနေတဲ့ VOA ဝန်ထမ်းတွေနဲ့ မြန်မာပြည်မှာရှိနေတဲ့ VOA ဝန်ထမ်းတွေအားလုံး ကိုဗစ်-၁၉ ဘေးရန်ကနေ ကင်းကွာကြပါစေ။ VOA ရဲ့ သောတရှင်ပရိသတ်တွေအားလုံးလည်း ကိုဗစ်-၁၉ ဘေးရန်ကနေ ကင်းကွာကြပါစေ။ ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

XS
SM
MD
LG