သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ရဲ႕ ေရွ႕အလားအလာ


NLD ပါတီ ႏိုင္ငံလံုးဆုိင္ရာ ညီလာခံ (ဓာတ္ပံု-NLD)
NLD ရဲ႕ ေရွ႕အလားအလာ
please wait

No media source currently available

0:00 0:11:41 0:00
တိုက္႐ိုက္ လင့္ခ္

လက္ရွိအေျခအေနမွာ စိမ္ေခၚသူမရွိ ပုခုံးခ်င္းယွဥ္မယ့္သူ မရွိေသးဘူးလို႔ ဆိုရမယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဟာ ျမန္မာ့ႏိုင္ငံေရးမွာ ဘယ္အခ်ိန္ ဘယ္ကာလအထိ ေရွ႕ဆုံးတန္းက ရွိေနႏိုင္မွာလဲ။ အလားတူစြာပဲ ေခါင္းေဆာင္ျဖစ္တဲ့ လူပုဂၢိလ္တဦးတည္းအေပၚ မွီခိုအားထားေနရတာထက္ ပါတီဝင္ထုရဲ႕သေဘာထားကို ထင္ဟပ္တဲ့ ပါတီတြင္းဒီမိုကေရစီ ရွင္သန္ေသာ အဖြဲ႕အစည္းတရပ္ ျဖစ္လာႏိုင္မယ့္ အလားအလာေကာ ဘယ္ေလာက္ရွိပါသလဲ။ ျမန္မာ့ႏိုင္ငံေရးသုံးသပ္သူ ေဒါက္တာတင္ေမာင္သန္း နဲ႔ က်ေနာ္ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။
လာမယ့္ေ႐ြးေကာက္ပြဲအလြန္ ျဖစ္လာႏိုင္တဲ့ အလားအလာကို ဦးတင္ေမာင္သန္းက အခုလို စတင္သုံးသပ္ပါတယ္။

ေျဖ ။ ။ ပါတီကို ဦးေဆာင္မယ့္သူနဲ႔ အစိုးရအဖြဲ႔ကို ဦးေဆာင္မယ့္သူဆိုၿပီး ဒီလိုေတာ့ တာဝန္ခြဲျခားၾကလိမ့္မယ္လို႔ထင္တယ္။ ဒါေၾကာင့္မို႔ လက္ရိွပါတီဦးေဆာင္ေနတဲ့ တခ်ဳိ ႔က အစိုးရအဖြဲ႔ထဲကိုေရာက္မယ္။ အစိုးရအဖြဲ႔ကိို ဦးေဆာင္ေနတဲ့တခ်ဳိ ႔ကလဲ ပါတီကိုျပန္ေရာက္တာလဲ ျဖစ္ခ်င္ျဖစ္မယ္။ ဒါကေတာ့ ေလာေလာဆယ္အေျအေနမွာ ေျပာလို႔ေတာ့ မရေသးဘူး။ ဒါေပမဲ့ ျဖစ္ႏုိင္ေျခေတာ့ ရိွမယ္လို႔ က်ေနာ္ထင္တယ္။

ေမး ။ ။ အခုေလာေလာဆယ္မွာ ပါတီရဲ ႔ ဦးေဆာင္မႈက ျမန္မာႏိုင္ငံမွာ ဘယ္ေလာက္အေရးပါေနပါလဲ။ မ်ားေသာအားျဖင့္ ပါတီနဲ႔ အစိုးရကေတာ့ သိပ္ခြဲျခားလိုေတာ့ မရဘူး။ မ်ားေသာအားျဖင့္ လူတဦးတေယာက္ထဲကိုပဲ တြက္ၿပီးေတာ့ ေျပာေနၾကတာ ျမန္မာႏိုင္ငံမွာဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုပဲ အစိုးရအဖြဲ႔ကို ေခါင္းေဆာင္တယ္။ ပါတီကိုလည္း သူေခါင္းေဆာင္တယ္ဆုိေတာ့ သူ႔တေယာက္ထဲသေဘာမ်ဳိး ေျပာေနတယ္ဆိုေတာ့ ေနာင္ေရြးေကာက္ပြဲၿပီးတဲ့ကာလမွာေကာ ပါတီရဲ ႔အခန္းက႑ဟာ ပိုၿပီးက်ယ္ျပန္႔လာမယ္ ထင္ပါသလား။

ေျဖ ။ ။ ေယဘုယ်အားျဖင့္ေတာ့ ေရြးေကာက္တင္ေျမွာက္တဲ့ စနစ္တရပ္ကိုသြားတယ္ဆိုလို႔ရိွရင္ ႏုိင္ငံေရးပါတီေတြရဲ ႔ အခန္းက႑က အစိုးရအဖြဲ႔ေပၚမွာ ၾသဇာရိွတတ္ပါတယ္။ ျမန္မာႏုိင္ငံရဲ ႔ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံမွာ အဲဒီလိုမျဖစ္ရေအာင္ဆိုၿပီးေတာ့ စည္းျခားလိုက္တာကို ေတြ႔ရတယ္။ ဒါလဲ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲေၾကာင့္ တက္လာတဲ့ အစိုးရမွာဆိုရင္ အခုပါတီေခါင္းေဆာင္ေတြကေန ေျပာတာေတြကို က်ေနာ္တုိ႔ ၾကားရတယ္။ ပါတီက တင္ေျမွာက္လိုက္တာ ျဖစ္ေပမယ့္ ဝန္ႀကီးေတြက ပါတီကိုနားေထာင္တာ နည္းလာတယ္ဆိုတာကို ေတြ႔ရတယ္။ ဆိုေတာ့ ဒါကေတာ့ လက္ရိွပါတီေခါင္းေဆာင္ေတြက ယူလိုက္တဲ့သင္ခန္းစာလို႔ပဲ က်ေနာ္က ဒီလိုပဲအဓိပၸါယ္ေကာက္တယ္။ ေကာက္တဲ့အတြက္ေၾကာင့္မို႔ ၂၀၂၀ ေနာက္ပိုင္းမွာေတာ့ အဲဒီလိုပါတီရဲ ႔ ရႈျမင္ခ်က္နဲ႔ အစိုးရရဲ ႔ ရႈျမင္ခ်က္အၾကားမွာ ကြာဟခ်က္ေတြ က်ဥ္းေျမာင္းသြားေအာင္ေတာ့ တနည္းတဖံု ေဆာင္ရြက္လိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

ေမး ။ ။ က်ေနာ္ ေရွ ႔ဆက္မေမးခင္မွာ အဲဒီ ပါတီနဲ႔ အစိုးရတို႔ၾကား ကြာဟခ်က္ကို နည္းနည္းနမူနာအေနနဲ႔ ေမးခ်င္ပါတယ္။ တခ်ဳိ ႔ကိစၥေတြ အေရးႀကီးတဲ့ကိစၥေတြေပါ့။ ဥပမာ ႏုိင္ငံတကာက သံုးသပ္ေရးၾကတယ္။ ICJ ရဲ ႔ အစီရင္ခံစာ ၿပီးခဲ့တဲ့အပတ္က ထြက္လာတယ္။ AA နဲ႔ ျဖစ္ေနတဲ့ ရခိုင္ပဋိပကၡကို ၿငိမ္းခ်မ္းစြာေျဖရွင္းမယ့္ Strategy တခု အစိုးရမွာ မရိွဘူးလို႔ေျပာတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ပါတီကလဲ ဒီလမ္းအတိုင္းပဲလားလို႔ တစံုတရာ အႀကံျပဳတင္ျပတာမ်ား မရိွေနဘူးလား။

ေျဖ ။ ။ တိုင္းျပည္ထဲမွာ ျဖစ္ေနတဲ့ အေရးအခင္းေတြနဲ႔ ပတ္သက္လို႔ရိွရင္ အစိုးရနဲ႔ အင္တာဗ်ဴးေတြကို က်ေနာ္တို႔ ေတြ႔ရတယ္။ အစိုးရဆီက ေၾကညာခ်က္တခ်ဳိ ႔ကို ေတြ႔ရတယ္။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ေတာ့ အဲဒီလိုျဖစ္ရပ္ေတြေပၚ သီးသန္႔ေၾကညာခ်က္ ထုတ္တာေလးေတြက ဆရာ အခုနေမးတဲ့ ကိစၥေတြေပၚေတာ့ က်ေနာ့္အေနနဲ႔ သတိမထားမိဘူး။ တခ်ဳိ ႔ေတြက အစိုးရကိစၥလို႔ပဲ ပါတီက သေဘာထားလိုက္တယ္လို႔ က်ေနာ္ ယူဆတယ္။ ဒါက စိန္ေခၚခ်က္တခု ျဖစ္တယ္။ ၂၀၀၈ ဖြဲ႔စည္းပံုေအာက္မွာ ပါတီနဲ႔ အစိုးရရဲ ႔ ဆက္ဆံေရးသေဘာထားေတြကို ဘယ္လိုကိုင္တြယ္မလဲ။ ဘယ္လိုေဆာင္ရြက္မလဲ ဆိုတာက ဒါျမန္မာ့ႏုိင္ငံေရးပါတီအားလံုးအတြက္ စိန္ေခၚခ်က္ ျဖစ္တယ္။ သိပ္ေတာ့လဲ မလြယ္လွဘူးလို႔ထင္တယ္။ ၂၀၂၀ ေနာက္ပိုင္းမွာလဲ ဒီလိုပဲ ေမွ်ာ္လင့္ရတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံ အခု ဒီမိုကေရစီလမ္းကို စၿပီးေတာ့ ခင္းလာတယ္။ စၿပီးေတာ့ အဲဒီလမ္းကို ဦးတည္လာတယ္ဆိုၿပီးကတည္းက ပါတီေတြရဲ ႔ အေရးပါမႈက သိပ္ၿပီးေတာ့ မတြင္က်ယ္ေသးဘူး။ မ်ားေသာအားျဖင့္ လူပုဂၢိလ္တဦးခ်င္း အထူးသျဖင့္ အဓိကပါတီႀကီးျဖစ္တဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို လူေတြေထာက္ခံတာ NLD minus ေဒၚေအာင္ဆန္းစုၾကည္ဆိုရင္ အေျဖက Zero ပဲ ျဖစ္မလို ထင္ေနရတာေပါ့။ ဆိုေတာ့ တျခားပါတီေတြေကာ အကုန္လံုး စဖြဲ႔ကတည္းက ႏိုင္ငံေရးပါတီ Institution ေတြအေနနဲ႔ အခိုင္အမာ ရပ္တည္ႏိုင္ျခင္း မရိွေသးဘူးလို႔ေျပာရင္ မွန္မလား။

ေျဖ ။ ။ ျမန္မာ့သမုိင္းေၾကာင္းကပဲ ဒီလိုဖန္တီးခဲ့တယ္လို႔ပဲ ေျပာရမယ္။ တိတိက်က် ေျပာရရင္ စစ္တပ္ကပဲ အဲဒီလိုျဖစ္ေအာင္ ဖန္တီးေပးခဲ့တယ္လို႔ ေျပာရမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္က တိုင္းျပည္မွာ အထင္ကရ ျဖစ္လာတာက စစ္တပ္ရဲ ႔ ဖိႏိွပ္မႈနဲ႔ခြဲၿပီး ေျပာလို႔မရသလိုဘူး။ အဲဒီေတာ့ ပါတီေတြအားလံုးဟာ တပ္မေတာ္အုပ္ခ်ဳပ္ေရးစနစ္ႀကီးက အာဏာရွင္စနစ္က ဖန္တီးခဲ့တဲ့ကိစၥ။ မ်ားေသာအားျဖင့္ ႏုိင္ငံေရးေခါင္းေဆာင္တေယာက္က လူထုယံုၾကည္မႈကို ရဖို႔ဆိုတာ ေတာ္ေတာ္ခက္ခဲပါတယ္။ USDP ထဲမွာ အဲဒီလိုေခါင္းေဆာင္ ရွာၾကည့္လိုက္ - ယံုၾကည္မႈရတယ္ဆိုတဲ့ အဆင့္ကိုေရာက္တဲ့ ေခါင္းေဆာင္ကို မေတြ႔ႏုိင္ဘူး။ အဲဒီေတာ့ ေဒၚေအာင္ဆန္းစုၾကည္ၾကေတာ့ ယံုၾကည္မႈလို႔ေတာင္ မကေတာ့ဘူး၊ တခ်ဳိ ႔က ခ်စ္ခင္ၾကတဲ့ လူအုပ္စုႀကီးကို သြားေတြ႔ရတယ္။ ၿပီးေတာ့ ခ်စ္ခင္ရံုတင္မကဘူး ၾကည္ညိဳၾကတဲ့ လူထုေတြရိွတယ္။ ၾကည္ညိဳယံုတင္မကဘူး၊ တခ်ဳိ ႔ကဆိုရင္ ကိုးကြယ္တယ္ဆိုတဲ့ ေဝါဟာရေတာင္သံုးၿပီးေတာ့ ေျပာတာေတြ က်ေနာ္ ၾကားဖူးပါတယ္။ က်ေနာ့္မိတ္ေဆြ ဆရာဝန္ႀကီးတေယာက္ကိုယ္တုိင္က သူက ေဒၚေအာင္ဆန္းစုၾကည္ကို ကိုးကြယ္ေလာက္ေအာင္ ၾကည္ညိဳတယ္လို႔ ေျပာဖူးတယ္။ ဆိုေတာ့ ဒီယံုၾကည္မႈရဲ ႔ အတိုင္းအဆကို ယွဥ္လိုက္ရင္ေတာ့ တအားႀကီးကြာေနတယ္။ အဲဒီလို သိသိေလးလိုက္ႏုိင္တဲ့ NLD ေခါင္းေဆာင္ေတြ ရိွတယ္။ ယံုၾကည္ရံုတင္မကဘူး၊ ခ်စ္ခင္တယ္ဆိုတဲ့လူေတြ ရိွတယ္။ ဒါေပမဲ့ ေဒသႏၱရသေဘာပဲေဆာင္တယ္။ တႏုိင္ငံလံုးသေဘာကို မေဆာင္ၾကေသးတာကို သြားေတြ႔ရတယ္။ ဒီေတာ့ ဒါေတြဟာ သမိုင္းက ဖန္တီးလိုက္တဲ့ အေနအထားျဖစ္လို႔ ကာလတခုအထိ မလႊဲမေရွာင္သာ ဒီအတိုင္းပဲ ႀကံဳေတြ႔ေနရလိမ့္မယ္လို႔ က်ေနာ္ကေတာ့ ဒီလိုပဲထင္တယ္။

ေမး ။ ။ အဲဒီေတာ့ ေဒၚေအာင္ဆန္းစုၾကည္အလြန္ NLD ရဲ ႔ ေရွ ႔ခရီးကို က်ေနာ္တုိ႔ နည္းနည္းေဟာကိန္းထုတ္ၾကည့္ၾကတာေပါ့။ အခုေလာေလာဆယ္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ၿပီးရင္ Second in line ေနာက္တန္းစီးေနတဲ့ ပုဂၢိလ္ေတြထဲမွာ မႏၱေလးတုိင္းဝန္ႀကီးေဒါက္တာေဇာ္ျမင့္ေမာင္တို႔ စသည္ျဖင့္ ေျပာခဲ့ၾကပါတယ္။ ဆိုေတာ့ ဆရာ့ရဲ ႔အျမင္ကို နည္းနည္းသံုးသပ္ေပးပါ။ တေလာတုန္းက ဦးဝင္းထိန္းကေတာ့ ဆရာေဇာ္ျမင့္ေမာင္ရဲ ႔ က်န္းမာေရး၊ အသက္အရြယ္ကိုလည္း သူက သိပ္အားမရတဲ့သေဘာမ်ဳိး ေျပာေနတယ္ဆိုေတာ့ ဆရာေကာ ဘယ္လိုျမင္ပါသလဲ။ ေဒၚေအာင္ဆန္းစုၾကည္အလြန္ NLD ရဲ ႔ ေခါင္းေဆာင္မႈက ေဒၚေအာင္ဆန္းစုၾကည္ ရရိွခဲ့တဲ့ ၾကည္ညိဳေလးစားမႈမ်ဳိး ခ်ဳပ္ကိုင္ႏုိင္မယ့္ လူပုဂၢိလ္ ျဖစ္လာႏိုင္ပါသလား။

ေျဖ ။ ။ က်ေနာ္ကေတာ့ ေစာင့္ၾကည့္ရမယ္ဆိုတဲ့ စကားကိုပဲ သံုးရမွာေပါ့။ ဥပမာ ဆရာေဇာ္ဆိုရင္ မႏၱေလးမွာေတာ့ ယံုၾကည္တာတင္မကဘူး၊ ခ်စ္ခင္တယ္လို႔ ေျပာၾကတဲ့လူထု ရိွတယ္။ ဒါေပမဲ့ ဆရာေဇာ္ရဲ ႔ အေနအထားက အဲဒီလို ခ်စ္ခင္ၾကတာ တႏုိင္ငံလံုး အတိုင္းအတာအထိကို မေရာက္ေသးဘူး။ ဥပမာ မေကြးဆိုရင္ ဆရာေအာင္မုိးညိဳကလည္း လူထုယံုၾကည္မႈ၊ ခ်စ္ခင္မႈရတဲ့ ေခါင္းေဆာင္တေယာက္ပါပဲ။ ေပၚေပါက္လာေတြကို က်ေနာ္တုိ႔ သြားေတြ႔ရတယ္။ ဒါေပမဲ့ မ်ားမ်ားစားစားေတာ့ မဟုတ္ေသးဘူး။ ဆိုေတာ့ ဒါေတြအကုန္လံုးက က်ေနာ္တို႔ စၿပီးေတာ့ၾကည့္ရမယ္။ ဒါေပမဲ့ အဲဒီလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သြားယွဥ္ၾကည့္တာထက္ တျခားပါတီေတြမွာေကာ အဲဒီလိုေခါင္းေဆာင္ေတြ၊ အဲဒီေလာက္အဆင့္ရိွတဲ့ ေခါင္းေဆာင္ေတြ ရိွလာလို႔ ၾကည့္လိုက္ရင္ NLD က အျခားပါတီအမ်ားစုနဲ႔ေတာ့ အခုန ေဒသႏၱရသေဘာအရ ယံုၾကည္တဲ့၊ ခ်စ္ခင္တဲ့ ေခါင္းေဆာင္တခ်ဳိ ႔ ရိွလာတာကေတာ့ ႏွာတဖ်ားေလးသာေနတယ္လို႔ေတာ့ က်ေနာ္က အဲဒီလိုသံုးသပ္ခ်င္တယ္။ တခုေတာ့ ဝန္ခံရမွာေပါ့ ဒီေခါင္းေဆာင္ေတြက က်ေနာ္နဲ႔ လူပုဂၢိလ္ခ်င္းအားျဖင့္ ရင္းႏီွးတဲ့ သူငယ္ခ်င္းေတြ ျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္ အစြဲအတတ္ႏိုင္ဆံုး ခြါၿပီးေတာ့ သံုးသပ္ၾကည့္တာကို ႀကိဳးစားၾကည့္ပါတယ္။ အစြဲရိွေကာင္းလဲ ရိွႏုိင္ပါတယ္။။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးေမးခ်င္တာက အဲဒီလိုျဖစ္လာရင္ ေဒၚေအာင္ဆန္းစုၾကည္ အလြန္ကာလမွာ တက္လာတဲ့ေခါင္းေဆာင္က ေဒၚေအာင္ဆန္းစုၾကည္လို Charisma မွာမ်ဳိး၊ ရိွခ်င္မွရိွမယ္။ အေတြ႔အႀကံဳမ်ဳိး ရိွခ်င္မွာရိွမယ္လို႔ ဆိုၾကပါစို႔၊ အဲဒီလိုဆိုရင္ေကာ …

ေျဖ ။ ။ ဆရာ အခုနေျပာတဲ့ ေဒၚေအာင္ဆန္းစုၾကည္လိုမ်ဳိး ေခါင္းေဆာင္တေယာက္ဆုိတာက သမိုင္းကာလတခုက ထြက္ေပၚလာတဲ့ ေခါင္းေဆာင္မ်ဳိး။ အဲဒီလို သမိုင္းကာလမ်ဳိး ထပ္ၿပီးႀကံဳရအံုးမယ္ဆိုရင္ေတာ့ ေခါင္းေဆာင္တေယာက္ ေပၚလာအံုးမွာပဲ။ အဲဒီသမုိင္းကာလတခုက ၿငိမ္သြားၿပီးဆိုလို႔ရိွရင္ေတာ့ အဲဒီလိုေခါင္းေဆာင္မ်ဳိးအဆင့္ကိုေတာ့ ရခ်င္မွာရလိမ့္မယ္။ ဒါက သမိုင္းျဖစ္ရပ္ေတြနဲ႔ အမ်ားႀကီးပတ္သက္တယ္။ ဒါေၾကာင့္မို႔ အဲဒီလိုၾကည့္လို႔ေတာ့ မရဘူးလို႔ ထင္တယ္။ အျခားႏုိင္ငံေတြမွာလဲ အဲဒီလို ႀကီးမားတဲ့ေခါင္းေဆာင္ေတြဆုိတာ ေဒၚေအာင္္ဆန္းစုၾကည္အဆင့္ကိုရတဲ့ ေခါင္းေဆာင္ေတြဆိုတာ ႏုိင္ငံတိုင္းမွာ မရိွပါဘူး။ သက္ဆိုင္ရာႏုိင္ငံရဲ ႔ သမုိင္းကာလတခုအရပဲ ေပၚေပါက္လာၾကတာပါ။

ေမး ။ ။ က်ေနာ္ေမးခ်င္တာက အဲဒီလို ေဒၚေအာင္ဆန္းစုၾကည္အလြန္ တက္လာမယ့္ ေခါင္းေဆာင္ေတြဟာ အဲဒီလို သမိုင္းက စိန္ေခၚတဲ့၊ ႀကီးက်ယ္တဲ့ စိန္ေခၚမႈမ်ဳိးနဲ႔ မရင္ဆိုင္ရဘဲနဲ႔ ပံုမွန္္တက္လာတယ္ဆိုရင္ေကာ ပါတီရဲ ႔ Structure ဟာ ႏုိ္င္ငံေရးပါတီ ပိုဆန္လာမလား။ ပါတီတြင္း ဒီမိုကေရစီ ပိုမုိရွင္သန္ေသာ ႏုိင္ငံ့အေရး၊ တုိင္းျပည္အေရးအရာမွာ ပိုၿပီးအေရးပါေသာ ပါတီပံုသ႑ာန္၊ စုေပါင္းတဲ့ ပါတီပံုေဆာင္မ်ဳိး သရုပ္ေပၚလာမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ သူ႔ေခတ္ကာလနဲ႔အညီ ျဖစ္ေပၚလာၾကမယ္လို႔ က်ေနာ္ကေတာ့ ဒီလိုပဲထင္တယ္။ ပါတီတခုကို စံႏႈန္းေတြနဲ႔ ၾကည့္တာထက္၊ တုိင္းျပည္တခုမွာ အျခားေသာပါတီေတြနဲ႔ပဲ ႏိႈင္းယွဥ္ၿပီး ၾကည့္ရလိမ့္မယ္လို႔ က်ေနာ္ထင္တယ္။ အဲဒီလို အေျခအေနမ်ဳိးမွာဆိုရင္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီရဲ ႔ အေနအထားက အျခားေသာပါတီေတြထက္ ပိုမိုဆိုးဝါးေနတာေတာ့ မဟုတ္ဘူး။ ယွဥ္လုိက္လို႔ရိွရင္ လူထုေထာက္ခံမႈမွာ ေတာ္ေတာ္ႀကီးႀကီးမားမား ရေနတဲ့ ပါတီတခု ျဖစ္ေနတယ္။ လူထုယံုၾကည္မႈ - ႏုိင္ငံေရးဆိုတာ လူထုယံုၾကည္မႈက ေသာ့ခ်က္ပါပဲ။ တျခားစီမံခန္႔ခြဲမႈသေဘာေတြနဲ႔ ပါတီတခုကို တုိင္းတာလို႔ မရပါဘူး။ လူထုယံုၾကည္မႈနဲ႔ပဲ တုိင္းတာလို႔ ရပါတယ္။ အဲဒီလို ယံုၾကည္မႈရတဲ့ ႏုိင္ငံေရးဂုဏ္သိကၡာ NLD က အနာဂတ္မွာ ဆက္ထိန္းႏုိင္မလား။ က်ေနာ္ကေတာ့ အခုသက္တမ္းတခု အစိုးရအဖြဲ႔လုပ္ၿပီးတဲ့အခါမွာ ဆက္ထိန္းႏုိင္လိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။

==Unicode==

လက်ရှိအခြေအနေမှာ စိမ်ခေါ်သူမရှိ ပုခုံးချင်းယှဉ်မယ့်သူ မရှိသေးဘူးလို့ ဆိုရမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာ့နိုင်ငံရေးမှာ ဘယ်အချိန် ဘယ်ကာလအထိ ရှေ့ဆုံးတန်းက ရှိနေနိုင်မှာလဲ။ အလားတူစွာပဲ ခေါင်းဆောင်ဖြစ်တဲ့ လူပုဂ္ဂိလ်တဦးတည်းအပေါ် မှီခိုအားထားနေရတာထက် ပါတီဝင်ထုရဲ့သဘောထားကို ထင်ဟပ်တဲ့ ပါတီတွင်းဒီမိုကရေစီ ရှင်သန်သော အဖွဲ့အစည်းတရပ် ဖြစ်လာနိုင်မယ့် အလားအလာကော ဘယ်လောက်ရှိပါသလဲ။ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်း နဲ့ ကျနော် ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
လာမယ့်ရွေးကောက်ပွဲအလွန် ဖြစ်လာနိုင်တဲ့ အလားအလာကို ဦးတင်မောင်သန်းက အခုလို စတင်သုံးသပ်ပါတယ်။

ဖြေ ။ ။ ပါတီကို ဦးဆောင်မယ့်သူနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မယ့်သူဆိုပြီး ဒီလိုတော့ တာဝန်ခွဲခြားကြလိမ့်မယ်လို့ထင်တယ်။ ဒါကြောင့်မို့ လက်ရှိပါတီဦးဆောင်နေတဲ့ တချို့က အစိုးရအဖွဲ့ထဲကိုရောက်မယ်။ အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့တချို့ကလဲ ပါတီကိုပြန်ရောက်တာလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါကတော့ လောလောဆယ်အအြေနေမှာ ပြောလို့တော့ မရသေးဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ ရှိမယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ အခုလောလောဆယ်မှာ ပါတီရဲ့ ဦးဆောင်မှုက မြန်မာနိုင်ငံမှာ ဘယ်လောက်အရေးပါနေပါလဲ။ များသောအားဖြင့် ပါတီနဲ့ အစိုးရကတော့ သိပ်ခွဲခြားလိုတော့ မရဘူး။ များသောအားဖြင့် လူတဦးတယောက်ထဲကိုပဲ တွက်ပြီးတော့ ပြောနေကြတာ မြန်မာနိုင်ငံမှာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အစိုးရအဖွဲ့ကို ခေါင်းဆောင်တယ်။ ပါတီကိုလည်း သူခေါင်းဆောင်တယ်ဆိုတော့ သူ့တယောက်ထဲသဘောမျိုး ပြောနေတယ်ဆိုတော့ နောင်ရွေးကောက်ပွဲပြီးတဲ့ကာလမှာကော ပါတီရဲ့အခန်းကဏ္ဍဟာ ပိုပြီးကျယ်ပြန့်လာမယ် ထင်ပါသလား။

ဖြေ ။ ။ ယေဘုယျအားဖြင့်တော့ ရွေးကောက်တင်မြှောက်တဲ့ စနစ်တရပ်ကိုသွားတယ်ဆိုလို့ရှိရင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက အစိုးရအဖွဲ့ပေါ်မှာ သြဇာရှိတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမှာ အဲဒီလိုမဖြစ်ရအောင်ဆိုပြီးတော့ စည်းခြားလိုက်တာကို တွေ့ရတယ်။ ဒါလဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကြောင့် တက်လာတဲ့ အစိုးရမှာဆိုရင် အခုပါတီခေါင်းဆောင်တွေကနေ ပြောတာတွေကို ကျနော်တို့ ကြားရတယ်။ ပါတီက တင်မြှောက်လိုက်တာ ဖြစ်ပေမယ့် ဝန်ကြီးတွေက ပါတီကိုနားထောင်တာ နည်းလာတယ်ဆိုတာကို တွေ့ရတယ်။ ဆိုတော့ ဒါကတော့ လက်ရှိပါတီခေါင်းဆောင်တွေက ယူလိုက်တဲ့သင်ခန်းစာလို့ပဲ ကျနော်က ဒီလိုပဲအဓိပ္ပါယ်ကောက်တယ်။ ကောက်တဲ့အတွက်ကြောင့်မို့ ၂၀၂၀ နောက်ပိုင်းမှာတော့ အဲဒီလိုပါတီရဲ့ ရှုမြင်ချက်နဲ့ အစိုးရရဲ့ ရှုမြင်ချက်အကြားမှာ ကွာဟချက်တွေ ကျဉ်းမြောင်းသွားအောင်တော့ တနည်းတဖုံ ဆောင်ရွက်လိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်။

မေး ။ ။ ကျနော် ရှေ့ဆက်မမေးခင်မှာ အဲဒီ ပါတီနဲ့ အစိုးရတို့ကြား ကွာဟချက်ကို နည်းနည်းနမူနာအနေနဲ့ မေးချင်ပါတယ်။ တချို့ကိစ္စတွေ အရေးကြီးတဲ့ကိစ္စတွေပေါ့။ ဥပမာ နိုင်ငံတကာက သုံးသပ်ရေးကြတယ်။ ICJ ရဲ့ အစီရင်ခံစာ ပြီးခဲ့တဲ့အပတ်က ထွက်လာတယ်။ AA နဲ့ ဖြစ်နေတဲ့ ရခိုင်ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းမယ့် Strategy တခု အစိုးရမှာ မရှိဘူးလို့ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပါတီကလဲ ဒီလမ်းအတိုင်းပဲလားလို့ တစုံတရာ အကြံပြုတင်ပြတာများ မရှိနေဘူးလား။

ဖြေ ။ ။ တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ အရေးအခင်းတွေနဲ့ ပတ်သက်လို့ရှိရင် အစိုးရနဲ့ အင်တာဗျူးတွေကို ကျနော်တို့ တွေ့ရတယ်။ အစိုးရဆီက ကြေညာချက်တချို့ကို တွေ့ရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့တော့ အဲဒီလိုဖြစ်ရပ်တွေပေါ် သီးသန့်ကြေညာချက် ထုတ်တာလေးတွေက ဆရာ အခုနမေးတဲ့ ကိစ္စတွေပေါ်တော့ ကျနော့်အနေနဲ့ သတိမထားမိဘူး။ တချို့တွေက အစိုးရကိစ္စလို့ပဲ ပါတီက သဘောထားလိုက်တယ်လို့ ကျနော် ယူဆတယ်။ ဒါက စိန်ခေါ်ချက်တခု ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ပါတီနဲ့ အစိုးရရဲ့ ဆက်ဆံရေးသဘောထားတွေကို ဘယ်လိုကိုင်တွယ်မလဲ။ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာက ဒါမြန်မာ့နိုင်ငံရေးပါတီအားလုံးအတွက် စိန်ခေါ်ချက် ဖြစ်တယ်။ သိပ်တော့လဲ မလွယ်လှဘူးလို့ထင်တယ်။ ၂၀၂၀ နောက်ပိုင်းမှာလဲ ဒီလိုပဲ မျှော်လင့်ရတယ်။

မေး ။ ။ မြန်မာနိုင်ငံ အခု ဒီမိုကရေစီလမ်းကို စပြီးတော့ ခင်းလာတယ်။ စပြီးတော့ အဲဒီလမ်းကို ဦးတည်လာတယ်ဆိုပြီးကတည်းက ပါတီတွေရဲ့ အရေးပါမှုက သိပ်ပြီးတော့ မတွင်ကျယ်သေးဘူး။ များသောအားဖြင့် လူပုဂ္ဂိလ်တဦးချင်း အထူးသဖြင့် အဓိကပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူတွေထောက်ခံတာ NLD minus ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အဖြေက Zero ပဲ ဖြစ်မလို ထင်နေရတာပေါ့။ ဆိုတော့ တခြားပါတီတွေကော အကုန်လုံး စဖွဲ့ကတည်းက နိုင်ငံရေးပါတီ Institution တွေအနေနဲ့ အခိုင်အမာ ရပ်တည်နိုင်ခြင်း မရှိသေးဘူးလို့ပြောရင် မှန်မလား။

ဖြေ ။ ။ မြန်မာ့သမိုင်းကြောင်းကပဲ ဒီလိုဖန်တီးခဲ့တယ်လို့ပဲ ပြောရမယ်။ တိတိကျကျ ပြောရရင် စစ်တပ်ကပဲ အဲဒီလိုဖြစ်အောင် ဖန်တီးပေးခဲ့တယ်လို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်မှာ အထင်ကရ ဖြစ်လာတာက စစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ခွဲပြီး ပြောလို့မရသလိုဘူး။ အဲဒီတော့ ပါတီတွေအားလုံးဟာ တပ်မတော်အုပ်ချုပ်ရေးစနစ်ကြီးက အာဏာရှင်စနစ်က ဖန်တီးခဲ့တဲ့ကိစ္စ။ များသောအားဖြင့် နိုင်ငံရေးခေါင်းဆောင်တယောက်က လူထုယုံကြည်မှုကို ရဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ USDP ထဲမှာ အဲဒီလိုခေါင်းဆောင် ရှာကြည့်လိုက် - ယုံကြည်မှုရတယ်ဆိုတဲ့ အဆင့်ကိုရောက်တဲ့ ခေါင်းဆောင်ကို မတွေ့နိုင်ဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကြတော့ ယုံကြည်မှုလို့တောင် မကတော့ဘူး၊ တချို့က ချစ်ခင်ကြတဲ့ လူအုပ်စုကြီးကို သွားတွေ့ရတယ်။ ပြီးတော့ ချစ်ခင်ရုံတင်မကဘူး ကြည်ညိုကြတဲ့ လူထုတွေရှိတယ်။ ကြည်ညိုယုံတင်မကဘူး၊ တချို့ကဆိုရင် ကိုးကွယ်တယ်ဆိုတဲ့ ဝေါဟာရတောင်သုံးပြီးတော့ ပြောတာတွေ ကျနော် ကြားဖူးပါတယ်။ ကျနော့်မိတ်ဆွေ ဆရာဝန်ကြီးတယောက်ကိုယ်တိုင်က သူက ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်လောက်အောင် ကြည်ညိုတယ်လို့ ပြောဖူးတယ်။ ဆိုတော့ ဒီယုံကြည်မှုရဲ့ အတိုင်းအဆကို ယှဉ်လိုက်ရင်တော့ တအားကြီးကွာနေတယ်။ အဲဒီလို သိသိလေးလိုက်နိုင်တဲ့ NLD ခေါင်းဆောင်တွေ ရှိတယ်။ ယုံကြည်ရုံတင်မကဘူး၊ ချစ်ခင်တယ်ဆိုတဲ့လူတွေ ရှိတယ်။ ဒါပေမဲ့ ဒေသန္တရသဘောပဲဆောင်တယ်။ တနိုင်ငံလုံးသဘောကို မဆောင်ကြသေးတာကို သွားတွေ့ရတယ်။ ဒီတော့ ဒါတွေဟာ သမိုင်းက ဖန်တီးလိုက်တဲ့ အနေအထားဖြစ်လို့ ကာလတခုအထိ မလွှဲမရှောင်သာ ဒီအတိုင်းပဲ ကြုံတွေ့နေရလိမ့်မယ်လို့ ကျနော်ကတော့ ဒီလိုပဲထင်တယ်။

မေး ။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အလွန် NLD ရဲ့ ရှေ့ခရီးကို ကျနော်တို့ နည်းနည်းဟောကိန်းထုတ်ကြည့်ကြတာပေါ့။ အခုလောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် Second in line နောက်တန်းစီးနေတဲ့ ပုဂ္ဂိလ်တွေထဲမှာ မန္တလေးတိုင်းဝန်ကြီးဒေါက်တာဇော်မြင့်မောင်တို့ စသည်ဖြင့် ပြောခဲ့ကြပါတယ်။ ဆိုတော့ ဆရာ့ရဲ့အမြင်ကို နည်းနည်းသုံးသပ်ပေးပါ။ တလောတုန်းက ဦးဝင်းထိန်းကတော့ ဆရာဇော်မြင့်မောင်ရဲ့ ကျန်းမာရေး၊ အသက်အရွယ်ကိုလည်း သူက သိပ်အားမရတဲ့သဘောမျိုး ပြောနေတယ်ဆိုတော့ ဆရာကော ဘယ်လိုမြင်ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်အလွန် NLD ရဲ့ ခေါင်းဆောင်မှုက ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့တဲ့ ကြည်ညိုလေးစားမှုမျိုး ချုပ်ကိုင်နိုင်မယ့် လူပုဂ္ဂိလ် ဖြစ်လာနိုင်ပါသလား။

ဖြေ ။ ။ ကျနော်ကတော့ စောင့်ကြည့်ရမယ်ဆိုတဲ့ စကားကိုပဲ သုံးရမှာပေါ့။ ဥပမာ ဆရာဇော်ဆိုရင် မန္တလေးမှာတော့ ယုံကြည်တာတင်မကဘူး၊ ချစ်ခင်တယ်လို့ ပြောကြတဲ့လူထု ရှိတယ်။ ဒါပေမဲ့ ဆရာဇော်ရဲ့ အနေအထားက အဲဒီလို ချစ်ခင်ကြတာ တနိုင်ငံလုံး အတိုင်းအတာအထိကို မရောက်သေးဘူး။ ဥပမာ မကွေးဆိုရင် ဆရာအောင်မိုးညိုကလည်း လူထုယုံကြည်မှု၊ ချစ်ခင်မှုရတဲ့ ခေါင်းဆောင်တယောက်ပါပဲ။ ပေါ်ပေါက်လာတွေကို ကျနော်တို့ သွားတွေ့ရတယ်။ ဒါပေမဲ့ များများစားစားတော့ မဟုတ်သေးဘူး။ ဆိုတော့ ဒါတွေအကုန်လုံးက ကျနော်တို့ စပြီးတော့ကြည့်ရမယ်။ ဒါပေမဲ့ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားယှဉ်ကြည့်တာထက် တခြားပါတီတွေမှာကော အဲဒီလိုခေါင်းဆောင်တွေ၊ အဲဒီလောက်အဆင့်ရှိတဲ့ ခေါင်းဆောင်တွေ ရှိလာလို့ ကြည့်လိုက်ရင် NLD က အခြားပါတီအများစုနဲ့တော့ အခုန ဒေသန္တရသဘောအရ ယုံကြည်တဲ့၊ ချစ်ခင်တဲ့ ခေါင်းဆောင်တချို့ ရှိလာတာကတော့ နှာတဖျားလေးသာနေတယ်လို့တော့ ကျနော်က အဲဒီလိုသုံးသပ်ချင်တယ်။ တခုတော့ ဝန်ခံရမှာပေါ့ ဒီခေါင်းဆောင်တွေက ကျနော်နဲ့ လူပုဂ္ဂိလ်ချင်းအားဖြင့် ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော် အစွဲအတတ်နိုင်ဆုံး ခွါပြီးတော့ သုံးသပ်ကြည့်တာကို ကြိုးစားကြည့်ပါတယ်။ အစွဲရှိကောင်းလဲ ရှိနိုင်ပါတယ်။။

မေး ။ ။ ကျနော် နောက်ဆုံးမေးချင်တာက အဲဒီလိုဖြစ်လာရင် ဒေါ်အောင်ဆန်းစုကြည် အလွန်ကာလမှာ တက်လာတဲ့ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်လို Charisma မှာမျိုး၊ ရှိချင်မှရှိမယ်။ အတွေ့အကြုံမျိုး ရှိချင်မှာရှိမယ်လို့ ဆိုကြပါစို့၊ အဲဒီလိုဆိုရင်ကော …

ဖြေ ။ ။ ဆရာ အခုနပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ခေါင်းဆောင်တယောက်ဆိုတာက သမိုင်းကာလတခုက ထွက်ပေါ်လာတဲ့ ခေါင်းဆောင်မျိုး။ အဲဒီလို သမိုင်းကာလမျိုး ထပ်ပြီးကြုံရအုံးမယ်ဆိုရင်တော့ ခေါင်းဆောင်တယောက် ပေါ်လာအုံးမှာပဲ။ အဲဒီသမိုင်းကာလတခုက ငြိမ်သွားပြီးဆိုလို့ရှိရင်တော့ အဲဒီလိုခေါင်းဆောင်မျိုးအဆင့်ကိုတော့ ရချင်မှာရလိမ့်မယ်။ ဒါက သမိုင်းဖြစ်ရပ်တွေနဲ့ အများကြီးပတ်သက်တယ်။ ဒါကြောင့်မို့ အဲဒီလိုကြည့်လို့တော့ မရဘူးလို့ ထင်တယ်။ အခြားနိုင်ငံတွေမှာလဲ အဲဒီလို ကြီးမားတဲ့ခေါင်းဆောင်တွေဆိုတာ ဒေါ်အောင်ဆန်းစုကြည်အဆင့်ကိုရတဲ့ ခေါင်းဆောင်တွေဆိုတာ နိုင်ငံတိုင်းမှာ မရှိပါဘူး။ သက်ဆိုင်ရာနိုင်ငံရဲ့ သမိုင်းကာလတခုအရပဲ ပေါ်ပေါက်လာကြတာပါ။

မေး ။ ။ ကျနော်မေးချင်တာက အဲဒီလို ဒေါ်အောင်ဆန်းစုကြည်အလွန် တက်လာမယ့် ခေါင်းဆောင်တွေဟာ အဲဒီလို သမိုင်းက စိန်ခေါ်တဲ့၊ ကြီးကျယ်တဲ့ စိန်ခေါ်မှုမျိုးနဲ့ မရင်ဆိုင်ရဘဲနဲ့ ပုံမှန်တက်လာတယ်ဆိုရင်ကော ပါတီရဲ့ Structure ဟာ နိုင်ငံရေးပါတီ ပိုဆန်လာမလား။ ပါတီတွင်း ဒီမိုကရေစီ ပိုမိုရှင်သန်သော နိုင်ငံ့အရေး၊ တိုင်းပြည်အရေးအရာမှာ ပိုပြီးအရေးပါသော ပါတီပုံသဏ္ဍာန်၊ စုပေါင်းတဲ့ ပါတီပုံဆောင်မျိုး သရုပ်ပေါ်လာမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ သူ့ခေတ်ကာလနဲ့အညီ ဖြစ်ပေါ်လာကြမယ်လို့ ကျနော်ကတော့ ဒီလိုပဲထင်တယ်။ ပါတီတခုကို စံနှုန်းတွေနဲ့ ကြည့်တာထက်၊ တိုင်းပြည်တခုမှာ အခြားသောပါတီတွေနဲ့ပဲ နှိုင်းယှဉ်ပြီး ကြည့်ရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီလို အခြေအနေမျိုးမှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အနေအထားက အခြားသောပါတီတွေထက် ပိုမိုဆိုးဝါးနေတာတော့ မဟုတ်ဘူး။ ယှဉ်လိုက်လို့ရှိရင် လူထုထောက်ခံမှုမှာ တော်တော်ကြီးကြီးမားမား ရနေတဲ့ ပါတီတခု ဖြစ်နေတယ်။ လူထုယုံကြည်မှု - နိုင်ငံရေးဆိုတာ လူထုယုံကြည်မှုက သော့ချက်ပါပဲ။ တခြားစီမံခန့်ခွဲမှုသဘောတွေနဲ့ ပါတီတခုကို တိုင်းတာလို့ မရပါဘူး။ လူထုယုံကြည်မှုနဲ့ပဲ တိုင်းတာလို့ ရပါတယ်။ အဲဒီလို ယုံကြည်မှုရတဲ့ နိုင်ငံရေးဂုဏ်သိက္ခာ NLD က အနာဂတ်မှာ ဆက်ထိန်းနိုင်မလား။ ကျနော်ကတော့ အခုသက်တမ်းတခု အစိုးရအဖွဲ့လုပ်ပြီးတဲ့အခါမှာ ဆက်ထိန်းနိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။

XS
SM
MD
LG