သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစိုက္ပ်ိိုးေရး စက္မႈနဲ႔ ပံ့ပိုးနည္းပညာလိုအပ္ေနေသး


စိုက္ပ်ိဳးေရး ပညာရွင္ ေဒါက္တာထြန္းဝင္း
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးက႑အတြက္ ကိုဗစ္ကာလမွာ ခ်ထားေပးမယ့္ ေထာက္ပံ့ေငြနဲ႔ လယ္ယာလုပ္သားေတြကို စက္ပစၥည္း ကရိယာေတြ တပ္ဆင္ေပးသင့္တယ္လို႔ စိုက္ပ်ိဳးေရး ပညာရွင္ ေဒါက္တာထြန္းဝင္းက အႀကံျပဳပါတယ္။ ဘယ္လိုလုပ္ငန္းေတြမွာ၊ ဘယ္လိုပုံစံနဲ႔ တပ္ဆင္ေပး ႏိုင္ပါသလဲ။

ေမး ။ ။ ျမန္မာႏိုင္ငံစိုက္ပ်ဳိးေရးကို စက္ပစၥည္းကရိယာေတြနဲ႔ ပံ့ပိုးေပးဖို႔ လိုတယ္ဆိုေတာ့ ႀကီးႀကီးမားမား မစဥ္းစားဘဲနဲ႔ တႏုိင္တပိုင္ကို ဘယ္လိုစက္ပစၥည္းေတြကို၊ ဘယ္လိုပံုစံနဲ႔ စိုက္ပ်ဳိးေရးက႑အတြက္ ပံ့ပိုးေပးလို႔ ရပါသလဲ၊ ဆရာ။

ေျဖ ။ ။ ၾကည့္လိုက္လို႔ရိွရင္ စက္ပစၥည္းဆိုရင္ လန္႔သြားၾကတယ္။ ဘယ္ေလာက္ကုန္မလဲ။ ဘယ္ေလာက္မ်ားက်မလဲေပါ့။ အတိုင္းအတာတခုအေနနဲ႔ သိန္း (၃၀) ဆိုရင္ ထြန္းစက္ကေလးတစီးေလာက္ ဝယ္လို႔ရတယ္။ သိန္း (၃၀) ေလာက္ ကုန္မယ္ဆိုရင္ Dryer ေလးေတြ ဝယ္လို႔ရတယ္။ Dryer ဆိုတဲ့ အေျခာက္ခံစက္လည္း လိုတယ္။ ရာသီဥတုက မမွန္ေတာ့၊ ရာသီဥတုက အဆိုးမရေတာ့ ရိတ္သိမ္းခ်ိန္၊ စိုက္ပ်ဳိးခ်ိန္မွာ မိုးေခါင္းသြားမယ္။ ရိတ္သိမ္းခ်ိန္မွာ မိုးေတြရြာလာမယ္။ အဲဒီမွာ ဒုကၡေရာက္ၾကတယ္။ စိုက္ပ်ဳိးခ်ိန္မွာ ေရလိုမယ္ဆိုရင္ ေရေပးစက္ေတြနဲ႔ ေျမေအာက္ေရေတြကို စက္ကရိယာေတြနဲ႔ တင္ေပးလိုက္။ ရိတ္သိမ္းခ်ိန္မွာ မုိးရြာမယ္ဆိုရင္ မိုးမရြာခင္မွာ စက္ကရိယာနဲ႔ ျမန္ျမန္ရိတ္သိမ္း၊ ေခၽြလဲွလိုက္၊ ဒီကိစၥေတြက ရာသီဥတုကိုလည္း က်ေနာ္တို႔ ဆိုးရြာတဲ့ရာသီဥတုကို ေရွာင္တာလဲေရာက္တယ္။ ေနာက္ အလုပ္သမားေတြ ရွားတဲ့ဟာကိုလဲ ေျဖရွင္းရာေရာက္တယ္။ ဘယ္ေလာက္ ကုန္မလဲဆိုေတာ့ ကုန္တယ္။

လယ္သမားကေတာ့ ေၾကြးထူေနတဲ့ လယ္သမား။ လယ္သမားကိုသြားၿပီးေတာ့ ဒါကိုလုပ္မယ္ဆိုရင္ စိတ္ကူးရင္ဆန္တယ္လို႔ ေျပာလိမ့္မယ္။ ဒါေပမဲ့ လယ္သမားတေယာက္ မႏုိင္ရင္၊ အုပ္စုလိုက္လယ္သမား Task Force စိတ္ဝင္စားတဲ့ လယ္သမားအဖြဲ႔အစည္း ဖြဲ႔လိုက္ၿပီးေတာ့ အဖြဲ႔အစည္းကို ႏုိင္ငံေတာ္က အဖြဲ႔အစည္းကို မူတည္ၿပီးေတာ့ - ဂ်ပန္မွာလည္း ဒိီလိုပဲလုပ္တယ္။ အခုနေျပာခဲ့တဲ့ ဂ်ပန္မွာ Core Facilities ေတြသည္ ေဒသတခုမွာ တစ္ခုပဲ ေဆာက္ေပးတယ္။ ေနာက္ လယ္သမားအဖြဲ႔အစည္းက ထိန္းသိမ္းတယ္။ လယ္သမားအဖြဲ႔အစည္းက အားလံုးလယ္သမားေတြ လာသမွ် ကုန္ပစၥည္းေတြကို ေဆးေၾကာသန္႔စင္၊ ထုတ္ပိုးၿပီးေတာ့ သိမ္းေပးတယ္။ ဒီလို Honesty, Loyalty တိုင္းျပည္ခ်စ္တဲ့ စိတ္ကေလးေတြရိွတဲ့ ေတာင္သူလယ္သမားေတြ အမ်ားႀကီး ရိွပါတယ္။ အဲဒီလို အဖြဲ႔အစည္းေတြ ဖြဲ႔စည္းမယ္။ ထင္ရွားျမင္သာတဲ့ အဖြဲ႔ကေတာ့ Water User Group အေတာ္ကေလး ထင္ရွားတယ္။ သူတုိ႔က ေရရရိွေရးအတြက္ နယ္မွာ အစုအဖြဲ႔ေလးေတြက စုဖြဲ႔ၿပီးေတာ့ လုပ္တာ။ အဲဒီလို အဖြဲ႔ကေလးေတြ ထင္ရွားတယ္။ ေကာင္းတယ္။ အဲဒီလိုမ်ဳိး လယ္သမားအစုအဖြဲ႔ကို ဒီစက္ပစၥည္းေတြ တပ္ဆင္ေပးလိုက္မယ္။

သိန္းအမ်ားဆံုးတန္ ဆရာမေျပာတာကို တြက္ၾကည့္မယ္ဆိုရင္ သိန္း (၄၀၀-၅၀၀) အျပင္ မရိွဘူး။ အေသးစားလုပ္ငန္း - သိန္း (၄၀၀-၅၀၀) ဆိုတာ ဘာရိွမွာလဲ။ အခုဆိုရင္ ႏုိင္ငံေတာ္က ပံ့ပိုးမွာ သန္းေပါင္း တစ္ရာ ဘီလီယံ (hundred billions) ကို ခြဲေဝေပးဖို႔ဆိုေတာ့ အစိုးရအေနနဲ႔ မ်ဳိးေစ့ေလးေတြ ေပးၿပီးေတာ့ Home Garden ေလးေတြ တည္ေထာင္ဖို႔ လုပ္တာေပါ့။ ဒါကိုလဲ က်ေနာ္ေထာက္ခံတယ္။ ဒါလဲ လိုအပ္တယ္။ လယ္သမားေတြအေနနဲ႔ ဘယ္မွမသြားရဘဲ၊ အိမ္ထဲမွာ ကိုယ့္အိမ္ၿခံေလးေတြ လုပ္ၿပီးေတာ့ Home Garden ေလးေတြနဲ႔ စိုက္ပ်ဳိးစားမယ္ဆိုိရင္ အဆင္ေျပမယ္။ ကိုယ့္အိမ္လည္း အဆင္ေျပမယ္။ တျခားလဲ သြားမဝယ္ရဘူး။ ထြက္လာမယ့္ဟာေတြကို ဘယ္လိုလုပ္ကိုင္မလဲဆိုတာေတာ့ Nobody knows ဘယ္သူမွ မသိေသးဘူး။ ဒါေပမဲ့ အဲဒါလဲေပး။ အဲဒါေပးတာက သိပ္လဲကုန္က်မွာ မဟုတ္ဘူး။ ဒီမ်ဳိးေစ့ေလးေတြေပးတာ ဒီရာသီပဲ စိုက္လို႔အဆင္ေျပသြားမယ္။

တကယ္လို႔ စက္ေတြသာ ဆင္ေပးလိုက္မယ္ဆိုရင္ ဒီစက္ကရိယာေတြကို ထိန္းသိမ္းသည့္ကာလအေလ်ာက္၊ ကိုင္တြယ္တဲ့လူရဲ ႔ အက်ဳိးရိွသေလ်ာက္ ေရရွည္မွာ ဒီလယ္သမားစုရဲ ႔ မႏုိင္ဝန္ ထမ္းေနရတာကို ကူညီမွာ ျဖစ္တဲ့အတြက္ ဒီစက္ကရိယာကို ယခုကတည္းက အဲဒီအဖြဲ႔အစည္းေလးေတြမွာ တပ္ဆင္ေပးမယ္ဆိုရင္ ဦးစြာေတာ္ေတာ္ကုိ အဆင္ေျပမယ့္လုပ္ငန္း။ Second option လယ္သမားက Ready မျဖစ္ေသးဘူး။ သိပ္ပညာမတတ္ဘူး။ Maintenance မရိွဘူးဆိုရင္ Second option က အဂၤလိပ္လိုေတာ့ leverage ေပးလိုက္တဲ့ အရင္းအႏီွးတခ်ဳိ ႔ကို တုိးပြားေအာင္ လုပ္တာ။ ႏုိင္ငံေတာ္ ေပးလိုက္တဲ့ပစၥည္း - မ်ဳိးေစ့ေလးေတြ၊ ေျမၾသဇာဝယ္ၿပီး ေပးလိုက္တဲ့အခါ တခါတည္း လမ္းဆံုးသြားမယ့္အစား၊ ဒီ leverage ေခၚတဲ့ ႏုိင္ငံေတာ္ကေပးတဲ့ ပိုက္ဆံကို အတိုးအပြားျဖစ္ေအာင္ဆိုရင္ ဘယ္သူေတြက လုပ္တတ္သလဲဆိုရင္ Contract Farming ဆိုတဲ့ ႏုိင္ငံေတာ္မွာရိွတဲ့ Contract farming လုပ္ေနတဲ့ Myanmar’s Rice Federation ျမန္မာႏိုင္ငံဆန္စပါးအသင္းအဖြဲ႔ - ဧရာေရႊဝါလို အသင္းအဖြဲ႔ႀကီးေတြ အမ်ားႀကီးရိွတယ္။ Contract Farming က စနစ္က်ၿပီး၊ Data နဲ႔ စာရင္းဇယား ထင္သာျမင္သာ ရိွတယ္။ အင္ဂ်င္ထိန္းသိမ္းတာ၊ စက္ကရိယာ ကိုင္တြယ္တာကစလို႔ အက်ဳိးရိွေအာင္ လယ္သမားက ေျမနဲ႔လူပဲစိုက္၊ သူတို႔က စာရင္းဇယားနဲ႔ စိုက္ၿပီးေတာ့ ႏွစ္ဦးႏွစ္ဘက္ အက်ဳိးစီးပြား တိုးပြားေအာင္ လုပ္မယ္ဆိုရင္ ဒီေငြေတြက ေပ်ာက္ပ်က္မသြားဘူး။ သူတုိ႔ စိုးရိမ္စရာ မရိွဘူး။ သူတုိ႔ေပးတဲ့ေငြက ထင္သာျမင္သာ ရိွမယ္။ ေရရွည္ခံမယ္။

ဒါမွမဟုတ္ UNOPS ေခၚတဲ့ ကုလသမဂၢ အေထာက္အပံ့ Live Farm, USAID, JICA, ဆိုတဲ့ NGO ေတြ အရမ္းကို တုိင္းျပည္ကို ေထာက္ပံ့တယ္။ အဲဒီအဖြဲ႔အစည္းေတြနဲ႔ ေစာေစာက ကိုဗစ္ အေထာက္အပံ့ေတြ ေပါင္းစပ္ၿပီးေတာ့ အဲဒီက ပညာရွင္ေတြနဲ႔ ဘယ္လိုထင္သာျမင္သာ ရိွတဲ့၊ မေပ်ာက္ပ်က္၊ မပ်က္ဆီးတဲ့ ေရရွည္ခံတဲ့ စိုက္ပ်ဳိးကုန္ထုတ္ လုပ္ငန္းႀကီးတခုလံုးကို ေကာင္းေကာင္းလုပ္လုိ႔ရတယ္။

ေမး ။ ။ အစိုးရက ဘီလီယန္တစ္ရာ စိုက္ပ်ဳိးက႑အတြက္ ေပးမယ္ဆိုေတာ့ ဒီေနရာမွာ သူတုိ႔က အဓိက Home Garden လို႔ေခၚတဲ့ ဗမာလိုေတာ့ အိမ္ေနာက္ေဘး ေစ်းဆိုင္တည္တဲ့ အလုပ္ေပါ့။ ျမန္မာႏုိင္ငံမွာလုပ္ရင္ ေအာင္ျမင္ဖို႔လမ္း ရိွပါသလား။ အဲဒါေလး နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ လြတ္လပ္ေရးေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းက အိမ္ေနာက္ေဘး ေစ်းဆိုင္တည္။ သူကစၿပီး ဒီဟာကို လုပ္ခိုင္းတာ။ ဒါေပမဲ့ ဒီဟာကို ဘာျဖစ္လုိ႔ မလုပ္ၾကသလဲဆိုရင္ ေရအကန္႔အသတ္ ရိွတယ္။ စိုက္ပ်ဳိးေရကို အခ်ိန္မေရြး မရႏိုင္ဘူး။ စိုက္ပ်ဳိးေရရႏိုင္ဖို႔ကို စီမံေပးဖို႔ လိုတယ္။ ေနာက္ၿပီးေတာ့ လုပ္တဲ့လူေတြအတြက္ ေစ်းကြက္ - ထြက္လာတဲ့ ကုန္ပစၥည္းကို သူသူငါငါ ငရုတ္လုပ္မယ္။ ရံုပေတးသီးလုပ္မယ္။ ခ်ဥ္ေပါင္လုပ္မယ္။ အားလံုးက ဒါပဲလုပ္ၾကမွာ - ဘူး၊ ပဲ၊ ဖရံု၊ သခြါး - အားလံုးတၿပိဳင္တည္း ထြက္လာၿပီး ေတာင္ပံုယာပံု - စားတဲ့လူကလဲ အတိုင္းအတာတခုပဲ စားမွာ။ ဒါေတြကို က်ေနာ္တို႔ အင္းေလးမွာ ႀကံဳဖူးတယ္။ အင္းေလးမွာ ခရမ္းခ်ဥ္သီးေတြ တပံုတေခါင္း ျပည္တြင္းမွာ။ တရုတ္ျပည္ ပို႔လို႔မရေတာ့ တပံုတေခါင္းနဲ႔ ပုပ္သိုးပ်က္ဆီးသြားၾကတယ္။ ဒီလိုလုပ္ၿပီးေတာ့ အရာမေျမာက္တာေတြ။ ဒီလိုျဖစ္သြားမယ့္ဟာက ဘာလဲဆိုေတာ့ Value Chage - စၿပီးေတာ့ စိုက္ပ်ဳိးတာကေန ေစ်းကြက္အထိ အစီအမံ လိုအပ္တယ္။ အခုက ေစ်းကြက္ေတြက ျပင္ပမွာ ပိတ္ေနေတာ့ Border ေတြ ပိတ္ေနေတာ့ ထြက္လာတဲ့ဟာေတြကို ျပည္တြင္းကလူေတြ ဝေအာင္စားႏုိင္တယ္။ ဒါေပမဲ့ ေရရွည္မွာေတာ့ ထြက္လာတာကို က်ေနာ္တို႔က ႏုိင္ငံတကာလိုအပ္ခ်က္ Standard residual ေခၚတဲ့ အဆိပ္အေတာက္ကင္းတဲ့ သီးႏံွေတြနဲ႔ ထုတ္ႏုိင္မယ္ဆိုရင္ေတာ့ ေစ်းကြက္ရွာႏိုင္္မယ္ ဆိုရင္ေတာ့ ေတာ္ေတာ္ေကာင္းမယ့္၊ အလားအလာေကာင္းတဲ့ စိုက္ပ်ဳိးေရးထုတ္လုပ္ေရး လုပ္ငန္းတခုပါပဲ။

သို႔ေသာ္ ဒီဥစၥာကို ဘယ္သူက လုပ္မလဲ။ ေစ်းကြက္ေဖာ္ေဆာင္ေရးကို ဘယ္သူလုပ္မလဲဆိုရင္ေတာ့ ယေန႔ က်ေနာ့္ ေစ်းကြက္အေနအထားကို ၾကည့္လိုက္မယ္ဆိုရင္ အားရေက်နပ္စရာ မရိွဘူး။ သီးႏံွအားလံုးက Bilateral ေခၚတဲ့ ႏွစ္ဦးႏွစ္ဘက္ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ေစ်းကြက္မွာ မဟုတ္ရဘဲနဲ႔ သူတုိ႔ႀကိဳက္ရာေစ်းကို သူတုိ႔ေပးတဲ့ ေစ်းမွာ ယူေနရတဲ့ ေစ်းကြက္မွာ သြားေရာင္းဝယ္ေနရေတာ့ ဒီေစ်းကြက္ မေရမရာ၊ မေသခ်ာမႈေအာက္မွာ ဒီစိုက္ပ်ဳိးေရးက မတိုးတက္တာလဲ ရိွေနတယ္။ ေစ်းကြက္ကိုလဲ ေရနဲ႔ စက္ကရိယာ လိုသလို၊ ေစ်းကြက္ကလဲ အဓိကပဲ။ ဒီပစၥည္းေတြကို တြက္မယ့္ေစ်းကြက္ကိုလဲ ႏိုင္ငံေတာ္က အျပန္အလွန္ ကိုတာစနစ္မဟုတ္ဘူး။ သူတုိ႔ေပးသမွ်ကိုယူ၊ ေရာင္းရမယ့္စနစ္ထက္ အျပန္အလွန္ အခ်ိန္မေရြးကို အခ်ိန္နဲ႔ကိုက္ စိုက္ပ်ဳိးထုတ္လုပ္ႏုိင္တဲ့။ သူတုိ႔လိုခ်င္တဲ့ ပစၥည္းေတြကို က်ေနာ္တုိ႔က အခ်ိန္ကိုက္စိုက္ပ်ဳိးထုတ္လုပ္ႏို္င္မယ့္ စနစ္ မေရာက္မခ်င္း - အခုအထိ မေရာက္ေသးဘူး။ ဟိုေရွ ႔ႏွစ္ေပါင္းမ်ားစြာ (၅၀) ကေန ဒီေန႔အထိပဲ တရုတ္ျပည္နယ္စပ္မွာ ဟိုက တရုတ္စီးပြားေရးသမားေတြ ေပးသမွ်ယူၿပီးေတာ့ လုပ္ေနရတဲ့ အေနအထားကေန လြတ္မယ္။ အခုကေတာ့ လံုးဝပိတ္လိုက္တဲ့အတြက္ ပိုေတာင္ဆိုးပါေသးတယ္။

ေမး ။ ။ အိမ္ေနာက္ေဘးေစ်းဆိုင္တည္တဲ့ဟာေလးကို ဥပမာေပး နည္းနည္းေျပာျပပါ။ ဘယ္ႏိုင္ငံေတြမွာ လုပ္ေနသလဲဆိုတာ။

ေျဖ ။ ။ အဲဒါက အိႏိၵယႏုိ္င္ငံမွာ အိႏိၵယအစိုးရက ဒီအလုပ္ကို ေပးလုပ္ထားတာ ေတာ္ေတာ္ၾကာၿပီ။ အိႏိၵယႏုိင္ငံက ေခါင္းေဆာင္ေတြသည္ အေတာ္ကို ဦးေႏွာက္ေျပးတယ္။ သူတို႔အားလံုးကို ေရရေအာင္ လုပ္ေပးတယ္။ ဒီေလာက္ႀကီးမားတဲ့ ႏိုင္ငံႀကီးမွာ တျပည္လံုးကို ေရေရာက္တယ္။ ေရာက္ေတာ့ လူေတြက အိမ္ဝင္းထဲမွာ သီးႏံွေတြ စိုက္ပ်ဳိးၾကတယ္။ ေနာက္ စားသံုးတဲ့ Demand ကလဲ သူတုိ႔သည္ အားလံုးက ဟင္းသီးဟင္းရြက္ စားသံုးတဲ့ ျပည္သူျပည္သားေတြ ျဖစ္တဲ့အတြက္ သူတုိ႔ျပည္ထဲမွာကို အဆင္ေျပတယ္။ က်ေနာ္တို႔ဆီမွာက ဟင္းသီးဟင္းရြက္ စားတဲ့လူက သိပ္မရိွေတာ့ ပိုလွ်ံတဲ့ဟာေတြ Surplus ေတြကို ဘယ္လိုအက်ဳိးရိွေအာင္ ထုတ္ကုန္အေနနဲ႔ ဘယ္လိုလုပ္မလဲဆိုတာကိုပဲ အေရးႀကီးပါတယ္။

ေမး ။ ။ Home Garden က အိမ္ေနာက္ေဘး ေစ်းဆိုင္တည္တဲ့ သေဘာေပါ့။ Home Garden project နဲ႔ ထြက္လာတဲ့ ပိုလွ်ံတဲ့ပစၥည္းေတြကို ဘယ္လိုလုပ္ရင္ေကာင္းမလဲ။ အႀကံေပးပါအံုး။

ေျဖ ။ ။ ရွမ္းျပည္မွာ ကေလာ၊ ေအာင္ပန္း၊ ပင္းတယ - အဲဒီကေန ဆင္းသြားတယ္ဆိုရင္ မိုင္ေလးငါးရာေဝး၊ သံုးေလးရာေဝးမွာရိွတဲ့ ကေလာ-လိြဳင္ေကာ္အထိ --လမ္းမႀကီးအတိုင္း သြားမယ္ဆိုရင္ ေဂၚဖီခင္းေတြ - သူတို႔အားလံုးက ယေန႔ ရင့္မွည့္ရိတ္သိမ္းတဲ့အခါမွာ ေစ်းကြက္မရိွဘူး။ တရုတ္ေစ်းကြက္ ပိတ္လိုက္တဲ့အတြက္။ အခုေနာက္ပိုင္းမွာ သူလိုပဲ တန္းဖိုးရိွတဲ့ သီးႏံွ သရက္သီး။ က်ေနာ္တို႔ဆီက သရက္သီးက တစ္လံုးကို ငါးရာေလာက္ ရိွတယ္။ ရပ္ေစာက္၊ ဆီဆိုင္တုိ႔ ေတာင္ႀကီးပတ္လည္၊ ဟိုးပုန္ပတ္လည္ မ်က္စိတဆံုး သရက္ၿခံႀကီးေတြ မႏၱေလးပတ္ဝန္းက်င္ မတၱရာ၊ ေက်ာက္ဆည္၊ စဥ့္ကိုင္၊ ျမစ္သား - အဲဒီေနရာေတြမွာ သရက္ၿခံေတြ အျပည့္ပဲ။ ရင့္မွည့္ရိတ္သိမ္းၿပီ။ ဒါေပမဲ့ ဒီသရက္သီးေတြကို တရုတ္ျပည္က ေစ်းကြက္ပိတ္ထားတဲ့အတြက္ ဒီေန႔ သရက္သီးေတြကို ျပည္တြင္းပဲ လွည့္ေရာင္းရတယ္။ က်န္တဲ့ဟာေတြကေတာ့ ေလလႊင့္ဆံုးရႈံးသြားၾကတယ္။ ဖရဲ၊ သခြား ဒီအတိုင္းပါပဲ။ ခရမ္းခ်ဥ္ မၾကာခင္ လာေတာ့မယ္။ အားလူးေတြ ရွမ္းျပည္မွာ ရိတ္ေတာ့မယ္။ ဒီသီးႏံွေတြအားလံုးသည္ အထားမခံတဲ့ အသီးအႏံွေတြ ျဖစ္တဲ့အတြက္ ဒီအသီးအႏံွေတြ ရိတ္သိမ္းၿပီးေတာ့ ေစ်းကြက္မွာ အေျခမလွလို႔ရိွရင္ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ဘာလုပ္မလဲဆိုတာ အစိုးရတာဝန္ ျဖစ္သြားၿပီ။ အက်ဳိးရိွေအာင္ မစီမံေပးဘူး။ ဂ်ပန္က ဘယ္လိုစီမံသလဲ။ Prefecture ေခၚတဲ့ တိုင္းနဲ႔ျပည္နယ္ ေဒသတခုမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းရာေက်ာ္ကတည္းက အစုအဖြဲ႔ လယ္သမားေတြကို Task Force ေတြ ဖြဲ႔ၿပီးေတာ့ Cold Storage Facility တခုဆီ၊ Prefecture (၅၀) ဆိုလဲ အခု (၅၀) prefecture တိုင္းမွာ တစ္ခုဆီ ေဆာက္ေပးတဲ့အတြက္ လယ္သမားအေနနဲ႔ အခ်ိန္မေရြး ထြက္လာတဲ့ အသီးအႏံွေတြ - က်ေနာ္တို႔ေျပာေနတဲ့ ထြက္သမွ်ကို အဲဒီဌာနေတြက သိမ္းဆည္း၊ ထုပ္ပိုး၊ သန္႔စင္ Grading ခြဲၿပီးေတာ့ ေစ်းကြက္အေရာက္ပို႔တယ္။ ဒီအစိုးရက ေဆာက္ေပးတဲ့ သမာဝါယမေကာ္မတီေလးက ဦးစီးၿပီး လုပ္ေပးတယ္။ ဒါက ဂ်ပန္အစိုးရက အေဆာက္အဦး ေဆာက္လုပ္ေပးတာ။

အေဆာက္အဦး မေဆာက္လုပ္တဲ့ က်ေနာ္တို႔က ဘာလုပ္မလဲ။ အဲဒီေလာက္ မကုန္ေပမယ့္ အျခားအကုန္နည္းတဲ့ Old Facility – Inlet / Outlet ေလာက္ရိွတဲ့ Air-conditioner ေတြကို တခုက သီးႏံွခင္းတဲ့ ၾကမ္းခင္းကေန Inlet တခု သြင္းေပးမယ္။ ဂိုေထာင္ရဲ ႔အလယ္ကေန Outlet နဲ႔ ထြက္မယ္။ ဒီလို Cold Storage ေတြ အမ်ားႀကီးလုပ္ႏိုင္တယ္။ Cold Storage ေတြ မလုပ္ႏုိင္ဘူး၊ Volume က မ်ားမယ္ဆိုရင္ အေျခာက္ခံမယ္။ အေျခာက္ခံၿပီးေတာ့ အေျခာက္ခံပစၥည္းေတြကို က်ေနာ္တို႔က ဘယ္လို Packing လုပ္၊ ဘယ္ေစ်းကြက္ကို သြားမလဲဆိုတာကို စဥ္းစားမယ္။ တတိယနည္းကေတာ့ Juice ျဖစ္ႏိုင္တဲ့ သရက္သီး၊ ခရမ္းခ်ဥ္ေတြကိုေတာ့ တခါတည္း သရက္သီးဆိုရင္ အႏွစ္ထုတ္ၿပီးေတာ့ ေဖ်ာ္ရည္ထုတ္လို႔ရတယ္။ ပိုးသတ္ေဆးေတြ ဘာေတြသန္႔စင္ၿပီးေတာ့ လုပ္ႏုိင္မယ္ဆိုရင္ေတာ့ ရမယ္။ ခရမ္းခ်ဥ္သီးေတြကိုလဲ အလားတူ ျပဳပ္ၿပီးေတာ့ Ketchup ခရမ္းခ်ဥ္ Sauce လုပ္ၿပီးေတာ့ ႏုိင္ငံတကာပို႔ႏိုင္တယ္။ ဒါက ေျပာတာပဲ ရိွတယ္။ တကယ္လုပ္မယ္ဆိုရင္ လုပ္မယ့္လူ မရိွဘူး။

ပဲက ဆယ့္တစ္သန္းေလာက္ စိုက္တယ္။ ဆီထြက္သီးႏံွက ဆယ့္ေလးငါးသန္းေလာက္ စိုက္တယ္။ အားလံုး (၂၅) သန္းေလာက္ စိုက္တယ္။ ဒီေလာက္စိုက္တဲ့ ပဲသီးႏံွေတြကို အေမရိကန္ေစ်းကြက္ေတြမွာ သြားၾကည့္လို႔ရိွရင္ ဆင္းရဲသားလယ္သမား အကုန္လံုး ဝယ္စားလို႔ရတယ္။ Tin ဘူးေလးေတြနဲ႔ ျပဳပ္ၿပီးေတာ့ေရာင္းတာ။ ဒါမ်ဳိးေတြေပါ့။ ဒီမွာ ပဲရႈံးၿပီးဆိုရင္ လက္ပိုက္ခံရတယ္။ အဲဒါလိုမ်ဳိး ကုန္စည္ေတြကို အခုေနာက္ပိုင္းမွာ လူတုိင္းေျပာေနတဲ့ ဒီေန႔အထိ ေျပာလို႔မဆံုးႏုိင္ပါဘူး Value Added တကယ္တမ္း အခုလို အက်ဥ္းအက်ပ္ထဲမွာဆိုရင္ ဘယ္သူမွ ကယ္မယ့္သူ မရိွတဲ့ အေနအထား ျဖစ္ေနတယ္။

==Unicode==

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် ကိုဗစ်ကာလမှာ ချထားပေးမယ့် ထောက်ပံ့ငွေနဲ့ လယ်ယာလုပ်သားတွေကို စက်ပစ္စည်း ကရိယာတွေ တပ်ဆင်ပေးသင့်တယ်လို့ စိုက်ပျိုးရေး ပညာရှင် ဒေါက်တာထွန်းဝင်းက အကြံပြုပါတယ်။ ဘယ်လိုလုပ်ငန်းတွေမှာ၊ ဘယ်လိုပုံစံနဲ့ တပ်ဆင်ပေး နိုင်ပါသလဲ။

မေး ။ ။ မြန်မာနိုင်ငံစိုက်ပျိုးရေးကို စက်ပစ္စည်းကရိယာတွေနဲ့ ပံ့ပိုးပေးဖို့ လိုတယ်ဆိုတော့ ကြီးကြီးမားမား မစဉ်းစားဘဲနဲ့ တနိုင်တပိုင်ကို ဘယ်လိုစက်ပစ္စည်းတွေကို၊ ဘယ်လိုပုံစံနဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် ပံ့ပိုးပေးလို့ ရပါသလဲ၊ ဆရာ။

ဖြေ ။ ။ ကြည့်လိုက်လို့ရှိရင် စက်ပစ္စည်းဆိုရင် လန့်သွားကြတယ်။ ဘယ်လောက်ကုန်မလဲ။ ဘယ်လောက်များကျမလဲပေါ့။ အတိုင်းအတာတခုအနေနဲ့ သိန်း (၃၀) ဆိုရင် ထွန်းစက်ကလေးတစီးလောက် ဝယ်လို့ရတယ်။ သိန်း (၃၀) လောက် ကုန်မယ်ဆိုရင် Dryer လေးတွေ ဝယ်လို့ရတယ်။ Dryer ဆိုတဲ့ အခြောက်ခံစက်လည်း လိုတယ်။ ရာသီဥတုက မမှန်တော့၊ ရာသီဥတုက အဆိုးမရတော့ ရိတ်သိမ်းချိန်၊ စိုက်ပျိုးချိန်မှာ မိုးခေါင်းသွားမယ်။ ရိတ်သိမ်းချိန်မှာ မိုးတွေရွာလာမယ်။ အဲဒီမှာ ဒုက္ခရောက်ကြတယ်။ စိုက်ပျိုးချိန်မှာ ရေလိုမယ်ဆိုရင် ရေပေးစက်တွေနဲ့ မြေအောက်ရေတွေကို စက်ကရိယာတွေနဲ့ တင်ပေးလိုက်။ ရိတ်သိမ်းချိန်မှာ မိုးရွာမယ်ဆိုရင် မိုးမရွာခင်မှာ စက်ကရိယာနဲ့ မြန်မြန်ရိတ်သိမ်း၊ ချွေလဲှလိုက်၊ ဒီကိစ္စတွေက ရာသီဥတုကိုလည်း ကျနော်တို့ ဆိုးရွာတဲ့ရာသီဥတုကို ရှောင်တာလဲရောက်တယ်။ နောက် အလုပ်သမားတွေ ရှားတဲ့ဟာကိုလဲ ဖြေရှင်းရာရောက်တယ်။ ဘယ်လောက် ကုန်မလဲဆိုတော့ ကုန်တယ်။

လယ်သမားကတော့ ကြွေးထူနေတဲ့ လယ်သမား။ လယ်သမားကိုသွားပြီးတော့ ဒါကိုလုပ်မယ်ဆိုရင် စိတ်ကူးရင်ဆန်တယ်လို့ ပြောလိမ့်မယ်။ ဒါပေမဲ့ လယ်သမားတယောက် မနိုင်ရင်၊ အုပ်စုလိုက်လယ်သမား Task Force စိတ်ဝင်စားတဲ့ လယ်သမားအဖွဲ့အစည်း ဖွဲ့လိုက်ပြီးတော့ အဖွဲ့အစည်းကို နိုင်ငံတော်က အဖွဲ့အစည်းကို မူတည်ပြီးတော့ - ဂျပန်မှာလည်း ဒီလိုပဲလုပ်တယ်။ အခုနပြောခဲ့တဲ့ ဂျပန်မှာ Core Facilities တွေသည် ဒေသတခုမှာ တစ်ခုပဲ ဆောက်ပေးတယ်။ နောက် လယ်သမားအဖွဲ့အစည်းက ထိန်းသိမ်းတယ်။ လယ်သမားအဖွဲ့အစည်းက အားလုံးလယ်သမားတွေ လာသမျှ ကုန်ပစ္စည်းတွေကို ဆေးကြောသန့်စင်၊ ထုတ်ပိုးပြီးတော့ သိမ်းပေးတယ်။ ဒီလို Honesty, Loyalty တိုင်းပြည်ချစ်တဲ့ စိတ်ကလေးတွေရှိတဲ့ တောင်သူလယ်သမားတွေ အများကြီး ရှိပါတယ်။ အဲဒီလို အဖွဲ့အစည်းတွေ ဖွဲ့စည်းမယ်။ ထင်ရှားမြင်သာတဲ့ အဖွဲ့ကတော့ Water User Group အတော်ကလေး ထင်ရှားတယ်။ သူတို့က ရေရရှိရေးအတွက် နယ်မှာ အစုအဖွဲ့လေးတွေက စုဖွဲ့ပြီးတော့ လုပ်တာ။ အဲဒီလို အဖွဲ့ကလေးတွေ ထင်ရှားတယ်။ ကောင်းတယ်။ အဲဒီလိုမျိုး လယ်သမားအစုအဖွဲ့ကို ဒီစက်ပစ္စည်းတွေ တပ်ဆင်ပေးလိုက်မယ်။

သိန်းအများဆုံးတန် ဆရာမပြောတာကို တွက်ကြည့်မယ်ဆိုရင် သိန်း (၄၀၀-၅၀၀) အပြင် မရှိဘူး။ အသေးစားလုပ်ငန်း - သိန်း (၄၀၀-၅၀၀) ဆိုတာ ဘာရှိမှာလဲ။ အခုဆိုရင် နိုင်ငံတော်က ပံ့ပိုးမှာ သန်းပေါင်း တစ်ရာ ဘီလီယံ (hundred billions) ကို ခွဲဝေပေးဖို့ဆိုတော့ အစိုးရအနေနဲ့ မျိုးစေ့လေးတွေ ပေးပြီးတော့ Home Garden လေးတွေ တည်ထောင်ဖို့ လုပ်တာပေါ့။ ဒါကိုလဲ ကျနော်ထောက်ခံတယ်။ ဒါလဲ လိုအပ်တယ်။ လယ်သမားတွေအနေနဲ့ ဘယ်မှမသွားရဘဲ၊ အိမ်ထဲမှာ ကိုယ့်အိမ်ခြံလေးတွေ လုပ်ပြီးတော့ Home Garden လေးတွေနဲ့ စိုက်ပျိုးစားမယ်ဆိုရင် အဆင်ပြေမယ်။ ကိုယ့်အိမ်လည်း အဆင်ပြေမယ်။ တခြားလဲ သွားမဝယ်ရဘူး။ ထွက်လာမယ့်ဟာတွေကို ဘယ်လိုလုပ်ကိုင်မလဲဆိုတာတော့ Nobody knows ဘယ်သူမှ မသိသေးဘူး။ ဒါပေမဲ့ အဲဒါလဲပေး။ အဲဒါပေးတာက သိပ်လဲကုန်ကျမှာ မဟုတ်ဘူး။ ဒီမျိုးစေ့လေးတွေပေးတာ ဒီရာသီပဲ စိုက်လို့အဆင်ပြေသွားမယ်။

တကယ်လို့ စက်တွေသာ ဆင်ပေးလိုက်မယ်ဆိုရင် ဒီစက်ကရိယာတွေကို ထိန်းသိမ်းသည့်ကာလအလျောက်၊ ကိုင်တွယ်တဲ့လူရဲ့ အကျိုးရှိသလျောက် ရေရှည်မှာ ဒီလယ်သမားစုရဲ့ မနိုင်ဝန် ထမ်းနေရတာကို ကူညီမှာ ဖြစ်တဲ့အတွက် ဒီစက်ကရိယာကို ယခုကတည်းက အဲဒီအဖွဲ့အစည်းလေးတွေမှာ တပ်ဆင်ပေးမယ်ဆိုရင် ဦးစွာတော်တော်ကို အဆင်ပြေမယ့်လုပ်ငန်း။ Second option လယ်သမားက Ready မဖြစ်သေးဘူး။ သိပ်ပညာမတတ်ဘူး။ Maintenance မရှိဘူးဆိုရင် Second option က အင်္ဂလိပ်လိုတော့ leverage ပေးလိုက်တဲ့ အရင်းအနှီးတချို့ကို တိုးပွားအောင် လုပ်တာ။ နိုင်ငံတော် ပေးလိုက်တဲ့ပစ္စည်း - မျိုးစေ့လေးတွေ၊ မြေသြဇာဝယ်ပြီး ပေးလိုက်တဲ့အခါ တခါတည်း လမ်းဆုံးသွားမယ့်အစား၊ ဒီ leverage ခေါ်တဲ့ နိုင်ငံတော်ကပေးတဲ့ ပိုက်ဆံကို အတိုးအပွားဖြစ်အောင်ဆိုရင် ဘယ်သူတွေက လုပ်တတ်သလဲဆိုရင် Contract Farming ဆိုတဲ့ နိုင်ငံတော်မှာရှိတဲ့ Contract farming လုပ်နေတဲ့ Myanmar’s Rice Federation မြန်မာနိုင်ငံဆန်စပါးအသင်းအဖွဲ့ - ဧရာရွှေဝါလို အသင်းအဖွဲ့ကြီးတွေ အများကြီးရှိတယ်။ Contract Farming က စနစ်ကျပြီး၊ Data နဲ့ စာရင်းဇယား ထင်သာမြင်သာ ရှိတယ်။ အင်ဂျင်ထိန်းသိမ်းတာ၊ စက်ကရိယာ ကိုင်တွယ်တာကစလို့ အကျိုးရှိအောင် လယ်သမားက မြေနဲ့လူပဲစိုက်၊ သူတို့က စာရင်းဇယားနဲ့ စိုက်ပြီးတော့ နှစ်ဦးနှစ်ဘက် အကျိုးစီးပွား တိုးပွားအောင် လုပ်မယ်ဆိုရင် ဒီငွေတွေက ပျောက်ပျက်မသွားဘူး။ သူတို့ စိုးရိမ်စရာ မရှိဘူး။ သူတို့ပေးတဲ့ငွေက ထင်သာမြင်သာ ရှိမယ်။ ရေရှည်ခံမယ်။

ဒါမှမဟုတ် UNOPS ခေါ်တဲ့ ကုလသမဂ္ဂ အထောက်အပံ့ Live Farm, USAID, JICA, ဆိုတဲ့ NGO တွေ အရမ်းကို တိုင်းပြည်ကို ထောက်ပံ့တယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့ စောစောက ကိုဗစ် အထောက်အပံ့တွေ ပေါင်းစပ်ပြီးတော့ အဲဒီက ပညာရှင်တွေနဲ့ ဘယ်လိုထင်သာမြင်သာ ရှိတဲ့၊ မပျောက်ပျက်၊ မပျက်ဆီးတဲ့ ရေရှည်ခံတဲ့ စိုက်ပျိုးကုန်ထုတ် လုပ်ငန်းကြီးတခုလုံးကို ကောင်းကောင်းလုပ်လို့ရတယ်။

မေး ။ ။ အစိုးရက ဘီလီယန်တစ်ရာ စိုက်ပျိုးကဏ္ဍအတွက် ပေးမယ်ဆိုတော့ ဒီနေရာမှာ သူတို့က အဓိက Home Garden လို့ခေါ်တဲ့ ဗမာလိုတော့ အိမ်နောက်ဘေး ဈေးဆိုင်တည်တဲ့ အလုပ်ပေါ့။ မြန်မာနိုင်ငံမှာလုပ်ရင် အောင်မြင်ဖို့လမ်း ရှိပါသလား။ အဲဒါလေး နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အိမ်နောက်ဘေး ဈေးဆိုင်တည်။ သူကစပြီး ဒီဟာကို လုပ်ခိုင်းတာ။ ဒါပေမဲ့ ဒီဟာကို ဘာဖြစ်လို့ မလုပ်ကြသလဲဆိုရင် ရေအကန့်အသတ် ရှိတယ်။ စိုက်ပျိုးရေကို အချိန်မရွေး မရနိုင်ဘူး။ စိုက်ပျိုးရေရနိုင်ဖို့ကို စီမံပေးဖို့ လိုတယ်။ နောက်ပြီးတော့ လုပ်တဲ့လူတွေအတွက် ဈေးကွက် - ထွက်လာတဲ့ ကုန်ပစ္စည်းကို သူသူငါငါ ငရုတ်လုပ်မယ်။ ရုံပတေးသီးလုပ်မယ်။ ချဉ်ပေါင်လုပ်မယ်။ အားလုံးက ဒါပဲလုပ်ကြမှာ - ဘူး၊ ပဲ၊ ဖရုံ၊ သခွါး - အားလုံးတပြိုင်တည်း ထွက်လာပြီး တောင်ပုံယာပုံ - စားတဲ့လူကလဲ အတိုင်းအတာတခုပဲ စားမှာ။ ဒါတွေကို ကျနော်တို့ အင်းလေးမှာ ကြုံဖူးတယ်။ အင်းလေးမှာ ခရမ်းချဉ်သီးတွေ တပုံတခေါင်း ပြည်တွင်းမှာ။ တရုတ်ပြည် ပို့လို့မရတော့ တပုံတခေါင်းနဲ့ ပုပ်သိုးပျက်ဆီးသွားကြတယ်။ ဒီလိုလုပ်ပြီးတော့ အရာမမြောက်တာတွေ။ ဒီလိုဖြစ်သွားမယ့်ဟာက ဘာလဲဆိုတော့ Value Chage - စပြီးတော့ စိုက်ပျိုးတာကနေ ဈေးကွက်အထိ အစီအမံ လိုအပ်တယ်။ အခုက ဈေးကွက်တွေက ပြင်ပမှာ ပိတ်နေတော့ Border တွေ ပိတ်နေတော့ ထွက်လာတဲ့ဟာတွေကို ပြည်တွင်းကလူတွေ ဝအောင်စားနိုင်တယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ထွက်လာတာကို ကျနော်တို့က နိုင်ငံတကာလိုအပ်ချက် Standard residual ခေါ်တဲ့ အဆိပ်အတောက်ကင်းတဲ့ သီးနံှတွေနဲ့ ထုတ်နိုင်မယ်ဆိုရင်တော့ ဈေးကွက်ရှာနိုင်မယ် ဆိုရင်တော့ တော်တော်ကောင်းမယ့်၊ အလားအလာကောင်းတဲ့ စိုက်ပျိုးရေးထုတ်လုပ်ရေး လုပ်ငန်းတခုပါပဲ။

သို့သော် ဒီဥစ္စာကို ဘယ်သူက လုပ်မလဲ။ ဈေးကွက်ဖော်ဆောင်ရေးကို ဘယ်သူလုပ်မလဲဆိုရင်တော့ ယနေ့ ကျနော့် ဈေးကွက်အနေအထားကို ကြည့်လိုက်မယ်ဆိုရင် အားရကျေနပ်စရာ မရှိဘူး။ သီးနံှအားလုံးက Bilateral ခေါ်တဲ့ နှစ်ဦးနှစ်ဘက် စာချုပ်ချုပ်ထားတဲ့ ဈေးကွက်မှာ မဟုတ်ရဘဲနဲ့ သူတို့ကြိုက်ရာဈေးကို သူတို့ပေးတဲ့ ဈေးမှာ ယူနေရတဲ့ ဈေးကွက်မှာ သွားရောင်းဝယ်နေရတော့ ဒီဈေးကွက် မရေမရာ၊ မသေချာမှုအောက်မှာ ဒီစိုက်ပျိုးရေးက မတိုးတက်တာလဲ ရှိနေတယ်။ ဈေးကွက်ကိုလဲ ရေနဲ့ စက်ကရိယာ လိုသလို၊ ဈေးကွက်ကလဲ အဓိကပဲ။ ဒီပစ္စည်းတွေကို တွက်မယ့်ဈေးကွက်ကိုလဲ နိုင်ငံတော်က အပြန်အလှန် ကိုတာစနစ်မဟုတ်ဘူး။ သူတို့ပေးသမျှကိုယူ၊ ရောင်းရမယ့်စနစ်ထက် အပြန်အလှန် အချိန်မရွေးကို အချိန်နဲ့ကိုက် စိုက်ပျိုးထုတ်လုပ်နိုင်တဲ့။ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ကျနော်တို့က အချိန်ကိုက်စိုက်ပျိုးထုတ်လုပ်နိုင်မယ့် စနစ် မရောက်မချင်း - အခုအထိ မရောက်သေးဘူး။ ဟိုရှေ့နှစ်ပေါင်းများစွာ (၅၀) ကနေ ဒီနေ့အထိပဲ တရုတ်ပြည်နယ်စပ်မှာ ဟိုက တရုတ်စီးပွားရေးသမားတွေ ပေးသမျှယူပြီးတော့ လုပ်နေရတဲ့ အနေအထားကနေ လွတ်မယ်။ အခုကတော့ လုံးဝပိတ်လိုက်တဲ့အတွက် ပိုတောင်ဆိုးပါသေးတယ်။

မေး ။ ။ အိမ်နောက်ဘေးဈေးဆိုင်တည်တဲ့ဟာလေးကို ဥပမာပေး နည်းနည်းပြောပြပါ။ ဘယ်နိုင်ငံတွေမှာ လုပ်နေသလဲဆိုတာ။

ဖြေ ။ ။ အဲဒါက အိန္ဒိယနိုင်ငံမှာ အိန္ဒိယအစိုးရက ဒီအလုပ်ကို ပေးလုပ်ထားတာ တော်တော်ကြာပြီ။ အိန္ဒိယနိုင်ငံက ခေါင်းဆောင်တွေသည် အတော်ကို ဦးနှောက်ပြေးတယ်။ သူတို့အားလုံးကို ရေရအောင် လုပ်ပေးတယ်။ ဒီလောက်ကြီးမားတဲ့ နိုင်ငံကြီးမှာ တပြည်လုံးကို ရေရောက်တယ်။ ရောက်တော့ လူတွေက အိမ်ဝင်းထဲမှာ သီးနံှတွေ စိုက်ပျိုးကြတယ်။ နောက် စားသုံးတဲ့ Demand ကလဲ သူတို့သည် အားလုံးက ဟင်းသီးဟင်းရွက် စားသုံးတဲ့ ပြည်သူပြည်သားတွေ ဖြစ်တဲ့အတွက် သူတို့ပြည်ထဲမှာကို အဆင်ပြေတယ်။ ကျနော်တို့ဆီမှာက ဟင်းသီးဟင်းရွက် စားတဲ့လူက သိပ်မရှိတော့ ပိုလျှံတဲ့ဟာတွေ Surplus တွေကို ဘယ်လိုအကျိုးရှိအောင် ထုတ်ကုန်အနေနဲ့ ဘယ်လိုလုပ်မလဲဆိုတာကိုပဲ အရေးကြီးပါတယ်။

မေး ။ ။ Home Garden က အိမ်နောက်ဘေး ဈေးဆိုင်တည်တဲ့ သဘောပေါ့။ Home Garden project နဲ့ ထွက်လာတဲ့ ပိုလျှံတဲ့ပစ္စည်းတွေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အကြံပေးပါအုံး။

ဖြေ ။ ။ ရှမ်းပြည်မှာ ကလော၊ အောင်ပန်း၊ ပင်းတယ - အဲဒီကနေ ဆင်းသွားတယ်ဆိုရင် မိုင်လေးငါးရာဝေး၊ သုံးလေးရာဝေးမှာရှိတဲ့ ကလော-လွိုင်ကော်အထိ --လမ်းမကြီးအတိုင်း သွားမယ်ဆိုရင် ဂေါ်ဖီခင်းတွေ - သူတို့အားလုံးက ယနေ့ ရင့်မှည့်ရိတ်သိမ်းတဲ့အခါမှာ ဈေးကွက်မရှိဘူး။ တရုတ်ဈေးကွက် ပိတ်လိုက်တဲ့အတွက်။ အခုနောက်ပိုင်းမှာ သူလိုပဲ တန်းဖိုးရှိတဲ့ သီးနံှ သရက်သီး။ ကျနော်တို့ဆီက သရက်သီးက တစ်လုံးကို ငါးရာလောက် ရှိတယ်။ ရပ်စောက်၊ ဆီဆိုင်တို့ တောင်ကြီးပတ်လည်၊ ဟိုးပုန်ပတ်လည် မျက်စိတဆုံး သရက်ခြံကြီးတွေ မန္တလေးပတ်ဝန်းကျင် မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား - အဲဒီနေရာတွေမှာ သရက်ခြံတွေ အပြည့်ပဲ။ ရင့်မှည့်ရိတ်သိမ်းပြီ။ ဒါပေမဲ့ ဒီသရက်သီးတွေကို တရုတ်ပြည်က ဈေးကွက်ပိတ်ထားတဲ့အတွက် ဒီနေ့ သရက်သီးတွေကို ပြည်တွင်းပဲ လှည့်ရောင်းရတယ်။ ကျန်တဲ့ဟာတွေကတော့ လေလွှင့်ဆုံးရှုံးသွားကြတယ်။ ဖရဲ၊ သခွား ဒီအတိုင်းပါပဲ။ ခရမ်းချဉ် မကြာခင် လာတော့မယ်။ အားလူးတွေ ရှမ်းပြည်မှာ ရိတ်တော့မယ်။ ဒီသီးနံှတွေအားလုံးသည် အထားမခံတဲ့ အသီးအနံှတွေ ဖြစ်တဲ့အတွက် ဒီအသီးအနံှတွေ ရိတ်သိမ်းပြီးတော့ ဈေးကွက်မှာ အခြေမလှလို့ရှိရင် နိုင်ငံတော်အစိုးရအနေနဲ့ ဘာလုပ်မလဲဆိုတာ အစိုးရတာဝန် ဖြစ်သွားပြီ။ အကျိုးရှိအောင် မစီမံပေးဘူး။ ဂျပန်က ဘယ်လိုစီမံသလဲ။ Prefecture ခေါ်တဲ့ တိုင်းနဲ့ပြည်နယ် ဒေသတခုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်ကတည်းက အစုအဖွဲ့ လယ်သမားတွေကို Task Force တွေ ဖွဲ့ပြီးတော့ Cold Storage Facility တခုဆီ၊ Prefecture (၅၀) ဆိုလဲ အခု (၅၀) prefecture တိုင်းမှာ တစ်ခုဆီ ဆောက်ပေးတဲ့အတွက် လယ်သမားအနေနဲ့ အချိန်မရွေး ထွက်လာတဲ့ အသီးအနံှတွေ - ကျနော်တို့ပြောနေတဲ့ ထွက်သမျှကို အဲဒီဌာနတွေက သိမ်းဆည်း၊ ထုပ်ပိုး၊ သန့်စင် Grading ခွဲပြီးတော့ ဈေးကွက်အရောက်ပို့တယ်။ ဒီအစိုးရက ဆောက်ပေးတဲ့ သမာဝါယမကော်မတီလေးက ဦးစီးပြီး လုပ်ပေးတယ်။ ဒါက ဂျပန်အစိုးရက အဆောက်အဦး ဆောက်လုပ်ပေးတာ။

အဆောက်အဦး မဆောက်လုပ်တဲ့ ကျနော်တို့က ဘာလုပ်မလဲ။ အဲဒီလောက် မကုန်ပေမယ့် အခြားအကုန်နည်းတဲ့ Old Facility – Inlet / Outlet လောက်ရှိတဲ့ Air-conditioner တွေကို တခုက သီးနံှခင်းတဲ့ ကြမ်းခင်းကနေ Inlet တခု သွင်းပေးမယ်။ ဂိုထောင်ရဲ့အလယ်ကနေ Outlet နဲ့ ထွက်မယ်။ ဒီလို Cold Storage တွေ အများကြီးလုပ်နိုင်တယ်။ Cold Storage တွေ မလုပ်နိုင်ဘူး၊ Volume က များမယ်ဆိုရင် အခြောက်ခံမယ်။ အခြောက်ခံပြီးတော့ အခြောက်ခံပစ္စည်းတွေကို ကျနော်တို့က ဘယ်လို Packing လုပ်၊ ဘယ်ဈေးကွက်ကို သွားမလဲဆိုတာကို စဉ်းစားမယ်။ တတိယနည်းကတော့ Juice ဖြစ်နိုင်တဲ့ သရက်သီး၊ ခရမ်းချဉ်တွေကိုတော့ တခါတည်း သရက်သီးဆိုရင် အနှစ်ထုတ်ပြီးတော့ ဖျော်ရည်ထုတ်လို့ရတယ်။ ပိုးသတ်ဆေးတွေ ဘာတွေသန့်စင်ပြီးတော့ လုပ်နိုင်မယ်ဆိုရင်တော့ ရမယ်။ ခရမ်းချဉ်သီးတွေကိုလဲ အလားတူ ပြုပ်ပြီးတော့ Ketchup ခရမ်းချဉ် Sauce လုပ်ပြီးတော့ နိုင်ငံတကာပို့နိုင်တယ်။ ဒါက ပြောတာပဲ ရှိတယ်။ တကယ်လုပ်မယ်ဆိုရင် လုပ်မယ့်လူ မရှိဘူး။

ပဲက ဆယ့်တစ်သန်းလောက် စိုက်တယ်။ ဆီထွက်သီးနံှက ဆယ့်လေးငါးသန်းလောက် စိုက်တယ်။ အားလုံး (၂၅) သန်းလောက် စိုက်တယ်။ ဒီလောက်စိုက်တဲ့ ပဲသီးနံှတွေကို အမေရိကန်ဈေးကွက်တွေမှာ သွားကြည့်လို့ရှိရင် ဆင်းရဲသားလယ်သမား အကုန်လုံး ဝယ်စားလို့ရတယ်။ Tin ဘူးလေးတွေနဲ့ ပြုပ်ပြီးတော့ရောင်းတာ။ ဒါမျိုးတွေပေါ့။ ဒီမှာ ပဲရှုံးပြီးဆိုရင် လက်ပိုက်ခံရတယ်။ အဲဒါလိုမျိုး ကုန်စည်တွေကို အခုနောက်ပိုင်းမှာ လူတိုင်းပြောနေတဲ့ ဒီနေ့အထိ ပြောလို့မဆုံးနိုင်ပါဘူး Value Added တကယ်တမ်း အခုလို အကျဉ်းအကျပ်ထဲမှာဆိုရင် ဘယ်သူမှ ကယ်မယ့်သူ မရှိတဲ့ အနေအထား ဖြစ်နေတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG